Sunday 18 December 2016

Sulay Spuare Yangon


Canon 700D
Shutter -1/320
Aperture –F/5.0
ISo-800
Lens- 70.300
Location- Sulay Spuare Yangon
ကင်မရာတန်ဘိုးကိုအနည်းအများပေါ်တွင် သက်ရောက်မှုမရှိဘဲ Seeing မြင်တက်သော သင့်၏ မျက်စိဖြင့် ဖန်တီနိုင်စွမ်း သည်သာလျှင် ပဓာနကျသည်။ ဓာတ်ပုံတွင် သင်ဖန်တီးထားသော ပုံရိပ်များကသာ တန်ဘိုးဖြစ် နေသည် ကင်မရာကိုင်သူအချို့သတိမမူမိတက်ချေ။ ဆေးနှင့်စုတ်တံတို့သည်ပဓာနမဟုတ် စုတ်ချက်သည်သာ ပဓာနဖြစ်သည် ဆေးကောင်းတိုင်း ပန်းချီဖြစ်မည်ဆိုပါက ကျွန်ုပ်ဒိုးကြီးသည် Englan မှထုတ်သော Acrylic ဆေးကို ကင်းဘတ် ပေါ်သွန်ချနေမှာပေါ့။
ဒါ့ကြောင့်ကင်မရဟူသည် ဆေးနှင့်စုတ်တံသာဖြစ်သည် ယင်းကင်မရာကိုကိုင်တွယ်အသုံးပြုသော သင်၏ လက်သာလျှင် စုတ်ချက်များဖြစ်တော့သည် ထို့ကြောင့် သင်၏မြင်နိုင်စွမ်းအားနှင့် ကံအခွင့်အလမ်းကြောင့် လက်ကိုင် ဖုန်းလေးဖြင့် ရိုက်မိလိုက်သော ရိုက်ချက်သည်ပင် အနှိုင်းမဲ့ဖြစ်၍နေတက်သည်။
ယင်းကို ကင်မရာကိုင်သောသူအချို့တို့ အမှုမဲ့၍ ဓနဥစ္စာပေါတိုင်း 4K 8K ကင်မရာကြီးတွေကိုင်ပြီး ကြွားနေလို့ ကတော့ ငပေါကြီးသက်သက်သာဟု ကောက်ချက်ချရုံမှအပ အခြားမရှိပေ။ အကြောင်းမှာမူ အင်္ဂလန်ဖြစ် ဆီ ဆေးကြီးနှင့် အင်္ဂလန်လုပ် စုတ်တံကြီးကိုင်က အင်္ဂလန်ဖြစ် ကင်းဘတ်စပေါ်သို့ သွန်ချလိုက်သောဆေးတစ်ဘူး လို့ပါပဲ။
ဤသို့ရေးရခြင်းသည် မြန်မာ့လူငယ်တို့ အနုပညာကိုတန်ဘိုးထားစေချင်သော စေတနာပါ။ ဆေးနှင့်စုတ်တံတွင် တန်ဘိုးမရှိပါ။ ပန်းချီကားကိုဝယ်ယူသော အနုပညာချစ်သူသည်လည်း သူချစ်သောပန်းချီကားအား အင်္ဂလန် ထုတ်ဆေးလား? တရုတ်ထုတ်ဆေးလား? ဟု စစ်ကြောဝေဖန်၍ ဝယ်ယူသောထုံးတမ်းအစဉ်အလာမရှိပါ။ စုတ်ချက်၏သက်ဝင်လှုပ်ရှားမှုအနုပညာ၏ တန်ဘိုးကိုသာ ခံတွင်းလိုက်ရင် လိုက်သလို ဝယ်ယူသိမ်းဆည်း အလှပြကြခြင်းဖြစ်သည်။ ဒီဆောင်းပါးသည် လူတွင်ရှိသော အနုပညာဖန်တီးမှုသာ တန်ဘိုးတစ်ခုဟု Message ပေးလိုခြင်း သာဖြစ်ပါသည်။
16.12.2016 ရက်နေ့ညနေချမ်းတွင် ရန်ကုန်ဆူးလေကုန်းတံတား လက်ကိုင်ဖုန်းလေးဖြင့် ဓာတ်ပုံများစွာရိုက် ကူးနေသော ညီငယ်လေးတစ်ယောက်ကိုတွေ့ပြီး ယင်းညီငယ်လေး၏ ဖန်တီးမှုအနုပညာကိုစိတ်ဝင်စားမှုကို သိ မြင်မိသော ကျွန်ုပ်သည် ကင်မရာ၏တန်ဘိုးထက် လူ၏အနုပညာဖန်တီးမှုတန်ဘိုးသည် ပဓာနဖြစ်သည် ခေတ် လူငယ်တို့အားသိစေချင်သည်။
နောက်မှသိလိုက်ရသည် ယင်းညီငယ်လေးသည် ဆေးကျောင်းတက်ပညာသင်နေရင်းက ဓာတ်ပုံအနုပညာကို အလွန်အကျူးဝါသနာပါသည်ဟူသော အကြောင်းပင်တည်း။
လူငယ်တစ်ယောက်သည် လမ်းမထက်မှာ မူးယစ်၍ နှမသားခြင်းမစာနာ ဆင်ခြင်တုံတရားကင်းမဲ့ကာ လူ့ဂုဏ် သိက္ခာကို ဖျက်ဆီးနေမည့်အစား ယင်းလူငယ်လေးကဲ့သို့ ပညာသင်ယင်း လက်ကိုင်ဖုန်းလေးဖြင့် ဓာတ်ပုံရိုက် နေသည်မှာ လောကကို အလှဆင်နေခြင်းသာဖြစ်သည်ဟု ကျွန်ုပ်ခံယူမိသည်။
ကျွန်ုပ်လမ်းမပေါ်ရောက်တိုင်းလည်း သတိထားမိပါသည် လူငယ်အချို့ သမီးပျိုလေးတွေတွေ့လျှင် စတက် နောက်တက်သည်ထက် နင်ပဲငဆပြောသော အသံတို့ကိုလည်းကြားမိပါသည်။ ကိုယ့်ဘက်က ဝင်ထိမ်းလိုက်ပါ က အကြီးအကျယ် ရန်ဖြစ်ရုံမှအပအခြားမရှိပေ။ သာမန်ထိကပါးယိကပါးပြောသည်ကို ပုထုဇဉ်အလျောက်အ ပြစ်မဆိုသော်လည်း ခန္ဓာကိုယ်အောက်ပိုင်းရှိနာမ်စားများကိုသုံးနှုံးသည့်အခါ ကြားရသောလမ်းသွားလမ်းလာ များအတွက်လည်း နားရှက်စရာပင်ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံရဲ့ အနာဂါတ်တွက် မိမိရောအများပါ သင်ကြားမှုစွမ်းရည် လိုက်နာမှုစွမ်းရည် ဖန်တီးမှုစွမ်း ရည်များ မြင့်မားစေချင်သော စေတနာသည် ကျွန်ုပ်ဒိုးကြီး၏ လောကတ္ထစရိယာဟု ဆိုဝံ့သည်ရှိသော် အဘယ်သူသည်  အဘယ်မည်သောကျမ်းကိုးကျမ်းကားဖြင့် ကျွန်ုပ်အား ငြင်းဆန်ပါအံ့နည်း။
ဒိုးကြီး(ဝိဘဇ္ဇ) 18.12.2016-2း17Pm

No comments:

Related Posts Plugin for WordPress, Blogger...