Friday 16 June 2017

သူရူးတစ်ကောင်၏ အဘိဓာန် - 02


သူရူးတစ်ယောက်က နန်းတွင်းလျှာပွတ်ဆေးလျှက်ဆားနဲ့ ထမင်းအဖြူကို နယ်ပြီး အားရပါးရစားနေတယ် ဒါကို သူကောင်းတစ်ယောက်က မြင်တော့ သူရူးကို အခုလိုပြောလိုက်တယ်။
῍ ဒီမယ် ကိုယ့်လူ ῍
῍ နန်းတွင်းလျှာပွတ်ဆေးလျှက်ဆားဆိုတာ အစာမကြေမှ သောက်ရတာဗျ῎
῍အခုတော့ ခင်ဗျားက῎
῍ထမင်းနဲ့ ရောပြီး နယ်စားနေတယ်ဆိုတာ လူတွေမြင်ရင် အရူးလို့ဝိုင်းပြောကြပါဦးမယ်ဗျာ῍
အဲဒီအခါ သူရူးက အခုလိုပြန်ပြောသတဲ့  . .။
῍ ငါ့လူရေ ῍
῍မင်းတို့ဟာ မြန်မာနိုင်ငံမှာ နေပြီး ဗုဒ္ဓပိဋကတ်စာတွေဖတ်ပြီး῍
῍ဘာမှ မျှော်မြင်ကြောင့်ကြမှု မရှိကြာတာကိုး῍
῍ဗုဒ္ဓက ဘောဇနမတ္တညူတ လို့ ဆုံးမထားသကွ῍
῍သို့သော်လည်းပဲ ငါက ῎
῍အစာကို စားရာမှာ အတိုင်းအရှည်ထက် လောဘပိုကြီးတာမို့ ῍
῍ မမြဲဗိုက်ကားအောင်စားမိတယ်῍
῍ဒါ့ကြောင့် အစာကြေအောင် တစ်ခါတည်းရောစားတာကွ῍
῍ဒါကိုမသိတဲ့ မင်းတို့တွေမှ မြန်မာပြည်ကအရူးအစစ်တွေ῍
သူရူးရဲ့စကားအဆုံးမှာ သူကောင်းတစ်ယောက် ပါးစပ်အဟောင်းသားဖြင့် သူရူးနားက အသာလေး မသိမသာ ထွက်ခဲ့ရပါသတည်း။
ဒီ သာဓကလေးကို ထောက်ဆခြင်းအားဖြင့် စာဖတ်သူသည် မည်သူက သူရူးနည်း မည်သူက သူကောင်းနည်း စာဖတ်သူကိုယ်တိုင်ကရော သူရူးနည်း သူကောင်းနည်း စသည်ဖြင့် တွေးတောနိုင်ပေတော့မည်။ ဒီကနေ့မြန်မာ နိုင်ငံတွင် ဗုဒ္ဓစာပေနှင့်ဗုဒ္ဓယဉ်ကျေးမှုများကို စားသုံးသူ အရမ်းနည်းပါးနေသည့်အတွက် အထက်ပါ သူရူး နှင့် သူကောင်းတို့၏ ဖြစ်စဉ်များကို မကြာခဏဆိုသလို ကျုပ်တို့ ဝန်းကျင်တွင် တွေ့မြင်နေရပါသည်။
ပြောတော့ ဒီမိုကရေစီ လုပ်နေတာက ငါမိုကရေစီ  ..
ဝေဖန်ပိုင်းခြားဆန်းစစ်ထောက်ပြခြင်းဟာ အတုမရှိသော ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ခွင့်ပြုတော်မူခဲ့သည့်အပြင် ယင်းသို့ ဝိဘဇ္ဇလုပ်ခြင်းကိုပင် ငါဘုရား၏ဝါဒဟူ၍ ထုတ်ဖေါ်ဟောကြားခဲ့သော်လည်းပဲ ယနေ့ခေတ်တွင် ဝေဖန် ထောက်ပြပြောဆိုသူတို့အား လက်ထိပ်ခပ်ထောင်သွင်းအကျဉ်းချနေတုန်း။
ဝေဖန်ထောက်ပြပြောဆိုသူဟာ လောကတာဝန်ကို စေတနာအပြည့်နဲ့ ကိုယ့်ထမင်းကိုယ်စား ကိုယ့်ပိုက်ဆံဖုန်း ဘေအကုန်ခံပြီး ပြည်သူ့လစာကိုစားပြီးနေတဲ့သူတွေကို ဆုံးမလမ်းပြတာပါ။ ဒါကိုပဲ မလုပ်ရဘူး မပြောရဘူး မ ဝေဖန်ရဘူး ဆိုပါက ပြည်သူတစ်ယောက်ဟာ ကိုယ်တိုင်ပဲ အစိုးရလုပ်ပြီး ကိုယ်တိုင်ပဲ ထင်ရာလုပ်လိုက်တော့ မှပေါ့ဗျာ။
တစ်ခါ လိုရင်းပြောရရင်  . .
လောကသုံးပါးမှာ ဘုရားမှတစ်ပါး ဘယ်သူမှ အလုံးစုံမသိနိုင် မမြင်နိုင် မမှန်နိုင်ဘူး၊ ဒါ့ကြောင့် သိရှိနားလည်ကြ သော ပြည်သူဟာ အစိုးရကို ဒါကတော့ ဒီလိုလုပ်သင့်တယ် ဟိုဟာကတော့ဖြင့် ဟိုလိုလုပ်သင့်တယ်လို့ ညွှန် ကြားတာဟာ လောကအကျိုးကိုသည်ပိုးတာဖြစ်တာမို့ အရိယာတို့ရဲ့လမ်းစဉ်သာဖြစ်ကြောင်း ဓမ္မအလင်းဝေငှ မိပါတယ်။
ဒိုးကြီး(ဝိဘဇ္ဇ)16.Jun.17









No comments:

Related Posts Plugin for WordPress, Blogger...