Monday 28 November 2016

လူရာဝင်ဆံ့နိုင်ရန် လူတောထဲခဏခဏတိုးတက်ဖို့မလိုဘူး


ဗိမ္ဗိသာရနှင့်ဗုဒ္ဓတို့ဖြစ်စဉ်ကအရမ်းထူးခြားပါတယ်။
လိုတိုရှင်းပြောရရင် ဗိမ္ဗိသာရမင်းကဗုဒ္ဓဘုရားမဖြစ်မီ
ကတည်းကမေတ္တာကြီးခဲ့ကြသူပါ။ဒါ့ကြောင့်ဗိမ္ဗိသာရက
ဗုဒ္ဓကိုအခုလိုတောင်းဆိုပါတယ်။
“အရှင်ဘုရား ”
“ရဟန်းပြုမနေပါနဲ့ ”
“တပည့်တော်ရဲ့တိုင်းပြည်ကိုတစ်ဝက်ခွဲပေးပါ့မယ်”
ဒါကို ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထသည် လက်မခံခဲ့ပေ။
“ဗိမ္ဗိသာရမြတ်သောမင်းကြီး”
“ငါ ရှင်ဘုရင်အဖြစ်ကိုအလိုမရှိဘူး”
“ ငါ ဘုရားအဖြစ်ကိုသာအလိုရှိပါတယ်”
ဗိမ္ဗိသာရမင်းကြီးဟာ ဗုဒ္ဓအလောင်းတော်ကို ချစ်ကျွမ်းဝင်းရင်း
ပြင်းသောဆန္ဒကြောင့် အခုလိုထပ်လျောက်ပါတယ်။
“ဒါဆိုရင် အရှင်ဘုရား”
“အရှင်ဘုရား ဘုရားဖြစ်သို့ရောက်တဲ့အခါမှာ”
“တပည့်တော်ရဲ့ တိုင်းပြည်ကို အရင်ဦးဆုံးသီတင်းသုံးတော်
မူပါဘုရား”
ဗုဒ္ဓက ကောင်းပါပြီဟုဝန်ခံကတိပေးသည့်အလျောက် ဘုရား
ဖြစ်တော်မူတဲ့အခါမှာ သူ့တိုင်းပြည်ကိုအရင်ဝါဆိုတော်မူခဲ့
ပါတယ်။
အဲဒီလောက် ပုထုဇဉ်စကားနဲ့ပြောရင် ရင်းနီးပါသော်လည်း
ဗုဒ္ဓမြတ်စွာသည် သတ္တဝါလောက၏ ကမ္မသတ္တိကိုသိမြင်
တော်မူသည့်အလျောက်  .
“ ကမ္မ ဝိပါကော နာမ မယာ ဝါ ယေ ကေစိ ဝါ
ပဋိဘာဟိတုံ”  ဟု ကမ္ဘာလောကသားတို့အား ကံသည်
လက်သည်တရားခံဖြစ်သည် ကံ၏အကျိုးကို ငါဘုရား
ရှင်မဆိုထားနှင့် အခြားဘယ်ကောင်ကမှာ ဖန်တီးနိုင်စွမ်း
မရှိဘူးဟု ဆိုပါတယ်။
ဒါ့ကြောင့် ဗိမ္ဗိသာရမင်းအား သူ့ရဲ့သားဖြစ်သူ အဇာတသတ်
နန်းချပြီး ခြေဖဝါးဓားနဲ့ခွဲ ဆားသိပ် ရှားမီးခဲ့မှာကင်၍သတ်ခဲ့
တဲ့အချိန်မှာ ဗုဒ္ဓမြတ်စွာဟာ ဂိဇ္ဈဂုတ်တောင်ကျောင်းမှာ
သီတင်းသုံးနေချိန်ဖြစ်ပါတယ်။ ဗိမ္ဗိသာရမင်းကြီးထံကနေလှမ်း
ကြည့်ရင် ဗုဒ္ဓကိုလှမ်းမြင်နိုင်ပါတယ်လို့ သုတေသီတို့ကဆိုပါ
တယ်။
ဆိုသည့်တိုင် ဗုဒ္ဓရှင်တော်သည် အထက်ကပြောခဲ့သည့် ကမ္မ
သတ္တိကို ကမ္ဘာလောကသားတို့အား ဟောပြခဲ့ပြီးပြီမဟုတ်ပါ
လား။
ထိုသို့ဟောခဲ့သည့်အလျှောက် ဗုဒ္ဓသည် ကမ္ဘာလောကတွင်
ဖန်ဆင်းနိုင်သူမရှိဟု ဆိုခဲ့သည်မှာ  . .
ကမ္မဿကာ ဘိက္ခဝေ သတ္တာ ကမ္မဒါယာဒေါ  ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပဋိသရဏာ။ ယံ ကမ္မံ ကရောန္တိ  ကလျာဏံ ဝါ
ပါပကံ ဝါ၊ တဿ ဒါယာဒါ ဘဝန္တိ။ ”
ဘိက္ခဝေ၊ရဟန်းတို့။ သတ္တာ၊သတ္တဝါတို့သည်။ ကမ္မဿကာ၊
ကံသာလျှင် မိမိဥစ္စာရှိကုန်၏။ ကမ္မဒါယဒါ၊ကံ၏အမွေခံဖြစ်
ကုန်၏။ ကမ္မယောနီ၊ကံသာလျှင်အကြောင်းရှိကုန်၏။ ကမ္မ-
ဗန္ဓူ၊ကံသာလျှင်အဆွေရှိကုန်၏။ ကမ္မပ္ပဋိသရဏာ၊ကံသာ
လျှင်ကိုးကွယ်လည်းလျောင်းရာရှိကုန်၏။ ကလျာဏံဝါ၊
ကောင်းသည်လည်းဖြစ်သော။ ပါပကံ ဝါ ၊မကောင်းသည်
လည်းဖြစ်သော ။ ယံကမ္မံ၊အကြင်ကုသိုလ်ကံအကုသိုလ်ကံ
ကို။ ကရောန္တိ၊ပြုကုန်၏။ တဿ၊ ထိုကောင်းမှုကံမကောင်းမှု
ကံ၏။ ဒါယဒေါ၊အမွေခံတို့သည်။ ဘဝန္တိ၊ဖြစ်ကုန်၏။
ဒါ့ကြောင့် ဗုဒ္ဓဝါဒအစစ်အမှန်ကိုယုံကြည်သိမြင်လက်ခံသူသည်
အကုသိုလ်မှန်သမျှကို အကြွင်းမဲ့ မပြုလုပ်ပါ။ လည်လှီးဖို့ဆိုတာ
ဝေလာမှဝေးရော။
သို့ဖြစ်ပါသောကြောင့် ဗုဒ္ဓဘာသာကိုယုံကြည်သူများ ဗုဒ္ဓဟော
ကြားသော စာများကိုဖတ်သားကြပါ။ စာရေးဆရာ တရားဟော
ဆရာ တရားဟောဘုန်းကြီးများ ဟောသောစာကားများထက်
ပိဋကတ်အရင်းကို လိုက်ကြပါတယ်။
မိမိတို့ကွန်ပြူတာထဲတွင် (၁) ပါဠိတော် (၂)မြန်မာပြန်(၃)အဋ္ဌကထာ
(၄)အဋ္ဌကထာနိဿယ ဒီသုံးမူလောက်ကိုကိုင်ပြီးဖတ်ကြပါ
သို့မှသာ ဘုရားဟောအစစ်အမှန်လိုရင်းကိုသိနိုင်ပါလိမ့်မယ်။
အချို့သောတရားဟောဓမ္မကထိက စာရေးဆရာတို့သည် ပါဠိတော်
ကိုမိမိတို့လိုသလို အနက်ပေးပြီးရေးကြဟောကြတာဖြစ်တာမို့
ကာယကံရှင်မိမိတို့ကိုယ်တိုင် ကျမ်းစွဲ၍ လေ့လာနိုင်မှသာ
ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒကိုထဲထဲဝင်ဝင်သိနိုင်မှာဖြစ်ပါတယ်။
မိမိအားပါဠိစာပေကိုသင်ကြားပေးခဲ့သောဖခင်ကြီးဦးလှစံနှင့်
၃၁ဘုံသားတို့ ဓမ္မအလင်းရောင်ကိုမြင်နိုင်ကြပါစေ
Rf
အင်္ဂုတ္တနိကာယ်၊
-၁-ကရဇကာယဝဂ္ဂ ၊ -၆-သံသပ္ပနီယသုတ္တ

ဒိုးကြီး(ဝိဘဇ္ဇ) 28.11.2016-10း29Pm

No comments:

Related Posts Plugin for WordPress, Blogger...