Thursday 15 June 2017

အိမ်အိုကြီး



“ဟဲ့  . . မောင်ဉာဏိဿရ ”
“ ည . .  က ”
“ငါ့ကျောင်းထဲမှာ အသံတွေကြားတယ် ” 
“ ဘာတွေ လုပ်ကြတာတုန်း”
အနီးစခန်း ဆရာတော်ကြီးမှ ယနေ့ ကမ္ဘာကျော် သီတဂူများရဲအဓိပတိ ဆရာတော်ကြီး ဒေါက်တာ အသျှင်ဉာဏိဿရအား အခုလို နံက်အာရုံဆွမ်းဝိုင်းတွင် ဆွမ်းစားရင်းမေးလိုက်သည်။

“ သြော်  ..  ”
“ည က ဆရာတော်ကျောင်းထဲမှာ တရားပွဲလုပ်တာပါဘုရား ”
ဟု ဆရာတော်အသျှင်ဉာဏိဿရက လျှောက်ထားတဲ့အခါမှာ အနီးစခန်းဆရာတော်ကြီးကအခုလို တစ်ဖန် ပြန်လည် မိန့်ကြားလိုက်ပါတယ်။
“မောင်ဉာဏိဿ ရယ်  . .. ”
“ တို့ ဘုရား သာသနာတော်မြတ်ကြီးက ”
“ အိမ် အိုကြီးနဲ့တူနေပါပြီ ”
“ ပြင်လို့လည်း မကောင်းတော့ပါဘူးကွာ  . တွန်းသာလှည်းလိုက်ကြပါတော့”
အထက်ပါအကြောင်းအရာလေးကို ဒိုးကြီးနေနဲ့ ဆယ်ကျော်သက်အရွယ်က ဖခင်ကြီးဦးလှစံတရားတိတ်ခွေ ဖွင့်လို့ ကြားနာမှတ်သားရဖူးပါတယ်။
စာရူ့သူတို့ အခုလိုအကျဉ်းမျှ ရေးသားဖေါ်ပြချက်ကို ဖတ်ရှုမိပြီဆိုပါက ဆိုလိုရင်းကိုသဘောက်ပေါက်နိုင်ကြ လိမ့်မည်ဟု ယူဆမိပါသည်။
ဗုဒ္ဓသာသနာတော်ကဲ့သို့ ကမ္ဘာကြီးကိုကြည့်ဦးမလား  မြန်မာပြည်ကြီးကို ကြည့်ဦးမလား အိုနေပါပြီ။ ဒါ့ကြောင့် ပိဋခေါင်ထိ အနီးစခန်းဆရာတော်ကြီး မိန့်ကြားဖူးသကဲ့သို့ အိမ်အိုကြီးနှင့်အလားတူနေသော သာသနာတော်ရော မြန်မာနိုင်ငံကိုပါ တွန်းသာလှည်းလိုက်ပါတော့ အမေရယ်ဟု၍ ငိုညည်းလိုက်ရပါတော့ သည်။
မှတ်ချက်။ ။
အထက်ပါတရားအဓိပ္ပါယ်ကို လွန်ခဲ့သောနှစ်သုံးဆယ်ကျော်က ကြားခဲ့ဖူးတာကိုအခုချရေးရသည့်အတွက် စကား အထားအသိုများ ကွဲလွဲနိုင်ပါသော်လည်း အဓိပ္ပါယ်ကတော့ အတူတူပင်ဖြစ်သည်။
ဒိုးကြီး(ဝိဘဇ္ဇ)




No comments:

Related Posts Plugin for WordPress, Blogger...