Sunday 6 November 2016

ဉာဏ်ရည်မှီသော ဗုဒ္ဓဘာသာ


ဉာဏ်ရည်မပြည့်မီသေးသော ဗုဒ္ဓဝါဘာသာဆိုသူများအတွက်တော့  . .. 
ဘဝတွေ သိပ့်လိုချင်ကြတဲ့။ လူချမ်းသာဘဝ၊ နတ်ချမ်းသာဘဝ၊ဗြဟ္မာချမ်းသာဘဝ တဲ့။ ဒီနေ့ခေတ်ပြော ပြောရင်တော့ သမ္မာအာဇီဝနချမ်းသာနေတဲ့ Facebook ပိုင်ရှင် ကြီးများဘဝလိုပေါ့။ ဒေါ်လာတွေအောတိုက်ကိုး။
ပြောနေပြီ  . . . အရှင်သာရိပုတ္တရာက အရှင်အာနန္ဒာကို . .
အာဝုသော ῝ဘဝနိရောဓော နိဗ္ဗာနံ ဘဝနိရောဓော နိဗ္ဗာန῞န္တိ  
အာဝုသော-ရှင်အာနန္ဒာ၊ ဘဝနိရောဓော-ဘဝ၏ချုပ်ငြိမ်းခြင်းသည်၊ နိဗ္ဗာနံ-နိဗ္ဗာန်မည်၏၊
ကဲ  . . ဒီနေ့ခေတ် ဘုန်းကြီးတရားပွဲတွေမှာ အလှူရေစက်ချကြတဲ့အခါ ရွတ်လိုက်ကြတဲ့ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ ။ အဲဒီလိုတောင်းတနေတဲ့ ဆန္ဒတွေကိုက လောဘတွေ ဒါ့ကြောင့် ဉာဏ်ရည် မှီသော ဗုဒ္ဓဘာသာဝင်များအတွက်တော့ ဘဝမှန်သမျှ ဟာ ဒုက္ခသစ္စာလို့သိမြင်ပြီး ဘယ်ဘဝကိုမှ မလိုချင်တော့ တာ ။ ဗုဒ္ဓဝါဒက ဘဝရှိနေသရွေ့ မလွတ်မြောက်နိုင်ဘူး၊ မငြိမ်းချမ်းနိုင်ဘူး။ ဒါ့ကြောင့် ဘဝတွေကို မတောင့် တကြဖို့ကို လမ်းညွှန်သောဝါဒ ။ သို့သော်လည်းပဲ ဒီနေ့ခေတ်မှာတော့ အလှူရေစက်ချသော ဗုဒ္ဓဘာသာဝင်များ အတွက် အရှေ့ကတိုင်ပေးတဲ့ ဘုန်းကြီးက ဘဝထိုထို နောက်အဟိုရ်ဝယ် . . . .လို့အစချီပြီးတိုင်ပေးတယ်၊ အနောက်က ပရိတ်သတ်ကလည်း လူချမ်းသာဘဝ နတ်ချမ်းသာဘဝကို သွားရေကျပြီး လိုက်ဆိုကာ ရေစက်ချကြလေရာသတည်း  . . .
ဒါ့ကြောင့် အလွဲများကို အလွဲများပါတကားဟု ဒီနေ့ည ဓမ္မအလင်းဒါနပြုလိုက်မိပါတယ်။
ဒိုးကြီး(ဝိဘဇ္ဇဝါဒီ- 6.11.2016-11း55Pm)
ကိုးကား  . .
အဂုင်္တ္တရနိကာယ်၊ ဒသကနိပါတ်၊ ၁-အာနိသံသဝဂ်၊ ၇-သာရိပုတ္တသုတ္တ


No comments:

Related Posts Plugin for WordPress, Blogger...