Monday 5 December 2016

ယုံကြည်သော အနာဂါတ်

ယုံကြည်သော အနာဂါတ်
နိုင်ငံရေးသိပ္ပံနဲ့ကျောင်းပြီးခဲ့ပြီး မဆလ ဦးနေဝင်းလက်ထက်က အညမညသဘော တရားစာအုပ် တွေလည်း မဖတ်ဖြစ်ဘူး လမ်းဘေးစာအုပ်အဟောင်းဆိုင်တွေမှာတော့ တွေ့တွေ့နေမိပါတယ်။ ဗုဒ္ဓရဲက တရားတော်များကိုပဲ တစ်စိုက်မတ်မတ်လေ့လာခဲ့ပါတယ်။ အဲဒီ အခါမှာ စိတ်ပိုင်း စေတသိတ် ပိုင်းကိုစတာတွေကို လေ့လာမိတော့ လူဆိုတဲ့သတ္တဝါရဲ့ ဗီဇကိုသိလာတယ်။
ဒါ့ကြောင့် အခုလို ဒဿနတွေကို ရင်ဘတ်ထဲက ဆွဲထုတ်နိုင်ခဲ့တာပါ။ ဒီနေ့မြန်မာနိုင်ငံမှာ လူစွဲတဲ့ဝါဒ အရမ်းအားကောင်းနေတယ် ။ ဗိုလ်ချုပ်အောင်ဆန်းကိုစွဲတယ် သူကွယ်လွန်တဲ့အခါ မြန်မာနိုင်ငံသူ ပြောတဲ့ ဖာနိုင်ငံဖြစ်ရောလား။
အခုတစ်ခါ သူ့သမီးဒေါ်အောင်ဆန်းစုကြည် စွဲကြပြန်ရော ။ ဒီအမှားကို အမှားမှန်းမသိကြဘူး။ တ ကယ်စွဲရမှာက ဒေါ်အောင်ဆန်းစုကြည့် ဘာတွေလုပ်နေလဲဆိုတဲ့ action နဲ့ အကျိုးသက်ရောက်မှု reaction ဗျ။ အခုလောက်ပြောနေသူကိုပဲ လော်ဘီလို့ ခေါင်းစဉ်တပ်ဦးမယ်။ အခုပြောနေတဲ့ကောင် ကဓမ္မကိုပြောနေတာ ဓမ္မကို ဖေါ်ထုတ်ပြနေတာ။ သို့သော် မြန်မာနိုင်ငံဟာ ဥပဒါန်နိုင်ငံလို့တောင် အမည်တပ်ရလောက်အောင် အစွဲကြီးနေတယ်။
ပဏ္ဍိတာနဉ္စ သေဝနာ ဆိုတဲ့အတိုင်း ပညာရှိသူကို မှီဝဲရမယ်ဆိုတဲ့ အစွဲမျိုးမထားဘဲ အသေဝနာ စ ဗာလနံ သူမိုက်လူ့အန္ဓအာဏာရှင်ကို မုန်းပစ်ရမယ်ဆိုတဲ့အစွဲမထားဘဲ လူစွဲပုဂ္ဂိုလ်စွဲထားနေကြတယ်။ ဒါ့ကြောင့် နှစ်ပေါင်းကြာရှည်သော ပြည်တွင်းစစ်မြန်မာပြည်မှာရှိနေတာပါ။
ပညာရှိကိုမှီဝဲဆည်းကပ်နည်းယူရမယ်  . .. .
အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပေါ့ သူ့ကိုနည်းယူရမယ် သူ့ရဲ့သြဝါဒတွေကို လေ့လာဆည်း ကပ်ရမယ် အဲဒီအထဲက ဘာတွေဟာ အားနည်းချက်ရှိနေသလဲ? ဘယ်ဟာကတော့ ပိုအားကောင်း သလဲ? စသည်ဖြင့် ဝိဘဇ္ဇလုပ်ရမယ်။ သူ့ကိုဆန့်ကျင့်ဖို့မဟုတ်ဘူးနော်၊ ကိုယ့်ရဲ့ကိုယ်ပိုင်အတွေး ထဲမှာပဲ ဆန့်ကျင်နေရမှာ။
သူမိုက်ကို မုန်းပစ်ရမယ် . . .
မြန်မာပြည်မှာ အာဏာရှင်အဆက်ဆက် ကြီးဆိုးဗိုလ်ကျခဲ့တယ် ဒါကိုမသိရင်သိအောင်လုပ်ရမှာ အာ ဏာရှင်ဟာ ခွေးခြေလိုပဲ ခြေထောက်သုံးခြောင်းနဲ့နေတာ (၁) ခရိုနီ (၂)ဘာသာရေး(၃)လက်ပါးစေ အဲဒီသုံးခုနဲ့ အာဏာရှင်ဟာ အာဏာတည်မြဲရတာဗျ။ ဒါ့ကြောင့် ဒီကနေ့လူငယ်တွေ ခရိုနီကို သွားရေ ကျနေကြတယ် ။ အဲဒီအထဲက သွားပြီ။ လွဲပြီ။ နောက်ထပ် ကျွန်ဆက်ဖြစ်နေဦးမှာပဲ။ သူခိုးကို သူတော် ကောင်းထင်နေတာကိုးဗျ။ ဒီတော့ ခိုးတဲ့ခေတ်ကြီးဖြစ်နေရောမဟုတ်လား။ သူတော်ကောင်းကြတော့ သူခိုးထင်နေတယ်။ ဒီတော့ သူတော်ကောင်းတွေ ထွက်ပြေးတောပုန်းငုတ်လျှိုးနေရသကိုး။ ဒီတော့ သူခိုးဓားမြပဲကြီးစိုးနေတာပေါ့။
ဒ့ါကြောင့်  . ..
ပညာရှိနဲ့အသွင်တူတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစွဲမလွန်ဘဲ သူရဲ့မူဝါဒတွေကို ကိုယ်စီရအောင် ကျိုးစားကြ။ သူ့ထက်မသာရင်နေ သူနဲ့တန်းတူဖြစ်အောင် ကြိုးစားကြ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သံမဏိနဲ့လုပ်ထားတဲ့ခန္ဓာမဟုတ်ဘူး ဓာတ်လေးပါးနဲ့လုပ်ထားတာ သူမရှိတော့ရင် NLDပါတီနဲ့မူဝါဒ တွေကို ဆတ်ဆတ်ထိမခံအောင် ထိမ်းရမှာ။ ဗုဒ္ဓမရှိတော့ဘူး သို့သော် ဝိနည်းဓမ္မတွေကရှိနေလေ တော့ ဗုဒ္ဓရှိနေတဲ့အတိုင်းပဲ။ ဒီသဘောပဲဗျ။ အစွဲတွေမထားဘဲ လောကကောင်းကျိုးကိုသည်ပိုးနိုင်ကြ ဖို့ရည်ရွယ်မိပြီးရေးမိတာပါ။
ကဲ  ..  ဒီလောက်ပဲပြောမယ်ဗျာ နောက်စိတ်ပါရင် ဆက်ရေးဦးမယ်။

ဒိုးကြီး(ဝိဘဇ္ဇ)5.12.2016-33း6Pm

No comments:

Related Posts Plugin for WordPress, Blogger...