Wednesday 5 October 2016

ပညတ်တွေကို ခွာချနိုင်သမျှခွာချပါ။

တကယ်တော့ ဗုဒ္ဓဝါဒမှာ လူဖြူလူမည်းဇာတ်နိမ့်ဇာတ်မြင့်မရှိပါဘူး။ ယနေ့မြန်မာနိုင်ငံတွင်  (မဟန) တို့ (မဘသ)တို့ (၉၆၉)တို့ဆို တာတွေလည်း (မဆလ)တစ်ပါတီစနစ်ကောင်းစားစဉ်ကစ၍ ဦးသိန်းစိန်သမ္မတ သက်တမ်း ကာလအတွင်းမှာ ဖွဲ့စည်းခဲ့တာပါ။
တိတိပပ ဗုဒ္ဓထားရစ်တော်မူခဲ့တဲ့အဖွဲ့အစည်းနာမည်က “သံဃာ” ဆိုသောတစ်ခုတည်းသော နာမ ပညတ်ပါ။ ယင်းနောက်မှ ဗုဒ္ဓဝါဒကို လိုသလိုအသုံးခြခဲ့ကြတဲ့အတွက် အခြားနာမည်မျိုးကွဲပေါင်းများစွာ ပေါ်ထွက်လာခဲ့ကြ ခြင်းဖြစ် ပါတယ်။
ဒါကို တကယ့်ထဲထဲဝင်ဝင် ဗုဒ္ဓဝါဒကိုလေ့လာလိုက်စားသူများက သိရှိကြပြီးနောက် ယင်းသို့သော ပုဂ္ဂလပညတ် တွေကိုအသုံးမပြုကြပါဘူး။ မကိုးကွယ်ကြပါဘူး။ မယုံကြည်ကြပါဘူး။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်ပင် ငါဟုမပညတ်သင့်ကြောင်း အနတ္တဒေသနာက ပြဆိုထားသည်မဟုတ်ပါလော။ အထက်ကပြောခဲ့သော (မဟန) (မဘသ) စတာတွေက မြန်မာနိုင်ငံရဲ့လက်ဖြစ် ထေရဝါဒ ခေါင်းစဉ်အောက်ကနာမည်တွေပါ။ ယင်းနာမည်အား မည်သူမည်မျှ လက်ခံ ကြသည်မကြသည်ကို စာရေးသည် မသိရှိသည့်အပြင် ယင်းနာမည်သည်လည်း မြန်မာ နိုင်ငံတွင် ကမ္ဘာကအသိအမှတ်ပြုရန် ကြိုးစားခဲ့ကြသောကြောင့် အိန္ဒိယ ကွန်ဖရင့်ကစတင်၍ ကမ္ဘာကိုအသိအ မှတ်ပြုရန် ကြော်ငြာခဲ့သည်မှာလည်း အနှစ်ခြောက်ဆယ် သက်တမ်းမျှလောက်သာရှိပေဦးမည်။ အတိအကျ သိချင်ရင် “ အလင်္ကာဒီပ-မဇ္ဈိမ” ဟူသောကျမ်းစာအုပ် ကိုရှာ ဖတ်ကြပါ။ ပန်းဆိုးတန်းစာအုပ်အဟောင်း ဆိုင်များတွင် ရှိနိုင်ပါသေးသည်။
(စကားကြွင်း)
“ခက်ခဲရာကို ငါမဆို ထိုထိုကျမ်းကို ကြည့် ” ဆိုသောစကားလိုတော့မဟုတ်ပေ။ စာရေးသူလည်း သိသမျှတစ် နေရာတည်းချရေးနိုင်သော လက်ချောင်းမရှိပါ။ အချိန်လည်းလိုသေးသည်။ စာရေးသူသိသည်ကား  ဗုဒ္ဓ၊ဓမ္မ၊သံဃ၊ပင်ဖြစ်ပါသည်။ ယင်း၏ အမည်ကွဲများကိုနားမလည်ပါ။ ဒါကိုပဲ ယနေ့ခေတ်မှာ ဗုဒ္ဓ၊ဓမ္မ၊သံဃ ကိုလွန်၍ ဂုဏ်တပ်ဘွဲ့တပ်ဘာညာတပ် ကြတာကိုတော့ စာရေးသူ နားမလည်ချင်ယောင်သာ ဆောင် လိုက်ခြင်ပါသည်။ ထို့ကြောင့် မြန်မာပဲဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် ကုလားပဲဖြစ်ဖြစ် တရုတ်ပဲဖြစ်ဖြစ် အားလုံးဟာ နာမပညတ်သာဖြစ်သည် ဗုဒ္ဓဝါဒဟူသည် ပညတ်ကိုခွာ၍ ပရမတ်ကိုအတည်ယူအပ်သော ဝါဒတစ် ရပ်ဖြစ် သည်။ ယင်းကိုပင် ဝိဘဇ္ဇဝါဒဟူ၍လည်းဆိုပြန်ပါသည်။ ဒါကို ဗုဒ္ဓဘာသာများ သိရှိကြပြီး သိသည့်အတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ၏ အနှစ်သာရကိုခံစားရမည်ဖြစ်သည်။
ဗာဟုသိပ္ပဉ္စမင်္ဂလာ
ဒိုးကြီး(5.10.2016-11း50 Pm)


No comments:

Related Posts Plugin for WordPress, Blogger...