Wednesday 6 January 2016

Help our family .

Help our family .
Help our Myanmar country .
♥  ♥ ♥  ♥  ♥   ♥  ♥ ♥  ♥ ♥  ♥ 
ကျွန်တော် ကင်မရာသင်တန်းတက်တော့ ဆရာဖြစ်သူမင်းဇေယျက
အခုမေးတယ်။
“ ဘာကြောင့် ကင်မရာဝါသနာပါရတာလည်း”
သင်တန်းသား အယောက်သုံးဆယ်လောက်လောက်ရှိမယ်ထင်ပါတယ်။
ကျွန်တော်အခုလို ပြန်ဖြေလိုက်ပါတယ်
“ မြန်မာနိုင်ငံမှာရှိတဲ့ယဉ်ကျေးမှုတွေကိုထိမ်းသိမ်းထားချင်လို့ပါ”
“ ခေတ်အဆက်ဆက် အာဏာရှင်တွေ ဖျက်ဆီးခြင်းခံလိုက်ရတဲ့
မြန်မာနိုင်ငံကြီးကို သိမ်းထားချင်လို့ပါ ”
စသည်ဖြင့် စသည်ဖြင့်ယင်းကဲ့သို့သောအဓိပ္ပါယ်နိဿယကိုမှီး၍ဖြေဆိုခဲ့ဖူး
ပါတယ်။
ဟုတ်ကဲ့ . .. ကျွန်တော် မမှီနိုင်တော့တဲ့ သစ်သီးတစ်လုံးကို မရနိုင်
ဘူးဆိုရင်တောင်ကျွန်တော် ကျိုးစားချင်ပါသေးတယ်။
ဒီလိုစိတ်နဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူပြည်သားတွေရဲ့ ဘဝဒုက္ခိတကို
အခုလိုမှတ်တမ်းတင် ငိုပြလိုက်ရတာပါ။
တကယ်တော့လည်း ကျွန်တော် Help our family . ဆိုတဲ့စကား
လုံးကို တမင်ဖန်တီးလိုက်တာမဟုတ်ပါဘူး။ ဓာတ်ပုံထဲက ကလေး
ငယ်လေးရဲ့ဘဝကို တစ်ထပ်တည်းကျအောင် စိတ်သက်မိရာကနေ . .
“Help our family .”
“Help our Myanmar country .”
လို့ ရင်ထဲက ထွက်ကျလာခဲ့တာပါ။
ကျွန်တော် ထိုစကားလုံးကို အကြိမ်ရာထပ်ထပ် တီးတိုးရေရွတ်နေ
မိပါတယ်။
“ ပြော ကြည့်တာပေါ့လေ . . ကျွန်တော့ ရင်ထဲပေါ့သွားမလားလို့ . .ပါ။”
မည်သူမဆို ကျွန်တော့လိုပဲ လွတ်လပ်စွာ ခံစားနိုင်ပါစေ . .
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)


No comments:

Related Posts Plugin for WordPress, Blogger...