Wednesday 23 November 2016

ရက်စက်တယ် .. . . ဇရာ


῝အာနန္ဒာ ῞
῝ငါ၏ ῞
῝ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးပါ῞
῝ အာနန္ဒာ ῞  ῝ ငါပင်ပန်းလာပြီ မို့ ထိုင်ဦးအံ့῞
ဇရာ၏ နှိပ်စက်ခြင်းကို ဗုဒ္ဓမြတ်စွာ သည်းခံနေရ၏ ၊ အရင်ကတော့ ဇရာသည် ဗုဒ္ဓမြတ်စွာကို လုံးလုံးမျှ မနှိပ်စက်နိုင်ပေ၊ အကြောင်းက ဗုဒ္ဓမြတ်စွာသည် အာယုသင်္ခါရဖလသမ္မာပတ်ဈာန်အဘိဉာဉ်ကို ဝင် စားနေတဲ့အတွက်ကြောင့်ပါ။ အခုတော့ သက်တော် (၈၀)တွင်း ချည်းနင်းဝင်ရောက်ချိန်မှာပဲ ဗုဒ္ဓမြတ် စွာသည် အသက်နှင့်ခန္ဓာကိုယ်အား Powerful ဖြစ်စေနိုင်သော အာယုသင်္ခါရဖလသမ္မာပတ်ကို မဝင် စားတော့ဘဲ နောင်(၃)လကြာရင် ပရိနိဗ္ဗာန်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့်ပါပဲ။
မာနတ်သည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဖို့ရန် အမျိုးမျိုးတိုက်တွန်းခဲ့သည် ဗုဒ္ဓမြတ်စွာသည် သတ္တဝါဝေနေ ယျတို့ အကျိုးစီးပွားအတွက် မာရ်နတ်ရဲ့ တောင်းဆိုမှုကို မလိုက်လျောခဲ့ပါဘူး။ အခုတော့ ဗုဒ္ဓမြတ်စွာ ဟာ (၄၅)နှစ်တာခရီးအတွင်းမှာ သူ့ရဲ့ဓမ္မတွေကို လုံလောက်စွာဟောခဲ့နိုင်သလို သူ့ဓမ္မများကို ကျင့် ကြံထိမ်းသိမ်းနိုင်မည့် ဘိက္ခုများလည်း များစွာမွေးထုတ်နိုင်ခဲ့ပြီ၊ ဒါ့ကြောင့် အရင်တုန်းက မာရ်နတ်ရဲ့ တောင်းဆိုမှုကို ဗုဒ္ဓမြတ်စွာ မလိုက်လျောခဲ့သော်လည်းပဲ အခုတော့ မာရ်နတ်ရဲ့တောင်းဆိုမှုကို ဗုဒ္ဓ မြတ်စွာ လိုက်လျော့ခဲ့ရပြီ။
စာပါလ စေတီနတ်ကွန်းနားမှာ ဗုဒ္ဓမြတ်စွာတစ်ပါးတည်း သီတင်းသုံးနေစဉ် မာရ်နတ်က
῝အရှင်ဘုရား ῞ ῝ ပရိနိဗ္ဗာန်ပြုပါတော့῞
ဟုလျှောက်ထားခဲ့သည်၊ ထိုအခါမှာ မာရ်နတ်၏ ကြောင်းကျိုးဆက်ဆက်သော စကားများကြောင့် ဗုဒ္ဓမြတ်စွာသည်  ..
῝ မာရ်နတ် ῞
῝ ငါ ဘုရား ပရိနိဗ္ဗာန်စံရေးမစံရေးကို မင်းကြောင့်ကျမနေနဲ့῞
῝ မကြာခင် ငါ ဘုရား ပရိနိဗ္ဗာန်ပြုတော့မယ်῞
῝ အခု ဒီလကနေ စ နောက်သုံးလမြောက်သောနေ့မှာ ῞
῝ ငါ ဘုရားသည် ပရိနိဗ္ဗာန်စံတော်မူတော့မယ်῞
လို့ ပြောလိုက်တယ်။ မာရ်နတ်ကို မြတ်စွာဘုရား ပြောပြီးတာနဲ့တစ်ပြိုင်နက် သူ့ရဲ့သက်တော် (၈၀) အရွယ်ကို နုပျိုအောင် ထိမ်းသိမ်းထားနိုင်တဲ့ အသက်စောင့်ဆေး ခန္ဓာစောင့်ဆေးဖြစ်တဲ့ ῝အာယုသင်္ခါရဖလသမာပတ်῞ ကိုမဝင်စားတောဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အဲဒီ အာယု သင်္ခါရသမာပတ်ကို မဝင်စားတော့တဲ့အခါမှာ သက်တော် (၈၀)အရွယ်ဖြင့် ဝေသာလီပြည်၊  ပါဝါမြို့ ကုသိနာရုံမြို့ စတဲ့ပြည်နယ် တွေကို ခြေလျင်ခရီးသွားရတာဆိုတော့က ဇရာရဲ့နှိပ်စက်မှုကို ဗုဒ္ဓမြတ် စွာ များစွာသည်းခံတော်မူခဲ့ရပါတယ်။
ဇရာ၏ နှိပ်စက်တက်ပုံကို အကြွင်းအကျန်မရှိ သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာသည် ယခု အာယုသင်္ခါရ လွှတ်လိုက်ပြီဆိုတဲ့အခါ ယင်း ဇရာက နှိပ်စက်ပြီပေါ့။ ဇာရာသည် သတ္တလောကသားတို့အား အယုတ် အလတ်အမြတ်မရွေး နှိပ်စက်ပါတယ်။ ဇရာဟာ မျက်နှာမလိုက်ဘူး။
ဒါကို လူ့အန္ဓခေါ် အာဏာရူးများ တဏှာရူးများ မသိကြ သတိမမူမိကြပေ၊ ယင်းသူယုတ်တို့ သတိမမူ ကြသည်ကား အကြောင်းမဟုတ်သော်လည်း ယင်းတို့၏မိုက်မဲ့တို့ကြောင့်ပင် အကြောင်းအားလျော်စွာ တိုင်းပြည်၏အာဏာကိုရရှိသွားပါက သန်းပေါင်းများစွာသော ပြည်သူလူထုအပေါင်းတို့သည်  ကာယိကဒုက္ခဘေးဆိုး စေတသိကဒုက္ခဘေးဆိုး စတဲ့ဘေးဆိုး ကပ် ဆိုးတွေကို ခံစားရပါတယ်။
တစ်ပါတီအာဏာရှင် ဦးနေဝင်းကြောင့် ပြည်သူတွေဘေးသင့်ခဲ့ရသလို သူ့ကိုလည်းပဲ သူ့တပည့်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေအိမ်အကျယ်ချုပ်ချကာ နှိပ်စက်ခဲ့ရသောကြောင့် နောက်ဆုံး ဇရာရဲ့ နှိပ်စက်မှု အာဏာရဲ့နှိပ်စက်မှုကို ခံစားပြီး သေးဆုံးခဲ့ရသည်ဖြစ်သလို  . .
လစ်ဗျားနိုင်ငံရှိ အာဏာရူး ကဒါဖီကြောင့် ပြည်သူတွေ ဘေးသင့်ခဲ့ရသကဲ့သို့ သူကိုယ်တိုင်လည်း ထရိုပိုလီမြို့မှာ စားစရာမရှိငတ်ပြတ်နေတာကြောင့် အမှိုက်ပုံက နံပြားအခြောက်အတိုအစလေးတွေ ကိုစားပြီး ပြည်သူတွေ ရိုက်သတ်လို့ သေခဲ့ရသည်။
ဘယ်နိုင်ငံ ဘယ်နေရာ ဘယ်လူမျိုးပဲဖြစ်ပါစေ နောက်ဆုံးတော့လည်း အားလုံးဟာ ဇရာရဲ့ သတ်ဖြတ်ခြင်းဖြင့် နိဂုံးခါးပတ်အဆုံးသတ်ခဲ့ရသည်မဟုတ်ပါလောဟု သတိသံဝေဃဆင်ခြင်ပွားများ မိပါတော့သည်။
ကျမ်းကိုး  .. .
ဒီဃနိကာယ၊ မဟာဝဂ္ဂပါဠိတော်၊
မဟာပရိနိဗ္ဗာနသုတ္တံ
ဒိုးကြီး(ဝိဘဇ္ဇ) 24.11.2016-1း40pm


No comments:

Related Posts Plugin for WordPress, Blogger...