Tuesday 26 January 2016

YANGON WINTER and CHINESE BULLDOZER

ရန်ကုန်ရာသီက တကယ့်ဆောင်း မကြုံစဘူး ကြုံရဖူးပေါ့
ထိုဆောင်းရဲ့ရန်ကုန်မှာမိုးတွေရွာလို့ ထိုရန်ကုန်မှော်ဘီတို့
ဒဂုံတို့မှာ ဘော်ဒိုဇာနဲ့ထိုးကော်ဖျက်ဆီးခံနေရတဲ့မိသားစု
တွေရဲ့ဘဝကို ကျွန်တော် ဝင်ခံစားမိပါတယ်။
ရင်နာသံ အက်အက်နဲ့ အော်သံတွေ .. .
ထုလို့မနာတော့တဲ့ ရင်ကို ထုထုရင်း အိုနေကြတဲ့ အမေတို့ရဲ့
ရင်ခွင်မှာ ဘာမှမသိတဲ့ လူမမယ် .. ။
လေးစားပါတယ် . .. အဘတို့ရယ် ဆက်ပြီး မမိုက်မဲ့ကြပါတော့နဲ့ .. ။
ရာသီဥတုတို့၏ ဖေါက်ပြန်မှု သင်္ခါရတရားကို သတိထားရှု့မှတ်ပြီး
မိမိတို့၏ ဇာတိဇရာမရဏသင်္ခါရတရားကိုနှလုံးသွင်း၍ အတ္တလောဘ
အလိုဆိုးအဓမ္မဝါဒတရားတို့ကို စွန့်လွှတ်နိုင်ပါစေ
သတ္တလောကကြီးတစ်ခုလုံး . .
အကြင်နာတရားတို့လွှမ်းခြုံ ဗြဟ္မာစိုရ်တရားတို့မွှမ်းထုံနိုင်ပါစေ . .
ဤအပ္ပမာဒတရားအား မည်သူမဆို လွတ်လပ်စွာ Share ယူစားသုံး
ဓမ္မသံဝေဃ ပေးလှူနိုင်ပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...