Friday 23 December 2016

They Life


စိတ်တွေ ပုံဆောင်မူမတူညီခြင်းကိုက ဘဝအခြေအနေတွေလည်း ညီမျှခြင်းမဖြစ်နိုင်တော့ပါဘူး ဒါဆိုရင် ကင်မရာကိုင်ခြင်းရည်ရွယ်ချက်ဟာလည်း မည်သည့်အကြောင်းနှင့်မျှ မဆင်တူနိုင်တော့ချေ။ စာရေးသူအတွက်တော့ ကင်မရာကိုင်ခြင်းသည် ပိဋကတ်သုံးပုံကို ဘာသာပြန်ခြင်းဟူ တစ်နည်း တစ်ဖုံတွေးယူမိသည်။ ပိဋကတ်သုံးပုံဟူသည် သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုသော သက် ရှိသက်မဲ့တို့ရဲ့အကြောင်းအရာတွေပဲမဟုတ်လား။
ဘဝဟာမလွတ်မြောက်ခြင်းရှိနေရင် လွတ်မြောက်ခြင်းဆိုတာလည်းရှိကိုရှိရမယ်ဟုဆိုသော အတွေး နယ်ချဲ့မှုကြောင့် ဗုဒ္ဓသည် လွတ်မြောက်ရာကိုရှာဖွေတော်မူခဲ့သည်။ စိတ်တို့၏ အသွင်သဏ္ဍာန် မတူခြင်း ကြောင့် လောကကိုရှု့မြင်သုံးသပ်ရာ၌ စကားလုံးအချိုးအစားများ ကွဲလွဲသွားကြသည် ထိုအခါ အဓိပ္ပါယ်နိဿယတို့သည်လည်း အထူးအခြားဆန့်ကျင်ရာဆီသို့ကျင်လည် ကျက်စားကြကုန်၏။
ကိုယ်ရိုက်မိသောရိုက်ချက်များသည် ရှု့မြင်ရသူတိုင်းအတွက် အောက်တန်းကျသောနိဿယများ ဆီသို့မပိုဆောင်ပေးပါ ဘဝ၏ မြင့်မြတ်ရာ ဘဝ၏ငြိမ်းချမ်းရာဆီသို့ လမ်းညွှန်တော်မူလိုသောဆန္ဒ စေတနာများစွာသာပါဝင်ပါသည်။
သတ္တဝါတို့သည် တည်ဆဲဖြစ်သော လောဘ ဒေါသ မောဟ စသောအကုသိုလ်ရမ္မက်ဆိုးများကြောင့် ငရဲတိရိစ္ဆာန်ပြိတ္တာအစရှိသော အပါယ်ဒုဂ္ဂတိသို့ အသင်္ချေအနန္တစီးမြောရရှာသည် ထိုအခိုက်ကံကောင်း ထောက်မစွာ လူ့အဖြစ်ရပြန်သော်လည်း စွန့်ခြင်းအခြင်းရူးသွပ်ခြင်းစသော ဘဝဖြင့်လူဖြစ်ရှုံးရပြန်၏။ ထိုဘဝဖြင့်ဆိုလျှင် ထိုသူ၏လားရောက်ရာကို သင်ခန့်မှန်းနိုင်လောက်ပြီ။ စာရေးသူ အခုလို သရုပ်ခွဲ ပြပါမည်။
“ကုသိုလ်ကိုမသိ မသိ၍မပြုမိ ” “အကုသိုလ်ကိုမသိ မသိ၍ ပြုမိ”
ဤသို့ဖြင့် ထိုသူ၏ဘဝကျင်လည်ရာသည် အဘယ်မှာချမ်းသာဖွယ်ရာရှိပါအံ့နည်း။ အခု စာရေးသူ၏ ဘဝသည်ပင် အသက် 42အတွင်းမှာ ဗုဒ္ဓစာပေကျမ်းဂန်များကို ဖတ်ရှုခြင်း သဲအင်းဂူဆရာတော် မိုး ကုတ်ဆရာတော် စသော ဆရာတော်ကြီးများ၏ တရားဟောများကိုနာကြားခြင်းဖြင့် အသိအလင်းရ ရှိစေကာမူ အတိတ်ကပြုခဲ့ဖူးသော အကုသိုလ်ကံအလိုဆိုးကြောင့် စစ်အာဏာရှင်ဦးနေဝင်းမှအစပြု ၍ ယနေ့ 2016 တိုင်အောင် အာဏာရှင်စစ်နစ်ဆိုးကြောင့် မိမိဘဝစားဝတ်နေရေးတို့တွင် ပြဿနာများ စွာဖြင့် ရင်ဆိုင်ခဲ့ရသည်။
ဆိုလိုသည်ကား အတိတ်ကံအကုသိုလ်လော သို့တည်းမဟုတ် ယင်းအာဏာရှင်တို့၏ အကုသိုလ်ကံ ပင် လောဟူ စောကြောဝေဖန်စရာရှိလာပြန်ပါသည် ကိုယ်တိုင် မည်သည့်ဉာဏ်ထူးမျှမရရှိ၍ ထိုအ ဖြေကို မထုတ်နိုင်စေကာမူ မိမိတို့သည် အကုသိုလ်ဟုဆိုလျှင် မြူမျှရှောင်ကျဉ်ရပေမည်ဟု တရားကိုယ်ကောက်မိပါတော့သည်။

 (ဒိုးကြီး-ဝိဘဇ္ဇ) 24.12.2016-2း13pM

No comments:

Related Posts Plugin for WordPress, Blogger...