Saturday 10 December 2016

See Full specifications


50D ကို Full frame ဆိုပြီးအလိမ်အညာမခံရအောင်ဒီစာဖတ်ကြပါ
DSLR ကင်မရာကြီးတွေကို ဝါသနာပါပြီး ကျွန်တော့လို့ ဖူးဖရိန်မှန်းမသိ အရူးဖရိန်မှန်းမသိနဲ့ ရမ်းသမ်းဝယ်မိကြ ရာမှ ကြေကွဲစရာများနှင့်ကြုံတွေ့ရပါသည်(ခရိုနီလိုငွေပေါသူများကိုမဆိုလို) ဒါ့အပြင် မနေ့က ကင်မရာရောင်း ဝယ်သော facebook  Page တစ်ခုမှာ 50D ကို full frame ဆိုပြီးရောင်းဖို့တင်တားတာကိုတွေ့မိလို့ ဒီပိုစ့်လေး ကိုတင်လိုက်ရတာပါ။ Full fram တစ်လုံး ရဲ့ Sensor Size ဟာ (36×24mm)ပါ။ 50D ရဲ့ Sensor Size ဟာ  APSC-S (22.3×14.9mm) ပဲရှိပါတယ်။ အဲဒါကို ရောင်းချသူက သူကိုယ်တိုင်ပဲတကယ်မသိလို့လား အရူး ကွက်နင်းတာလားတော့ မပြောတက် 50Dကို full frame ဆိုပြီးတင်ရောင်းတဲ့ဓာတ်ပုံကိုတွေ့ရပါတယ်။  ကျွန်တော် အမြဲလိုလို Dpreview ဝက်ဆိုက်ကိုကြည့်နေတဲ့သူတောင် 50D ကို ဖူးဖရိန်ဆိုပြီးရောင်းတာ တွေ့တော့ ကြောင်တောင်တောင်ဖြစ်သွားပါတယ်။
ဒါ့ကြောင့် အပင်ပန်းခံပြီး ကုသိုလ်စိတ်ဖြင့် အခုပိုစ့်ကိုရေးတင်ပေးလိုက်ပါတယ်။ Cnnon အမျိုးပေါင်း တော်တော်များများ တင်ထားပါတယ်။ နောက်ထပ် အားရင်လည်းထပ်တင် ဒီ blog လင့်မှာပဲထပ်ထည့်ပေးသွား ပါ့မယ်။ အရမ်းနားစိမ်းတဲ့သူတွေအတွက်ပြောချင်တာက အခုကျွန်တော်တင်ပေးထားတဲ့ ကင်မရာ  See Full specifications ကို ကြည့်တဲ့အခါမှာ Full Frame ဖြစ်မဖြစ် Sensor Size မှာ Full frame ဖြစ်မဖြစ်ကြည့်ရမှာ ဖြစ်ပါတယ်။ full frame ဖြစ်ရင် Sensor Size ဟာ (36×24mm)ပါ။ 36 မဟုတ်ရင် ဖူးမဖြစ်ပါဘူး။
ဒီပိုစ့်ကိုတင်ဖို့အတွက် ဝက်ဆိုက်ထဲဝင်မွှေလိုက်ရတာ ဖုန်းဘေတစ်သောင်းဖိုးလောက် ဝဲလိုက်ရပါတယ်။ ကုန်သွားတဲ့အချိန်ကိုတော့ထည့်မ တွက်တော့ပါဘူးဗျာ။ ကျွန်တော်တို့ မြန်မာတွေက အချိန်တွေ သောက်ရမ်း ပေါသကိုး  . .(လက်ဖက်ရည်ဆိုင် တွေမှာချည်းပဲ) ။
ဒါ့ကြောင့် DSLR ကင်မရာမီးသွေးအမည်းတုံးကြီတွေကို ကျွန်တော့်လို့ သွားရေကျသူတွေ မဝယ်နိုင်လည်း  အထက်ကပြောခဲ့သလို ဖူးဖဇရိန်အရူးဖရိန်မှန်းသိရအောင်တော့ လေ့လာသင့်တယ်လို့ထင်ပြီး blog ပေါ် မှာတင်ပေးလိုက်ပါတယ်ဗျာ။
ကျွန်တော်က blogger သမားဆိုတော့ facebook ပေါ်ချည်းဓာတ်ပုံတွေ မတင်ပေးနိုင်တာကိုတော့ နား လည်ပေး စေချင်ပါတယ်။ နှစ်နေရာခွဲတင်ရရင် ဘေပိုကုန်တယ်လေ။
ဝါသနာတူများအလိမ်အညာမခံကြပါစေဟူသောစေတနာဖြင့်
ဒိုးကြီး(ဝိဘဇ္ဇ) 10.12.2016)11း26Pm














No comments:

Related Posts Plugin for WordPress, Blogger...