Thursday 24 November 2016

ဗုဒ္ဓဘာသာဝင်တွေဒီစာလေးဖတ်ပြီး သေမင်းကိုရင်ဆိုင်ရဲနိုင်ပါပြီ


အလှူတကာ့ အလှူတို့တွင် တရားအလှူဟာ အမြတ်ဆုံးလို့ ဆိုပါတယ်။ ဒါ့ကြောင့် ဓနဥစ္စာနည်းပါး သော ကျွန်တော့အတွက်တော့ ထိုအမြတ်ဆုံးသောအလှူကိုသာလျှင် နိစ္စဓူဝဆိုသလိုအားတိုင်း အားတိုင်း ကျွန်တော့ရဲ့ blog စာမျက်နှာမှတဆင့် Google ပေါ်ကိုရောက်အောင် တင်ပါတယ်။ သိတဲ့အတိုင်းပါပဲ မြန်မာပြည် အင်တာနက်လိုင်းက ခြေကျိုးနေတဲ့ လိပ်ထက်အဆကုဋေအနန္တနှေး ကွေးတာမို့ ဖုန်းဘေပိုက်ဆံတွေကို ဆွဲဆွဲစားသွားပါတယ်။
သို့သော်လည်းပဲ ကျွန်တော်ဟာ မီးဘေး ရေဘေး စတဲ့ ဘယ်ဘေးမျိုးကိုမှ အလှူခဲ့သလို ဓမ္မာရုံက လော်စပီကာကြီးနဲ့ အသံဖြဲပြီးအော်အလှူခံနေတာကိုလည်း အကြောင်းအမျိုးမျိုးကြောင့် မလှူဖြစ် ပါ။ ဒါ့ကြောင့် ဖုန်းဘေအကုန်ခံပြီး အခုလို အမြတ်ဆုံးသောဓမ္မအလှူများကို ပေးလှူရပါတယ်ဆိုတဲ့ အကြောင်း Google ကြီးကသိပါတယ်။
မယုံရင် ခင်ဗျားကိုယ်တိုင် Google ကြီးပေါ်တက်ပြီး www.doegyi.blogspot.comလို့ ရိုက်ကြည့် လိုက်ပါ။ ခင်ဗျားတို့ ဘဝတစ်သက်တာအတွက် ကုသိုလ်ရစေမယ့် စကားလုံးတွေကိုရှာတွေ့မှာ အသေချာပါပဲ။
ဟုတ်ကဲ့ အခုကျွန်တော် ပိုတိုဖိုင်လေးနဲ့တင်လိုက်တဲ့ စာက  ဒီစာလေး ဖတ်ပြီး အခုသေမယ်ဆိုလည်း ကြောက်စရာမလိုတော့ပါဘူး။ ပါဠိတော်အစစ်ကို မြန်မာပြန်ထားတာပါ။ အဋ္ဌကထာဆရာရဲ့စကား ဆိုရင်တောင် ကျွန်တော်အခုလို အပင်ပန်းခံပြီးရေးမှာမဟုတ်ပါဘူး။ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်တွေ အတွက် လူဆိုရင် လူသီလလုံရုံဖြင့် သေရင်အပါယ်တံခါးပိတ်နေပါပြီ။
ဤဓမ္မအလင်းကုသိုလ်ကို မိမိအား ပါဠိစာပေကိုစတင်သင်ကြားပေးခဲ့သော တမလွန်ရောက် ဖခင် ကြီးဦးလှစံနှင့် လိုလားသူတို့အား ဝေငှပါသည် သာဓုခေါ်နိုင်ကြပါစေ  . .

ဒိုးကြီး(ဝိဘဇ္ဇ) 24.11.2016- 11း08Pm

No comments:

Related Posts Plugin for WordPress, Blogger...