Saturday 29 October 2016

TIME WAMP


ကမ္ဘာကျော်သိပ္ပံပညာရှင်အသီးသီးက Time Wamp ဆိုတာကို သူတို့ကိုယ်တိုင် ခံစားသိမြင်မှုမရှိဘဲ သူ တို့မျက်မှောက်မှာ ဖြစ်ပေါ်ခဲ့သော အကြောင်းဖြစ်စဉ်များကို ဆင်ခြင်သုံးသပ်ပြီး Time Wamp ဆိုတာ ဒီကနေ့ သက်ရှိလောကမှာ ရှိတယ်လို့ တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြပါတယ်။
̔ Time Wamp̕  အဓိပ္ပါယ်ဟာ  မအို၊ မနာ၊ မသေ၊ အချိန်မဲ့သောနေရာ လို့ ဆိုပါတယ်။ ပိဋကတ်စကားနဲ့ ချွင်းချက်ထားပြီး ပြောရရင် ̔ နိဗ္ဗာန် ̕  ပေါ့။ သို့သော်လည်းပဲ တိတိပပ ဆိုရင်  ̔စတုမဟာရာဇ်̕ နတ်ဘုံ အနီးအပါးမှအစပြုပြီး တာဝတိံသာ၊ ရာမ၊ တုဿိတာ၊  အစရှိသော နတ်ပြည်ခြောက်ထပ် ဗြဟ္မာ နှစ် ဆယ်သော နိုင်ငံဘုံဌာနများသာဖြစ်ပါတယ်။
ထိုဘုံဌာနနိုင်ငံများဟာ လူ့နိုင်ငံနဲ့ကာလရွေ့လျားမှုကိုတိုင်းထွာမယ်ဆိုရင် လူ့ပြည် အနှစ် (၅၀)နဲ့ စတု မဟာရာဇ် (တစ်ရက်) နဲ့ညီမျှပါတယ်။ လူ့ (၅၀)နှစ် =နတ်-(၁)ရက်ပေါ့။ လူ့ (၁၀၀)နှစ် = တာဝတိံသာ() နေ့တစ်ဝက်။ ဒီလိုနဲ့ အထက်နတ်ဘုံတွေရောက်သွားတိုင်းရောက်သွားတိုင်း နှစ်ကာတွေ ပိုပိုရှည်သွားကြတယ်။
ဒါ့ကြောင့် သိပ္ပံပညာရှင်တွေ အတည်ပြုလက် တွေ့ရှိထားတဲ့ Time Wamp ဆိုတာ နတ်ပြည်ခြောက် ထပ်ရဲ့ အစကနဦးဖြစ်သော စတုမဟာရာဇ်နတ်ဘုံရဲ့ အနီးအစပ်ကို လေ့လာသုံးသပ်မိတာပါ။ ထိုအနီး အစပ်ကို ရောက်သွားကြတဲ့ သက်ရှိတွေအားလုံးဟာ လူ့နာရီနေ့ရက်ထက်ပိုမိုရှည်ကြာသောအချိန်၏ အပိုင်းအခြားကိုရရှိသွာတာပါပဲ။ စတုမဟာရာဇ်နတ်ဘုံဆိုတာ လူ့ဘုံနဲ့အနီးကပ်ဆုံးဘုံနိုင်ငံဖြစ်နေ တော့ ရံခါမှာ သက်ရှိတွေဟာ အဲဒီ ဘုံနိုင်ငံအနီးအပါးကို ရောက်သွားတဲ့အခါ အချိန်နာရှိတွေအများ ကြီးအကျိုးခံစားခွင့်ရသွားကြတယ်။
၁၉၅၅ ခုနှစ်က အမေရိကန် ဖလော်ရီဒါက ခရီးသည်လေယာဉ်တစ်စင်းဟာ ပျံတက်ပြီး ပျောက်ဆုံးသွားခဲ့ကာ၊ ၁၉၉၀ခုနှစ်မှာ ဗင်နီဇွဲလား နိုင်ငံမှာ ပြန်ပေါ်လာခဲ့တယ်။ သူလည်း ၃၅ - နှစ်ကြာ ပျောက်ဆုံးသွားခဲ့တယ်။ သိပ္ပံပညာရှင်တွေက ခရီးသည်တွေရဲ့ ဒီအန်အေကို စစ်ကြည့်တော့ မအိုကြောင်း အတည်ပြု ထောက်ခံပေးခဲ့တယ်။ သူတို့ကိုမေးတော့ သူတို့ ဘာမှ မသိပါဘူးတဲ့။
ဒါဟာ စတုမဟာရာဇ်နတ်ဘုံနိုင်ငံအနီးဧရိယာထဲကို ဝင်ရောက်သွားတဲ့အတွက်ကြောင့်ပါပဲ။ သို့သော် လည်း ထိုသို့ မထင်မှတ်ဘဲ ရောက်ရှိသွားသူတွေက ဗုဒ္ဓစာပေကျမ်းဂန်များကို မသိရှိမလေ့လာဘူး ခြင်းနှင့် ခရစ်ယာန်မွတ်ဆလင်စသော ဘာသာဝင်များဖြစ်တာကြောင့် သူတို့ကိုတွေ့တွေကို ဘာရယ် လို့အတည်ပြုချက်မပေးနိုင်ခဲ့ဘဲ ယောင်ယောင်ဝါးဝါးနဲ့ပဲ ဘဝကိုအချိန်ကုန်လွန်စေခဲ့ကြခြင်းဖြစ် ပါတယ်။
ဒ့ါကြောင့် Time Wamp နဲ့ပတ်သက်ပြီး အကျယ်တဝင့်လေ့လာချင်ရင် ဗုဒ္ဓစာပေကိုလေ့လာရင် ကောင်းစွာသဘောပေါက်နိုင်ပါတယ်။ စာရေးသူတို့သည်လည်း အရင်က ယောင်ဝါးဝါးနဲ့ပါပဲ။ ဗုဒ္ဓစာပေ တွေဖတ်ရင်း လေ့လာရင်းက Time Wamp ရဲ့သဘောကို သိခဲ့ရပါတယ်။
ဗုဒ္ဓလက်ထက်တော်အခါကလည်း ယင်း Time Wamp ရဲ့သဘောတရားဖြစ်သော အိုခြင်း နာခြင်း သေခြင်းတွေကို ဘယ်သူက ဖန်တီးတာလည်းဆိုတဲ့ အလားတူမေးခွန်းများကို ဗုဒ္ဓအား မေးမြန်းခဲ့ကြ ပါတယ်။ ထိုခေတ်အခါက ဘာတစ်ခုမှာ သိပ္ပံသီအိုရီတွေ မထုတ်ပြနိုင်ကြသေးတာမို့ ဗုဒ္ဓဟာ ယင်းတို့ ၏သိလိုရေးဖြင့်မေးလျှောက်လာသော အကြောင်းအရာတို့ကို ဖြေကြားလိုက်ပါက ပို၍ နားရှုတ်သွား မည်ကို သိမြင်တော်မူသောကြောင့် အိုနာသေရဲ့ လက်သည်တရားခံကိုသာ ထုတ်ပြလိုက်ပါတယ်။
ဒါကို အချို့ကလည်း သဘောကျသိရှိလက်ခံကြပြီး ရင့်ကျက်သောအသိဉာဏ်များရရှိသွားကြကာ အိုနာသေရဲ့သီအိုရီကို သဘောပေါက်သွားကြတဲ့အတွက် အိုနာသေရဲ့အပြင်ဘက်ကိုရောက်ရှိပျံသန်း သွားနိုင်ကြပါတယ်။ ဒါကို စာလို နိဗ္ဗာန်လို့ သုံးပါတယ်။
အိုစရာရှိအကောင်အထည်ရှိလို့ အိုရတာ။ နာစရာ အကောင်အထည်ရှိလို့ နာရတာမဟုတ်လား။ ဒါဆို ရင် ဗုဒ္ဓက အိုစရာအကောင်အထည်နာစရာအကောင်အထည်တွေကို ဆိတ်သုန်းတဲ့ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ တရားကို နည်းပေးလမ်းညွှန်မှုပြုခဲ့ပါတယ်။ အဲဒီကနေ ပေါက်မြောက်ပြီး ̔ နိရောဓသမ္မာပတ်̕ ဈာန်အဘိဉာဏ်ကို ရကြပြီး အားလပ်တဲ့အခါ ပရိတ်သတ်ကင်းတဲ့အခါမျိုးမှာ ကာယိကဒုက္ခဝေဒနာကို ခဏသက်သာလိုသောအားဖြင့် ထို ဈာန်ကို (၇)ရက်လောက်ခံစားနေလေ့ရှိပါတယ်။
အဲဒီအခါမှာ ဈာန်ပိုင်ရှင် ဘုရားအစရှိသော ရဟန္တာအရှင်သူမြတ်တို့ဟာ ထိုင်ခြင်းဣရိယာပုတ်နဲ့ (၇) ရက်ပတ်လုံး အစာမစားရေမသောက်ဘဲ နိရောဓသမ္မာပတ်ဈာန်နဲ့သာမွေ့လျှော်နေကြတာပါ။ သမ္မာ ပတ်ရဲ့အစွမ်းအကျိုးပေးကတစ်မျိုး ဖြစ်သလို ၊ နတ်ဘုံတွေရဲ့ဌာနရဲ့အကျိုးပေးကလည်း တစ်မျိုးပေါ့။
လူဖြစ်နေသော်လည်း စတုမဟာရာဇ်နတ်ဘုံအနီးအစပ်ဧရိယာစက်ဝိုင်းထဲကို အကြောင်းတိုက်ဆိုင်လို့ ကိုယ်ကရောက်သွားရင် လူ့ပြည်ရဲ့နာရီနေ့ရက်တွေနဲ့ပတ်သက်မှုမရှိတော့ဘဲ လူ့ပြည်မှာသာနေ့ညတွေ လတွေကနေ တစ်နှစ်တိတိပြောင်းသွားပေမယ့် ကိုယ်ဟာ တစ်နံက်ခင်းပဲရှိနေသေးတယ်။ Time Wamp ဖြစ်သွားတာပေါ့။ မီးဖိုနားက ပူမယ်။ ထိုအပူရဲ့ ဧရိယာအပြင်ဘက်ကို ကိုယ်ကရောက်သွားရင် အပူရဲ့အရှိုန်အကျိုးပေးကို ကိုယ်ကမခံစားရတော့ဘဲ အေးမြမှုကိုပဲခံစားရတယ်ဆိုတဲ့ သဘောပေါ့။
လူ့ပြည်က တစ်နှစ်(၁၃၅)ရက်ပြောင်းသွားပေမယ့် စတုမဟာရာဇ်နတ်ပြည်မှာတော့ (၁)ရက်သာမျှရှိ သေးတယ်။
ဒါ့ကြောင့် နိဂုံးချုပ်ရမယ်ဆိုရင် သိပ္ပံပညာရှင်တွေ လိုက်မမီနိုင်သော အကြောင်းအရာတွေကို ဗုဒ္ဓမြတ် စွာဟာ ဟိုး လွန်ခဲ့သောနှစ်ပေါင်း (၂၅၆၀)ကတည်းက ဟောခဲ့ပြောခဲ့ပြီးပါပြီ။ အချိန်ဆိုတဲ့ ကာလယန္တ ယားကြီးကို ဆွဲဆန့်လိုရတယ်။ ချုံ့ပစ်လို့ရတယ်။ မြေလျှောက်ဝိဇ္ဇာဆိုတာ ဒီသဘောပဲ။ မြေကြောကို ချုံ့ပစ်လိုက်တာပေါ့။ ကောင်းကင်ပျံတယ်ဆိုတာကလည်းပဲ ကိုယ့်ခန္ဓာကိုယ်ကို လေရဲ့အလျဉ်ထက် ပေါ့အောင် ဖန်တီးလိုက်ပြီး ကိုယ်သွားချင်တဲ့နေရာကို အရှိန်တစ်ခုသုံးပြီးသွားလိုက်တာပါ။ (ပြောမယ် ဆိုရင် အများကြီးပါ ဒီဆောင်းပါးနဲ့ ဘယ်လိုမှအဆုံးသတ်နိုင်မှာမဟုတ်ပါဘူး) ဗုဒ္ဓစာပေတွေမှာ အရမ်း ကိုလေ့လာစရာ အံ့သြစရာတွေကအများသား။ အခုတောင် နိဂုံးချုပ်ဆိုပြီး စာကားကနိဂုံးကိုမရောက် ဘူးဖြစ်နေတယ်။ စာဖတ်သူများ အသိအမြင် ပေါက်လွယ်သွားမလားဆိုသော စေတနာနဲ့ အခုလို ပါဠိစာ လေးနဲနဲ ယူသုံးပြီး ပြောချင်ပါသေးတယ်။ ပါဠိတော်ကို ထုတ်ပြရသောအကြောင်းအရင်းက လည်း စာမနှံ့သော လူမသူတော်တွေက မခိုးမခံ့ပြောတက်လို့ပါ။
̔သဿ ကဿစိ အာနန္ဒ စတ္တာရော ဣဒ္ဓိပါဒါ ဘဝိတာ ဗဟုလီကာတာ ယာနီကတာ ဝတ္ထုကတာ  အနုဋ္ဌိတာ ပရိစိတာ သုသမာရဒ္ဓါ။ သော အာကင်္ခမာနော ကပ္ပံ ဝါ တိဋ္ဌေယျ ကပ္ပါဝသေသံ ဝါ။˝
ထိုပါဠိစကားရဲ့နိဿယကိုတော့ မရေးပြတော့ဘဲ မြန်မာလို လိုတိုရှင်းလေးထုတ်ပြရရင်  . .
 ̔ အာနန္ဒာ တစ်ယောက်သောသူဟာ ဣဒ္ဓိပါဒလေးပါး (၁) ဆန္ဒိဒ္ဓိပါဒ။ (၂) ဝီရိယိဒ္ဓိပါဒ။ (၃) စိတ္တိဒ္ဓိပါဒ။ (၄) ဝီမံသိဒ္ဓိပါဒ။ ) ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာအားထုတ်ဖူးပြီဆိုရင် အသက်(၁၀၀)ထက်ပိုပြီးမြောက် များစွာနေနိုင်ပါတယ်̕
လို့ ဗုဒ္ဓမြတ်စွာဟာ အရှင်အာနန္ဒာကို မိန့်ကြားလိုက်ခြင်းပါ။
ဒါ့ကြောင့် သက်ရှိတွေအားလုံးဟာ ကိုယ့်ရဲ့အသက်တည်နေမှုကို Time Wamp လုပ်ခြင်တယ်ဆိုရင် ဗုဒ္ဓဝါဒကို လေ့လာကျင့်သုံးရင်ရပါတယ်။ ဒီနေ့ခေတ် သိပ္ပံပညာရှင်မဟာကဝိကြီးတွေဟာ သူတို့ရဲ့ နယ်ပယ်မှာတော့ ရုပ်သတ္တိတွေကို ကောင်းစွာကျွမ်းကျင်စွာလေ့လာနေကြသော်လည်းပဲ နာမ်သတ္တိ တွေကိုတော့ ကောင်းစွာမပြောနဲ့ နဲနဲကလေးကိုမှ မလေ့လာမိကြဘူး။ ဒါ့ကြောင့်လဲပဲ ကမ္ဘာပေါ်မှာ  သိပ္ပံနယ်လွန် ဖြစ်ရပ်ဆန်းများဆိုပြီး ဖြစ်စဉ်တွေကို ကြားမြင်နေရခြင်းပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေ ဟာ မအိုနိုင်သောဆေးနည်း မနာနိုင်သောဆေးနည်း မသေနိုင်သောဆေးနည်းများကို သန်းပေါင်းများ စွာအကုန်ခံပြီး နှစ်ရာနဲ့ချီပြီး သုတေသနပြုနေကြဆဲဖြစ်သော်လည်း ယနေ့တိုင် အဝေးကြီးဝေးနေဆဲ ပင်ဖြစ်သော်လည်း ဗုဒ္ဓသည် မအိုဆေးမနာဆေးမသေဆေးဖြစ်သော ဣဒ္ဓိပါတ်လေးပါးကို ပိဋကတ် တွင် အတိအလင်း ဟောကြားတော်မူခဲ့လေသည်။ သက်ရှိတစ်ဦးဟာ ယင်း ဣဒ္ဓိပါတ်လေးပါးနည်းကို လေ့လာပြီး လေ့ကျင့်နိုင်ရင် မသေနည်းဟာ လွယ်လွယ်လေးပါ။ ဒါကို ပိဋကတ်စာပေလိုက်စားကြ သော လူပညာရှိ ရဟန်းပညာရှိများ စာရေးသူလိုပဲ သိနေကြပြီးဖြစ်သော်လည်း အနောက်တိုင်းသား သိပ္ပံဝါဒီများကတော့မသိလေ။ မသိလေတော့ သိပ္ပံနယ်ထဲမှာ မဆုံးနိုင်တော့ဘဲ Time Wamp ဆိုတဲ့ စကားလုံးဝေါဟာရကိုသာ အက္ခရာအဖြစ်ချရေးထားခဲ့ရုံမျှသာတည်း။
ပိဋကတ်ကို လေ့လာမိပါက ဒီနေ့ခေတ်သိပ္ပံသုတေသီတို့ တအံ့တသြဖြစ်သော အေလီယန်ဂြိုလ်သား Alien အကြောင်းကို အထူးလေ့လာစရာမလိုတော့ဘဲ သိနိုင်သည်။ စာရေးသူကိုယ်တိုင် သိပ္ပံပညာရှင် တို့၏ တွေ့ရှိချက်သုတေသနတို့ကို လက်လှမ်းမီသရွေ့ဖတ်မိသောအခါ ပိဋကတ်ကိုယှဉ်ပြီးသုံးသပ်မိ ရာမှ Alien အကြောင်းကို ကောင်းစွာနှလုံးသွင်းဆင်ခြင်နိုင်ခဲ့ရပါသည်။
ကဲ  .. တကယ်ပဲ နိဂုံးချုပ်ကြပါစို့  ..
Time Wamp ဟူသည် စာရေးသူတို့ မျက်မှောက်လူ့ပြည်နိုင်ငံနှင့်အနီးစပ်ဆုံးသော စတုမဟာရာဇ် နတ်ဘုံနိုင်ငံသာဖြစ်သည်ဟု ပြောဝံ့လိုက်ရပါတော့သည်။
ဤဓမ္မအလင်းကုသိုလ်အား  ပါဠိစာပေကို စတင် သင်ကြားပေးခဲ့သော ဖခင်ကြီးဦးလှစံအား ရော်ရည် မှန်း၍ ဆန်းသကုသိုလ်ပြုလိုက်ပါသည် များသူ သာဓုခေါ်စေသောဝ်။
ကျမ်းကိုး . ..
သုတ္တာန်ပိဋကတ်။ ဒီဃနိကာယ်။
မဟာဝဂ္ဂပါဠိတော်။ နိမိတ္တောဘာသကထာ
သတင်းဓာတ်ပုံ . .
ဒိုးကြီး(ဝိဘဇ္ဇဝါဒီ) 30.10.2016-3း04am





No comments:

Related Posts Plugin for WordPress, Blogger...