Tuesday 19 January 2016

Andrew Soe

သို့ ..
ဆရာ Andrew Soe
ဆရာဆောင်းပါးတွေက ကျွန်တော်နေတဲ့ရန်ကုန်ရွာအကြောင်းကို
လောကဥပမာနဲ့ရေးထားတာမို့ ဖတ်မိသူတိုင်းအတွက် အလွန်
မတန် အဓိပ္ပါယ်ပေါ်လွင်စေပါတယ်။ ဆရာကြီးအေးမြိုင်ရေးတဲ့ 
ဗုဒ္ဓဥပမာတစ်ထောင် စာအုပ်လေးကိုကျွန်တော် အသက်20
လောက်မှဖတ်ဖူးပါတယ်။
ဆယ်ကျော်သက်ဖြစ်သော ကျွန်တော့်အတွက်ယင်းစာအုပ်အ
ဟောင်းလေးများကို ဖတ်ရသည်ကိုပင် ဘဝင်လေဟပ်ကိုယ်ကိုယ့်
ကိုပညာ၇ှိကြီးတစ်ဆူကဲ့သို့ Felling တက်ခဲ့ပါသေးတယ်။
စကားစပ်လို့ အဲဒီတုန်းက ကျွန်တော် မဃဒေဝလင်္ကာသစ်ကျမ်း
ကြီးထဲက ပုတ္တောဝါဒအခန်းကို အာ၈ုံဆောင်ခဲ့ဖူးပါသေးတယ်
(အခုတော့မေ့ကုန်ပြီ) ဟုတ်ကဲ့။
ထိုခေတ်အခါက ကျွန်တော်နေတဲ့ရန်ကုန်ရွာကြီးမှာ ပန်းဆိုးတန်း
စာအုပ်အဟောင်းဆိုင်တွေဟာ ကျွန်တော့်အတွက် တကယ့်ဗဟု
သုတဘဏ်တိုက်ကြီးအဖြစ်ထင်မှတ်နေမိပါတယ်။ စာအုပ်တွေက
လည်းဈေးအရမ်းကြီးပါတယ်ဆိုတာထက် ကိုယ်ရှာဖွေနိုင်တဲ့ဝင်
ငွေက နည်းနေလို့လည်းဖြစ်နိုင်ပါလိမ့်မယ်။ (ကဲ . .ရှိပါစေတော့)
အဲဒီ ဗုဒ္ဓဥပမာတစ်ထောင်ဆိုတဲ့စာအုပ်ရဲ့အစမှာအစမှဆရာကြီး
ဦးအေးမြိုင်ကအခုလို စပြောပါတယ် .. .
“ဥပမာယ မိဗေကစ္စေ၊ အတ္ထံ ဇာနန္နိ ပဏ္ဍိတော”
(ပညာရှိတို့သည် မိမိတို့ပြောလိုသောစကားတို့အား လူအများ
နားလည်နိုင်စေရန် လောကဥပမာသာဓကအဖုံဖုံတို့ကို တန်ဆာ
ဆင်၍ ရေးတက်ပြောတက်ကြပေသည်)
လို့ ဆိုပါတယ်။
ထိုဆရာကြီးဦးအေးမြိုင်ပြောသကဲ့သို့ ဆရာ့ဆောင်းပါးတွေကိုဖတ်
ရသောအခါ ကမ္ဘာ့နိုင်ငံအသီးသီး၏ဖြစ်ပုံပျက်ပုံများကိုတန်ဆာ
ဆင်ပြီး ကျွန်တော်နေတဲ့ ရန်ကုန်ရွာအကြောင်းကို ရေးသားထား
သည်မို့ မြန်မာနိုင်ငံဆိုသော ဇနပုဒ်ရွာသားကျွန်တော်ဒိုးကြီးအ
တွက် များစွာဗဟုသိပဉ္စမင်္ဂလာ တိုးပွားသကဲ့သို့ ဖတ်ရှု့ခွင့်ရကြ
သော အခြားသော စာဖတ်သူများသည်လည်း ကျွနတော့ကဲ့သို့ပင်
ဗဟုသုတတိုးပွားကြမည်မှာ မလွဲဧကန်ပင်ဟု လေးစားစွာအ
ကြောင်းကြားလိုက်ရပါသည်။
ဆရာကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့်
လောကကောင်းကျိုးအတွက် ဆောင်းပါများစွာရေးသားနိုင်ပါစေ
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး(ဝိဘဇ္ဇဝါဒီ)

No comments:

Related Posts Plugin for WordPress, Blogger...