Friday 1 January 2016

ယဉ်ကျေးမှုသယံဇာတများပေါကြွယ်ဝသော

2016 ရဲ့ ကနဦး ရင်နာသံအသစ်စက်စက်လေးပါ။
နံနက်ပိုင်ထဲကတင်မလို့ လိုင်းမကောင်းလို့အခုမှတင်ဖြစ်ပါတယ်။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
အထင်ကရ ကတော့ အိန္ဒိယနိုင်ငံပါပဲ ၊ ဗုဒ္ဓဝါဒရဲ့အထုံအငွေ့တွေဟာ
အခုတိုင်အိန္ဒိယမြေမှာကျောက်တိုင်ကျောက်ခဲအဖြစ်တည်တံ့နေတုန်း
ပင်။ ဒါကိုတွေးသိခံစားမိသောကျွန်တော့်အတွက် အိန္ဒိယမြေကို ပြန်အ
မှတ်ရနေမိပါတယ်။
ဂါယာလေဆိပ်ကိုရောက်တာနဲ့ အသားမည်းမည်းကုလားကြီးတွေမြင်ရ
လို့ လေယဉ်ပေါ်မှဆင်းရမည့်ခြေလှမ်း တုံ့ဆိုင်းသွားသော်လည်းတဒင်္ဂ
ရယ်သာ။
ဘာ့ကြောင့်ဆိုသော ဒီမြေဒီရေသည် ဗုဒ္ဓ၏ခြေတော်ရာအငွေ့အသက်
တွေပြည့်နှက်နေသည်ဟုခံစားမိ၍ပါပဲ။
အခုတစ်ဖန် ကျွန်တော်သွားချင်တာကတော့ Ajanta Caves အာဂျန္တာ
ကျောက်ဂူပါပဲ။ ယင်းကျောက်ဂူကြီးဟာ အိန္ဒိယနိုင်ငံ Aurangabad ခရိုင်
Maharahtra ပြည်နယ်မှာတည်ရှိပြီး ဂူပေါင်း ၃၀ ရှိတယ်လို့ ဆိုပါတယ်။
ကျွန်တော်ဟာ အလွမ်းဓါတ်ခံရှိသူပီပီ ယင်းအာဂျန္တာ ကျောက်ဂူကို မသေခင်
တစ်ခေါက်လောက်တော့ ရောက်ဖူးချင်ပါတယ်။
အလွမ်းဓာတ်ခံရှိသူဆိုသော်လည်း ကျွန်တော့်မှာ ကိလေသာခေါ်ချစ်သူ
အလွမ်းမျိုးတော့ မရှိပါ။ ဝန်ခံရလျှင် မရှိခဲ့တာတော့မဟုတ်ပါ။ ရှိတော့ရှိခဲ့
ပါတယ် သို့သော် မလွမ်းသင့်မလွမ်းထိုက်ဘူးထင်လို့ မလွမ်းပဲနေခဲ့တာ
မျိုးပါ။ လူရယ်လို့ဖြစ်လာပါရင် . .
“ အလွမ်းတွေ ပန်းဝေ စမ်းရေတွေ မည်မျှပင်စီးထွေပါစေဦးတော့ ”
ကုသိုလ်အလွမ်းနဲ့ အကုသိုလ်အလွမ်းကို ဝိဘဇ္ဇလုပ်နိုင်ရမည်။ ကျွန်တော်
ဟာ လူပီသသူပူပီပီ အကုသိုလ်အလွမ်းခေါ် ပစ်ရက်သူ လောကီသစ္စာ
ပျက်ယွင်းခဲ့သော ချစ်ဦးသူ (ငယ် ) ခင်ချိုအေးကို ကိုတော့ဖြင့်ကျွန်တော်
“အရိုးထိအောင် မလွမ်းလောက်ချင်ပါ” ကျွန်တော်တို့ရဲ့ ဘဝရည်မှန်းချက်
သည်လွတ်မြောက်မှုပင်ဖြစ်သည်။ ယင်းလွတ်မြောက်မှု၏ ဆန့်ကျင်ဘက်
အချုပ်အနှောင်တို့ကို သိလျှင်သိချင်း လွှတ်ချနိုင်ရမည်။
အချစ်ဟူသည် စိတ်ဝိဉာဉ်အား ဖမ်းဆီးထောင်ချလိုက်ခြင်းတစ်မျိုးပင်ဖြစ်
သည်။ ချစ်သူနှင့် ရှင်လျှက်ကွဲကွာရခြင်း သေလျှက်ခွဲခွာရခြင်းအပေါ်
စွဲလမ်းတမ်းတမြင်ယောင်နေမိပါက ယင်းသည် အချစ်ဟူသောတဏှာ
ထောင်ဝယ် သေဒါဏ်ပေးခံလိုက်ရခြင်းပင်ဖြစ်သည်။
ယင်းကိုသိမြင်နားလည်နိုင်ပြီး ကျင့်သုံးနိုင်မှသာလျှင် ကျွန်တော်တို့၏
မနုဿဆိုသော လူဖြစ်ရခြင်း၏ ရသအမှန်ကိုခံစားခွင့်ရမည်ဖြစ်သည်။
ဘဝဟူသည် အချစ်နှင့်ဒွန်တွဲလာခဲ့သော ဒွိယံတရားကိုယ်ပင်တည်း။
ယင်းသို့ အစုံအမအယှဉ်တွဲ အမြဲစွဲလာခဲ့သော သမုဒယသံယောဇဉ်တို့
သည် တစ်ဟုန်းဟုန်းတောက်သောမီးတောက်မီလျှံကြီးထက်ပင် အရှိန်
ကောင်းလှသည်လောင်ချက်သားကပြင်းထန် အပူအလျှံက များလှသည်။
ထို့ကြောင့် ကျွန်တော်တို့၏ဝန်းကျင်တွင် အချစ်၏သားကောင်သမီးကောင်
များအဖြစ် အရက်စွဲ၊ဘိန်းစွဲဆေးစွဲ၍ စတေးသွားခဲ့ကြရသော ဖြစ်ရပ်များ
မနည်းလှပေ။ ယင်းကား လူဖြစ်ရှုံးခဲ့ရသော ဘဝပင်တည်း။
ကျွန်တော်သည် ဒါကို ကောင်းစွာဝိဘဇ္ဇလုပ်နိုင်ခဲ့သည် အစွဲဟူသမျှကို မ
လမ်းတော့ဘဲ လမ်းပေါ်မှာတင်ထားရစ်နိုင်အောင်ကြိုးစားခဲ့သည်။ မခိုင်မြဲ
သော ဘဝ၏ အခိုင်ခံ့သောအချစ်တို့ကို ပြီးစလွယ်ထားရစ်တက်သောစိတ်
အား ကျွန်တော်ထားနိုင်ခဲ့သည်။
ထို့အတွက် ကျွန်တော်လွတ်မြောက်မှုအတော်အတန်ရခဲ့သည်။ ငြိမ်းအေးမှု
သုခကို ခံစားခွင့်ရခဲ့သည်။
သို့သော်လည်း ကိုယ်ကျိုးစီးပွားဝိသမလောဘမုဆိုးကြီးများဖြစ်ကြသော 
ခေတ်အခေါ် ခရိုနီများ၊အာဏာရူးများကြောင့် မြန်မာနိုင်ငံမှအစပြု၍ ကမ္ဘာ့
မြေမျက်နှာပြင်ပေါ်တွင် နေ့စဉ် သွေးချောင်းစီးနေရသည်မဟုတ်ပါလော။
ယင်းလောဘတဏှအားကြီးသောခရိုနီအာဏာရူးမုဆိုးကြီးများသည် ကမ္ဘာ
လောကအား ဘာသာရေးကိုခုတုံးလုပ်၍ ဖျက်ဆီးခဲ့ကြသည့်ဖြစ်ရပ်များ
လည်းရှိသေးသည်။
လူသားတို့၏ ဥပါဒါန်စွဲလမ်းယုံကြည်မှုကို ယင်းလူမိစ္ဆာလူ့မုဆိုးကြီးများက
ဘုရားဝါဒကိုခြေယောင်ပြကာ ဘာသာရေးအဓိကရုဏ်းစစ်ပွဲများအဖြစ်
လည်း ဖန်တီးကြသည်။
ထိုလူ့မိစ္ဆာ လူ့ဘီဘူးအာဏာရူးတို့၏ မတော်လောကိုဆိုဆုံမလိုတော်မူ
သောအားဖြင့်ကိုသိမြင်တော်မူခဲ့သော ဗုဒ္ဓသည် အိန္ဒိယမြေ၌ အာဏာစွန့်
ပယ်ရေးလမ်းစဉ်ကို ကိုယ်တိုင် စဦးတီထွင်စံနမူနာအဖြစ် ထီးနန်းနှင့်ဇနီး
အလှသားရတနာတို့ကို စွန့်ကာ တောထွက်၍ ရသေ့ရဟန်းပြုတော်မူခဲ့
သည်။ ဤသည်ပြယုဂ်ကား အိန္ဒိယမြေ၏ ကမ္ဘာကျော်နိုဘယ်ဆုရစာရေး
ဆရာတစ်ဦး၏ စိတ်ကူးယဉ်ဖန်တီးထားသော ဇာတ်လမ်းဇာတ်ထုတ် ဇာတ်
ကွက် မဟုတ်ပေ။ တကယ့်ဖြစ်ရပ်ကြီးတစ်ခုပင်တည်း။
ကျွန်ုပ်တို့သည် ဗုဒ္ဓ၏လမ်းစဉ်ကို အမှန်အကန်ကျင့်သုံးမည်ဆိုပါကဗုဒ္ဓကိုယ်
တော်တိုင်လျှောက်လှမ်းခဲ့သော“အလောဘလမ်းစဉ်” ကိုလျှောက်ကြရမည်
ဖြစ်သည်။
ယနေ့2015 ခုနှစ်အထိမြန်မာနိုင်ငံရေးသမိုင်းတွင် နှစ်ထမ်းကြာအုပ်ချုပ်မင်း
မူခဲ့ကြသော သူများသည် ဗုဒ္ဓလမ်းစဉ်ကိုဖိလာကန့်လျှောက်ခဲ့ကြပြီး စေတီ
ပုထိုးများအား ဖျက်ဆီးခြင်း။ ရဟန်းသံဃာတော်များအားသတ်ဖြတ်/
ထောင်ချ/မီးလောင်ဗုံးဖြင့်ပစ်သတ်ခြင်းစသောမဟာအကုသိုလ်လုပ်ရပ်ကြီး
ခေါ်မဟာအဝီစိလမ်းစဉ်ကိုဖေါက်ကြ လျှောက်ကြသည်။
ကဲ .. ထိုသူတို့အတွက် ကုသိုလ်သည် အဘယ်မျှ ပါးရှားလှပါသနည်း။ 
ယနေ့ မြန်မာနိုင်ငံတွင် ဗုဒ္ဓလမ်းစဉ်ကိုလျှောက်လှမ်းသူဟူသောသာဝက
တို့သည် ယုတ်လျှော့နေပြီဖြစ်သော်လည်း ပုဂံမြေတွင် စေတီပုထိုးများက
တော့ဖြင့် ကျန်ရစ်နေသေးသလို အိန္ဒိယမြေတွင်လည်း အာဂျန္တာကျောက်ဂူ
ကဲ့သို့သော ဗုဒ္ဓအမွေအနှစ်တို့ ရှိနေပါသေးသည်။
ကျွန်ုပ်၏လူဖြစ့်ခွင့်တွင် လူပီသသောအလွမ်းအတွက် ပုဂံမြေကိုလွမ်းမိ
သကဲ့သို့အာဂျန္တာကိုလည်းလွမ်းမိပြန်ပါသည်။ ဗုဒ္ဓနှင့်ဗုဒ္ဓသာသနာကို
ဖျက်ဆီးခဲ့သောအာဏာရူးများကြောင့် ပုဂံမြေ၏ဗုဒ္ဓအငွေ့အသက်တို့သည်
ပါးရှားနေပြီဖြစ်သော်လည်း အိန္ဒိယမြေတွင် အာဂျာန္တာကျောက်ဂူသည်
၁၉၈၃ခုနှစ်ကတည်းက ကမ္ဘာ့ရှေးဟောင်းသုတေသနအဖွဲ့ခေါ် UNESCO
က ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားခဲ့ပြီးပါပြီ။
ဒါ့ကြောင့် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ကျွန်ုပ်နှစ်ချိုက်မိပါသည်။
မြန်မာပြည်တွင် ဦးနေဝင်း၏ စွန့်ဦးတီထွင် မိုက်မဲ့မှုကြောင့် ပုဂံ ယခုတိုင်
အောင် အားလုံးစုံ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်မခံ
ရသေးပေ။ ထို့ကြောင့်ကျွန်ုပ်သည် အာဏာရူးစနစ်ကို စက်စုတ်ရွံရှာတော်မူ
ခဲခြင်းဖြစ်ပါသည်။
အကယ်၍သာ လွတ်လပ်ရေးရပြီးကတည်းက အမေရီကန်တို့လို သူတော်
ကောင်း သမ္မတမင်းများအုပ်ချုပ်ခဲ့မူ မြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင်
ယဉ်ကျေးမှုသယံဇာတများပေါကြွယ်ဝသော နိုင်ငံတစ်ငံအဖြစ် ရပ်တည်နေ
မည်မှာမလွဲဧကန်ပင်ဖြစ်သည်။
အခု ရောက်ဆဲ 31.12.2015 မှာ ပုဂံကိုအနှံ့သွားကြည့်စမ်းပါ။
ထိမ်းသိမ်းသင့်ထိမ်းသိမ်းထိုက်သော ယဉ်ကျေးမှုများကို သင်တို့မျက်
ဝါးထင်ထင်တွေ့မြင်ရမည်ဖြစ်သည်။ သို့သော် အာဏာရစ်မူးတဏှာရူး
သူတို့သည် ပုဂံမြေကိုမျက်ကွယ်ပြု၍ ဟိုတယ်ကြီးတွေဆောက်ကြကာ
စီးပွားရှာနေကြသည်ကိုသာမြင်နေရသည်။
ထိုသည်ကို သိမြင်ရသော ကျွန်တော့အတွက်တော့ရင်နာစွာဖြင့်ပင်
ကျွန်တော့အား ပါဠိစာပေကို သင်ကြားပေးခဲ့သော အဖေ့ကိုလွမ်းမိသလို
အနော်ရထာကို လွမ်းသည် ၊ ကျန်စစ်မင်းကိုလွမ်းသည်
ပုဂံမြေကိုလွမ်းသကဲ့သို့ . . . .. ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များကိုလွမ်းမိရင်း
သည် အလွမ်းစာကို သိရလိုက်ပါသတည်း။
အာဂျန္တာကျောက်ဂူနှင့် နံရံပန်းချီများကို ဓမ္မသံဝေဂပွားများလိုပါကအောက်ပါ
လင့်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
ဣဒံ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု
ဒိုးကြီး (ဝိဘဇ္ဇ)

No comments:

Related Posts Plugin for WordPress, Blogger...