Saturday 1 October 2016

ကုသိုလ်ညီမျှခြင်း

ပြည်သူကချစ်ခင်လေးစားတန်ဘိုးထားတဲ့သူကို စော်ကားတဲ့သူဟာ ပြည်သူရဲ့အမုန်းတွေ အညှိုးအတေးတွေကိုပဲရမှာပါ။ ပြောခွင့်သာတဲ့အချိန် ပြောနိုင်ပေမယ့်။ လုပ်ခွင့်သာတဲ့အချန် လုပ်နိုင်ပေမယ့်။ နောက်ဆုံးမှာ ကိုယ်ပြောခဲ့တဲ့ ကိုယ်လုပ်ခဲ့တဲ့ Action တွေကို ကိုယ်ပဲ ခံစားရတာပါပဲ။ အာဏာရှင်နဲ့ ခရိုနီတွေ ယင်းတို့ရဲ့ လက်ပါးစေ ခြံစောင့်ခွေး “ခိုင်ဇော် ”လိုအကောင်မျိုးတွေြ မန်မာပြည်မှာလည်း ရှိပါသေးတယ်။
ဒီကောင်တွေလည်း တစ်နေ့တစ်ချိန် သူတို့လုပ်တဲ့အကုသိုလ်ကံကျွေးကို ပြန်ပေးဆပ်ရ မှာပါပဲ။ ဒါကို မဃဒေဝဆရာက  . ..
“ အကုသိုလ်နှင့် ၊ ကုသိုလ်ဟုမည် ၊ ကံနှစ်တည်သည်၊
လက်သည်ပြုသူ၊ တိုက်တွန်းသူတို့၊ ထိုသူနှစ်မျိုး၊
ပြစ်အကျိုးမျှ ၊ အတူရသို့   (လ) ။
လိုဆိုပါတယ်။
ဒါ့ကြောင့် ကိုယ်ရောသူပါ နားလည်ထားသင့်တာက သူများယောင်လို့ လိုက်မယောင် မိကြပါစေနှင့် ကုသိုလ်ဆိုရင်တော့ ကောင်းပါရဲ့ အကုသိုလ်ဆိုရင်တော့ ခံရပေဦးမည်။ သူများ နွားသတ်တာ အားမကျနဲ့။ အဲလို အားကျတာက ကိုယ်သတ်သလိုပဲဆိုတာကို ဗုဒ္ဓ ဝါဒ ဒဲ့ပဲ ညွှန်းဆိုပါတယ်။ ထိုနည်းတူ သူများ နွားစာကျွေးတာဆိုရင် အားကျလိုက် ဝမ်းသာ လိုက် အဲဒီကုသိုလ် ကိုယ်ရတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံကို အာဏာရှင်နဲ့အပေါင်းအပါ ခရိုနီတွေနောက် ယင်းတို့ရဲ့လက် ပါးစေခေါ် ခြံစောင့်ခွေးတွေ သူတို့တွေဟာ အကုသိုလ်ကို အညီအမျှ ရကြတယ်ဆိုတာကို ဗုဒ္ဓဝါဒက ဆိုဆုံးမထားသည်ကို ကျေးဇူးတော်ရှင် မာန်လည်ဆရာတော်ဘုရားကြီးက နှုတ် ဝယ်ဆောင်ထားလို့ရအောင် လင်္ကာဖွဲ့ဆိုထားတာလေးကို ခိုင်ဇော်နဲ့ ပတ်သက်လို့ အခုလို အလင်းဝေငှမိပါတယ်။ ဒါ့ကြောင့် ခိုင်ဇော်ဆိုသောသူနှင့် အခြားသော အလားတူသူများ သည်လည်း  အာဏာရှင်လက်ပါးစေ ခြံစောင့်ခွေးဘဝက နေ လွတ်မြောက်ပါစေဟု ဆန္ဒပြုမိပါသည်။
ဒိုးကြီး(1.10.2016)

No comments:

Related Posts Plugin for WordPress, Blogger...