Saturday 3 October 2015

လောကသားတို့အတွက် စံနမူနာ (For example in the world)


 “ အို   .. .  ”
 “ ခေါင်းပါးသောအကျင့်ကိုကျင့်လျှက် ကိလေသာကို ဆေးကြောနေသော
အရှင်ရသေ့  ..  ။ ”  “သင်အလိုရှိသော ဆုကို တောင်းဆိုလော ” “ ငါသည်
နတ်တို့သေနင်းသိကြားမင်းစင်စစ်ဖြစ်ပေသည်။”

 “ သြော်  ..  ” 
 “ တန်ခိုးဣဒ္ဓိပါဒ်တို့ဖြင့် ပြည့်စုံသောသိကြားမင်း”
 “ သင်အကယ်၍ ငါတောင်းတဲ့ဆုကို ပေးနိုင်သည်ဆိုလျှင် အခုပင်ပေးပါလော့”
 “ ငါသည် အခြားသော ဆုတို့ကို အလိုမရှိ ”
 “ သင့်ကဲ့သို့သော နတ်ပြည်ခြောက်ထပ်ကိုအစိုးရသော သိကြားမင်းကို ငါအခုပင်
မတွေ့မမြင်လိုသောဆုကိုသလာ လိုချင်ပါတယ်”           

 “ အို  ..  အံသြလိုက်ပါဘိ ရသေ့မြတ်”
 “ မဖြစ်စဖူး ထူးကဲလှပါပေ၏ ”
 “ ဤ ကမ္ဘာလောကသည် သင်ရသေ့မြတ်၏ စကားတော်ကြောင့် တုန်လှုပ်ဖွယ်ရှိပါ၏”
  “ အို  . . အရှင်ရသေ့မြတ် ”
 “ လောကနေ သတ္တဝါ တို့သည် ကာမဂုံစည်းစိမ်အဖုံဖုံကိုအလိုရှိကြ၏”
 “ ရှိသည့်အလျှောက် မအပ်သော ဘုရားဖျက်၊ ကျောင်းဖျက်၊ သံဃာသတ်
စသော မဟာအကုသိုလ်ကြီးတွေကို လုပ်ဆောင်ကြသည့် မိစ္ဆာတို့သည်ပေါများပါလှပါ၏ ”
  “ ခိုး ဆိုးလုရက် ၊ တိုင်းသူပြည်သားတို့အား နိုင့်ထက်ကလူပြုကြကုန်၏”
 “ အရှင်ရသေ့မြတ်သည်” ထိုလောကသားတို့ တောင့်တသောရွှေမြေ ကျေးကျွန်
  ဒေါ်လာ 11 ဘီလျှပေါင်း ပေါင်းများစွာတို့ဖြင့် ခံစားနိုင်သော မင်းဧကရာဇ်ဆုမျိုးကို
မတောင်းတဘဲ ”   “ အရှင်ရသေ့အား အရှင်ရသေ့ အလိုရှိသလောက်ပေးကမ်းနိုင်
သော ကျေးဇူးတင်ထိုက်သော အကျွနုပ်သိကြားမင်းအား  အဘယ့်ကြောင့်
မောင်းထုတ်ရသနည်း”

 “ ဟုတ်ပါတယ် သိကြားမင်းကြီး”
 “ သင့်အား ကိလေသာကိုအလိုရှိကြသော သူတို့သာ သင်ဖန်ဆင်းနိုင်သည်ကို
လိုချင်ကြပေလိမ့်မည်” “ ငါကတော့ ကိလေသာကို မတောင့်တ ၊ ယင်းကိလေ
သာကို တိုးပွားစေတက်သော သင့်ကိုပင်လျှင် ငါမြင်ချင် ”
 “ ဒါ့ကြောင့် အသင်သိကြားမင်း ”
  “ သင်အား ငါတောင်းပန်ပါ၏ ”
  “ ငါ တရားအားထုတ်သော နေရာသို့ ဒီနေ့မှစ၍ ဘယ်တော့မှမလာပါနှင့်”

 ရသေ့မြတ်၏ စကားအဆုံးတွင် ၊ လောကကိုအစိုးရသော နတ်တို့ရဲအသျှင်သခင်
သိကြားမင်းကြီးသည် ထူးမြတ်သော အကျင့်ကို ကျင့်၍နေသော ရသေ့မြတ်အား
ရိုသေစွာလက်အုပ်ချီမိုးလျှက် ရသေ့မြတ်၏ နေရာမှ ဖဲ့ခွာခဲ့လေတော့သည်။
ကျမ်းကိုး . . .
သုတ္တာန်ပိဋကတ်၊ ဒုဒ္ဒကနိကာယ ၊ ဇာတကပါဠိတော်၊
အကိတ္တိဇာတက ၊ နှာ၊ 268


No comments:

Related Posts Plugin for WordPress, Blogger...