Thursday 22 December 2016

ဆိုခဲစေ . .မြဲပါစေ


‘ရက် (၁၀၀) အတွင်း စီးပွားရေး ကောင်းလာ စေရမယ်’လို့ အာမခံတဲ့ဝန်ကြီးတစ်ယောက်ရဲ့စကားဟာ မကြာခင် ( ၆ )လ ကျော်လာခဲ့တဲ့အခါ သမ္မတရော ဒေါ်အောင်ဆန်းစုကြည်ကပါ ပြည်သူလူထုထံသို့ ဝန်ခံ တောင်း ပန်ခဲ့ရပါတယ်။
ဒါ့ကြောင့် ကျွန်တော်ပြောချင်တာက  ..
ခေါင်းဆောင်တွေဟာ ῝ဆို῞ ῝ခဲ῞ စေ ῝မြဲ῞စေ ဆိုသော ပေါရဏတို့၏အာဘော်အတိုင်း ပြည်သူကို ကတိက ဝတ်ပေးစေချင်ပါတယ်။ NLD ကို ပြည်သူဟာ အစိုးရရဲ့ ပေါ်လစီကို ယုံကြည်ပြီးမဲပေးခဲ့ကြတာပါ။ ဒါကို အာဏာရ အစိုးရတစ်ရပ်အနေနဲ့ပြည်သူကို (ခွေးဝမ်းသာအောင် လေလည်မပြ စေချင်ပါဘူး) ပစ္စုပ္ပန်အခြေ အနေနဲ့ ကမ္ဘာ့နိုင်ငံရေးရာသီကိုကြည့်ပြီး ကိုယ်နိုင်ငံမှာဖြစ်နိုင်လောက်တဲ့ အကျိုး အမြတ် ကိုသာအဖြေ ထုတ်ပြီးပြည်သူကိုမိန့်ခွန်းချွေသင့်ပါတယ်။
အရင် စစ်အစိုးရလက်ထက်တုန်းကလည်း ပြည်သူကို နည်းမျိုးစုံနဲ့ ῝လေလည်῞ ပြခဲ့ပြီးပါပြီ။ သွားလေသူ ဦးခင် ညွှန့်ဟာ သတင်းစာမှာ 2008ခုနှစ်ရောက်ရင်တစ်နိုင်ငံလုံးလျှပ်စစ်မီးရရစေမယ်ဆိုပြီး အစရှိတဲ့ကတိကဝတ်တွေ ပေးခဲ့ဖူးပါတယ်။ အခု 2016 ရောက်နေပါပြီ တစ်နိုင်ငံလုံးမပြောနဲ့ နေပြည်တော်ကလွဲရင် လျှပ်စစ်မီးနာရီမှန်မှန် ရပါသလားလို့ မေးကြည့်မယ် ဘယ်သူဖြေမလဲ?
တစ်ဖန် ဒေါ်အောင်ဆန်းစုကြည်က အခု 2016ခုနှစ်မှာအခုလိုထပ်ပြောပြန်ပြီ နောင်(20)မှာစင်္ကပူလို(လ) ဆိုတဲ့စကားကိုပြောလိုက်ပြန်ပြီ ။ ကြားရသူ ပြည်သူတစ်ယောက်အနေဖြင့် ဝမ်းသာလှပါသည်။ (၂)နှစ်အ တွင်းဖြစ်ရင်ပင် အတိုင်းမသိပေါ့။ အဲလိုမျှော်လင့်ချက်ကြောင့်လည်း သောင်ပြိုကမ်းပြို NLDကို ပြည်သူ့ လက်သန်းများက မှင်စွန်းပေးခဲ့တာပါ။  ကိုယ့် စကားကို  ပေါက်ပန်းလေးဆယ်ပေါက်ပွင့် ကျွေသလို စကား များနဲ့ မီဒီယာပေါ်ကိုတင်နေမယ်ဆိုရင် ပြောသူရဲ့ စကားကို ပြည်သူဟာအယုံအကြည် ကင်းမဲ့လာပါလိမ့်မယ်လို့ ခံစားအော်ဟစ်မိပါသည်။

ဒိုးကြီး(ဝိဘဇ္ဇ)22.12.2016-5း56Pm

No comments:

Related Posts Plugin for WordPress, Blogger...