Wednesday 20 January 2016

Aung San Su Kyi or Magical power

တန်ခိုးကြီးခြင်းအကြောင်းကို ဒီနေ့နံက်ခင်း ပရိတ်သတ်အားဝေငှချင်ပါတယ်။
ပထမသိထားရမှာက Magical power “ တန်ခိုး” ဆိုတဲ့ ဗမာစကားလေးပါပဲ။
ဒီဗမာစကားလေးက “ မဟိဒ္ဓိ” ဆိုတဲ့ပါဠိစကားကလာတာပါ။ တန်ခိုးနဲ့အာဏာ
ဟာ မတူဘူးနော်။ စကားကြွင်းလေးပြောချင်တာ ဒီနေ့ အချို့သောဗုဒ္ဓဘာသာ
တွေဟာတန်ခိုးနဲ့ အာဏာကို မပွဲပြားဘူုးဖြစ်နေတယ်။
အာဏာဆိုတာ “အာ-ဏတ္ထ” ဆိုတဲ့ ပါဠိစကားကလာတာ။ ဦးဟုတ်စိန်အဘိ-
ဓာန်ကတော အာဏာကို Commanded, enjoined သုံးတယ်။ ကဲ အာဏာ
နဲ့တန်ခိုးကိုသိပြီနော်။
ထပ်ရှင်းပြဦးမယ်။ တန်ခိုးဆိုတာ အလိုအလျှောက်ဖြစ်တာ။ အာဏာဆိုတာ
လုပ်ယူရတာ ဖန်တီးယူရတာ။ ဒီတော့က အလိုအလျှောက်ဖြစ်တာမှာ အကု-
သလဝိပါကစိတ်ပါဖို့ခဲယဉ်းတယ်။ အာဏာကြတော့ ဖြစ်ဖို့များတယ်။
ကဲ ခင်ဗျားတို့မျက်မြင် ဥပမာနဲ့ အခုလိုချပြမယ် . . ဗျာ။
မြန်မာနိုင်ငံရဲ့ 2016 ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ
သန်းပေါင်းများစွာက ချစ်လို့ ကြည်ညိုလို့ မဲပေးလိုက်တာကို ကမ္ဘာကြီးက
တောင်တုန်လှုပ်သွားတယ်။
နိုင်ငံတကာက သမ္မတတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူတွေ
လေးစားချစ်ခင်တဲ့ စံနှုန်းကြီးကို လန့်သွားကြတယ်။ ဒီလိုဖြစ်ဖို့ကိုဒေါ်အောင်
ဆန်းစုကြည်ဟာ ပြည်သူကို ငွေမပေးဘူး မခြိန်းခြောက်ဘူး။ ဘာတွေ
လုပ်ပေးမယ်လို့ ပြည့်စုံးအောင်ကတိမပေးနိုင်ခဲ့ဘူး။ သူအစွမ်းကုန်ကြိုး
စားမယ်ဆိုတဲ့စကားလုံးလေးပဲ ပြောနိုင်ခဲ့တယ်။
အဲဒါကိုပဲ ပြည်သူက အသည်းပေါက်အောင်ချစ်ခင်လေးစားကြည်ညိုနေတယ်။
ဒါကိုသည်ပင် ဒေါ်အောင်ဆန်းစုကြည်ဟာ မဟိဒ္ဓိသိဒ္ဓိရှင် Magical power ရ
ရှင်လို့ ခေါ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ထံမှာ အင်းအိုင်ခါးလှည့်လက်ဖွဲ့မရှိဘူးနော်။ ပြဒါးသေ
သံသေဓာတ်လုံလည်းရှိပုံမပေါ်ဘူး။ သို့သော် သူ့မှာ ဖမ်းဆုပ်လို့မရတဲ့
MagicalPower ကတော့ Full ပဲ။ နောက်။
ဒေါ်အောင်ဆန်းစုကြည်ဟာသေနပ်ကိုင်တပ်ဖွဲ့မဟုတ်လို့ ဘယ်ပြည်သူကိုမှ
လဲသူ့ကိုမဲမပေးရင် ထောင်ထဲထည့်ပစ်မယ်လို့ မခြိမ်းခြောက်နိုင်ဘူး။ ဘယ်
သံဃာကိုမှလည်း ထောင်ထဲမထည့်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် ဒေါ်အော
င်ဆန်းစုကြည်မှာ အာဏာမရှိဘူး။ သို့သော် ..
သူ့မှာ တန်ခိုး-မဟိဒ္ဓိဆိုတဲ့ Magical power ကတော့အပြည့်ရှိတယ်။ 
ဒီတော့က2016 မှာ ပြည်သူသန်းများစွာဟာ ဒေါ်အောင်ဆန်းစုကြည်ကို 
ရက်ရက်ရောရော ပက်ကက်စက်စက် မဲထည့်ပစ်လိုက်ကြတယ်။
ကဲ .. ရှင်းပြီလား။ တန်ခိုးဆိုတာ အဲလိုအလိုအလျှောက်ဖြစ်တာ။ အာဏာဆို
တာ လက်နက်တွေ စစ်တပ်အင်အားကြီးတွေနဲ့ ဖန်တီးလုပ်ယူရတာ။ အာဏာ
ရှိသရွေ့သူလုပ်သမျှဖြစ်တယ်။ ထောက်လှန်းရေးခင်ညွှန့်ကိုပဲကြည့်ပါ။
သူအာဏာရှိနေတုန်းက မြန်မာရုပ်မြင်သံကြားနဲ့ မြန်မာ့အလင်းသတင်းစာမှာ
သူ့ဓာတ်ပုံကြီးပဲ။ အလေးပြုလိုက်ကြတဲ့ လူတွေ တပည့်တပန်းတွေ အော
တိုက်ပေါ့ဦးသန်းရွှေက ဖမ်းပြီးထောင်ချလိုက်တဲ့အခါ သူ့ဓာတ်ပုံရော 
သူရုပ်သံရောမြန်မာပြည်သူတွေ မမြင်ရတော့ဘူး။
ဒါ့ကြောင့် မဟိဒ္ဓိရှင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ကိုထောင်
ခေါ်နေအိမ်အကျယ်ချုပ်ထဲထည့်ထားလည်းသူ့သတင်းသူရုပ်သံဖိုင်တွေဟာ
ကမ္ဘာ့အင်တာနက်အလွှ့ာပေါ်မှာသတင်းတွေပေါ်မှာ ပြန့်နှံ့နေတယ်။
ဒါ့ကြောင့် ဒီနေ့ မိတ်ဆွေများကို တန်ခိုးနဲ့အာဏာတွေရဲ့ပါဠိအနက်သဘော
ကို ကျွန်တော်ဘာသာပြန်ပေးလိုက်ပါတယ်။
ကျွန်တော်အားရင်ဖြစ်စေ အကြောင်းတိုက်ဆိုင်ရင်ဖြစ်စေ ဒေါ်အောင်ဆန်းစု
ကြည်ဘာကြောင့် တန်ခိုးကြီးရသလည်းဆိုတာကို ပိဋကတ်ထဲက ထုတ်နှုတ်
ပြီး ဓမ္မဒါနဝေငှပါဦးမယ်။
ဤဓမ္မဒါနကုသိုလ်ကို မိမိအားပါဠိစာပေကိုသင်ကြားပေးခဲ့သောတမလွန်
ရောက်ဖခင်ကြီးအား အမျှပေးဝေပါသည် Share သူသာဓုခေါ်စေသောဝ် . .။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)

No comments:

Related Posts Plugin for WordPress, Blogger...