Saturday 17 June 2017

ဓမ္မပဒပါဠိတော်နိသယကျမ်းလေးကျမ်း


ဓမ္မပဒမူရင်းပါဠိတော်ကိုဖတ်ရှု့၍ အားမရသော ဓမ္မအလင်းလိုလားသူများသည် ဓမ္မပဒအဋ္ဌကထာကျမ်းကို တစ်ဆင့် လေ့လာကြပါတယ်။ ဆိုလိုတာက ဓမ္မပဒပါဠိတော်ဟာ ဂ္ထါများကိုသီကုံးထားတာဖြစ်တာမို့ ယင်းဂ္ထါ ပါဠိတော်များရဲ့ အကြောင်းအရင်းအကျယ်ကို မသိနိုင်ကြပါဘူး။ ဒါ့ကြောင့် ဗုဒ္ဓဝါဒကို ထဲထဲဝင်ဝင်လေ့လာ လိုက်စားကြသော ရဟန်းရှင်လူတို့နှင့် တရားဟောဓမ္မကထိကဘုန်းကြီးများ စသည်တို့သည် ဓမ္မပဒပါဠိတော် နှင့်ယှဉ်တွဲ၍ ဓမ္မပဒအဋ္ဌကထာကျမ်းကို ဖတ်ရှု့ရပါ တယ်။ ဓမ္မပဒအဋ္ဌကထာပါဠိတော်မှာ ပါဠိဘာသာ သက်သက် ရေးထားတာမို့ မြန်မာမှုနားလည်ရန်အတွက်လည်း ခဲယဉ်းသည်ဖြစ်၍ ဓမ္မပဒအဋ္ဌကထာပါဠိတော်နိ ဿယကျမ်းကို တွဲယှဉ်ပြီးလေ့လာရပါတယ်။  ယင်းကျမ်းမှာ အတွဲ လေးတွဲရှိပါတယ်။ စာရေးသူတွင် ယင်းကျမ်းလေးတွဲ ပိုနေပါတယ် ဓမ္မပဒအဋ္ဌကထာပါဠိတော်နိဿယကို လေ့လာမှတ်သားလိုသူ ရဟန်းရှင်လူ တို့ မည်သူမဆို အလှူခံယူ လိုပါ အောက်ပါ ဖုံးနံပါတ်တွင် စုံစမ်းနိုင်ပါတယ်။
099 76827698
ဓမ္မအလင်းကုသိုလ်

ဒိုးကြီး(ဝိဘဇ္ဇ)

No comments:

Related Posts Plugin for WordPress, Blogger...