Wednesday 19 October 2016

ဖုန်းဘေကုန်ခံ၍ ရေးလိုက်ရပြန်ပါသည်။


အသိဉာဏ်ရှိတဲ့ ပြည်သူတစ်ယောက်က အပြစ်မဲ့ပြည်သူတွေသေဆုံးရလို့ တာဝန်ရှိသူကို စနစ်တကျ စီမံကိုင်တွယ် အရေးယူပေးပါလို့တောင်းဆိုတာကို  . . အာဏာရှင်စနစ်ကို ပြန်လည်တောင်းဆိုတာလို့ မရေးပါနဲ့။ sorry ။ အဲလို ရေးနေတာကိုက ထိုကဲ့သို့ရေးသားသူဟာ အမှန်တရားကို မျက်ကွယ်ပြုသူ ပြုလုပ်သင့်ပြုလုပ်ထိုက်သည်ကို မပြုလုပ်ချင်သောသူဟူ၍ သာ မှတ်ယူရမည်။
တစ်နည်းအားဖြင့် ပြည်သူကို ပြန်လည်ချိန်းခြောက်လိုက်တာပါပဲ။ ပိဋကတ်စာပေကိုလေ့လာဖူးရင် “ငါ”နှင့်ကိုင်တုတ်မှ ဆဲသည်မဟုတ်။ ဆဲရေးခြင်း ၂၅ ပါးရှိသလို ချိန်းခြောက်ခြင်းသည်လည်းပရိယာယ် များစွာရှိပါသေးသည်။
“ အခုဝန်ကြီးအမတ် သမ္မတအကုန်နှုတ်ထွက်ပေး အရင်ကလို ယီးဖြစ်လားကွဆိုတဲ့ မျက်နှာပြောင်တိုက်တဲ့ အဘတွေကိုကိုမှကြိုက်”
စတဲ့ ပိုစ့်တွေဟာ တာဝန်ကို တာဝန်မှန်းမသိတဲ့သူတွေရဲ့ အရေးအသားတွေပါ။ ဒါတွေကို ကျွန်တော် တို့က တာဝန်သိစွာနဲ့ ပြည်သူ့ဘဏ္ဍမစားပဲ ဖုန်းဘေကုန်ခံ အချိန်ကုန်ခံပြီးဆိုဆုံးမနေတာပါလို့ပြောရင် ဝိုင်း၍သာ ဆဲလိုက်ကြပေဦးတော့မလား  . .?
First post  .. .
First Post blog link  ..
Seconds post blog link  ..

ဒိုးကြီး(20.10.2016-12း27-Pm)

No comments:

Related Posts Plugin for WordPress, Blogger...