Thursday 24 November 2016

အလင်းအလှူ



ဗမာအလှူလုပ်တော့ ဝက်တွေကြက်တွေစသည်ဖြင့်သတ်တယ်
ကုလားအလှူလုပ်တော့ နွားတွေဆိတ်တွေကျွဲတွေစသည်ဖြင့် လည်လှီးတယ်
ကဲ  .. . ကုသိုလ်နဲ့အကုသိုလ်နှစ်ပါးကို ပရမတ္ထဉာဏ်မဆိုက်သရွေ့တော့မိုက်ကြပေဦးတော့လို့သာ ပြောရုံမှအပအခြားမရှိတော့ပေ။
လယ်တီခေတ်တွင်မူ ယင်းပါဏာတိပါတာသားသတ်အလှူကို နယ်လှည့်၍တရားပွဲများတွင် ဟောကြား တော်မူခဲ့သည် သူတော်ကောင်းတွေ ဆိတ်သုန်းသော ကာလဝိပတ္တိခေတ်တွင် ကုသိုလ်အလှူနှင့် အကုသိုလ်အလှူဟူ၍ မခွဲခြားနိုင်တော့သည့်အပြင် ဟောကြားပြသဆိုဆုံးမမည့်သူတော်ကောင်းများ လည်း ဆိတ်သုန်းခြင်းလက္ခဏာကိုပြနေသည်။
ဒါ့ကြောင့် ကျွန်တော်သည် လယ်တီဆရာတော်ဘုရားကြီးကို လွမ်းဆွတ်မိပါသည်။ အရှင်မြတ်ကြီးသာ ရှိခဲ့ပါမူကား ဗုဒ္ဓဘာသာဗမာလူမျိုးများ ကုသိုလ်အလှူနှင့်အကုသိုလ်အလှူကို ကောင်းစွာခွဲခြားနိုင်ကြ ပြီး ဆထက်တိုး၍ ကုသိုလ်များရနိုင်ကြပါလိမ့်မည်။
ယင်းနှင့်ပတ်သက်၍ လေ့လာလိုပါက ကျမ်းသုံးကျမ်းကိုညွှန်းလိုက်ပါဦးမည်
(၁) သရဏဂုံဝိနိစ္ဆကျမ်း
(၂) ဒါနာဒိဒီပနီကျမ်း
(၃) ဝိနိစ္ဆယသူစိကျမ်း
ယင်းကျမ်းစာအုပ်သုံးအုပ်ကို စလယ်ဆုံးဖတ်ရှု့မိသည်ဆိုပါက လူဖြစ်ရကျိုး လှူရကျိုးနပ်နိုင်ပါသည်ဟု ဓမ္မဒါနအလင်းဝေငှလိုက်ပါသည်။
မှတ်ချက်။ ။ ဤဆောင်းပါးသည် ပုဂ္ဂိုလ်ရေးအရရည်ညွှန်းမှုမရှိဘဲ ဓမ္မတည်းဟူသော ပရမတ္ထသက် သက်ကိုသာ ရည်၍ဓမ္မဒါနပြုခြင်းသာဖြစ်၍ ဖတ်ရှုသူများ သန့်ရှင်းသော ကုသိုလ်ကိုပြုလုပ်နိုင်ကြပါစေ အခုလို ပါဏာတိပါတာကံသူ့အသက်ကိုသတ်ဖြတ်လှူဒါန်းအားပေးခြင်းအား ခွဲခြားစိတ်ဖြာ၍ မပြုလုပ် ရန် အလင်းပေးရသော ဓမ္မဒါနကုသိုလ်ကြောင့်  ပရမတ္ထသစ္စာလေးပါးအားမသိသရွေ့ကာလပတ်လုံး အကျွန်ုပ်သည် သူတစ်ပါးအသတ်အား မသတ်ဖြတ်မညှင်းဆဲသောသူဖြစ်ရပါလို၏ အကျွန်ုပ်အား လည်း မည်သူတစ်ဦးတစ်ယောက်ကမှ သတ်ဖြတ်ညှင်းဆဲနိုင်ခြင်းမရပါစေသတည်း။ သတ္တဝါတို့သည် တစ်ကောင်နှင့်တစ်ကောင် တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ညှင်းဆဲခြင်းအလျှဉ်းမရှိကြပါစေ သတည်း။
ဒိုးကြီး(ဝိဘဇ္ဇ)25.11.2016-12း28Pm



No comments:

Related Posts Plugin for WordPress, Blogger...