Monday 1 June 2015

မြန်မာတွေ ဗဟုသုတကြောင့်ကြမဲ့နေကြသောကြောင့် သံယံဇတများတရုတ်ခိုးယူ

ရွှေမျှောလုပ်ငန်းများကို တရားမ၀င်တူးဖော်နေသည့်ကိစ္စ စစ်ကိုင်းတိုင်းအစိုးရ မသိချင်ယောင်ဆောင်နေပါက ချင်းတွင်းမြစ်ကြီး သေဆုံးသွားမည်ဟု ဆို


ရွှေမျှောလုပ်ငန်းများကိုစစ်ကိုင်းတိုင်းဒေသကြီး တောတောင်များအတွင်း
အကြီးအကျယ် တရားမ၀င်တူးဖော်နေသည့်ကိစ္စကို စစ်ကိုင်းတိုင်းဒေ သကြီး
အစိုးရအနေဖြင့် သိရှိလျှက်နှင့်မသိချင်ယောင် ဆောင်နေမည်ဆိုပါက မကြာ
မီအချိန်တွင် ချင်းတွင်းမြစ်ကြီးသေ ဆုံးသွားမည်ဖြစ်ကြောင်း ၊ ဧရာဝတီမြစ်ပြီး
လျှင် ချင်းတွင်းမြစ်သည် ဒုတိယအန္တရာယ် အရှိဆုံး နှင့် ပြည်သူ များကို ခြိမ်း
ခြောက်နေသည့် မြစ်ဖြစ်သည် ကိုသတိထားစေချင် သည် ဟု ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက The Ladies သို့ပြောသည်။
ချင်းတွင်းမြစ်တစ်လျှောက်တွင်တရားမဝင် ရွှေသတ္တုတူးဖော်မှုကြောင့် တော
တောင်များ ပျောက်ကွယ်သွားခြင်း၊ ကျေးရွာများရွာလုံးကျွတ် ပျောက်ကွယ်
သွားခြင်း အစရှိသည့် သတင်းအချက်အလက်များ ယနေ့အချိန်အထိ လက်ခံ
ရရှိမှု မရှိခြင်း မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ရာတွင်လည်း
ထိုသို့ ပျောက်ကွယ်သည်ဆိုသည့် သတင်း အချက်များ မရှိခြင်းတို့ကြောင့်
သတင်းအချက်အလက်များ တိကျခိုင်မာစွာ ရရှိရေး မေးမြန်းစုံစမ်း မှုများ
ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး သတ္တုတွင်း စီမံကိန်း ရုံးအနေဖြင့်
တရားမဝင် ရွှေသတ္တု တူးဖော်လုပ်ကိုင်ဆောင်ရွက်မှုများ စစ်ဆေးတွေ့ရှိပါက
တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူခြင်း များ ပြုလုပ် လျက်ရှိပြီး၊
ချင်းတွင်းမြစ် ဝဲယာတစ်လျှောက် တွင် လည်း ရွှေတူးဖော်သည့် လုပ်ကွက် များ
အား မြစ်ကမ်းဘေးမှ အနည်းဆုံး အကွာအဝေး ပေ ၃၀၀ ကျော် ချန်လှပ်နိုင်ရေး စိစစ်ကြပ်မတ်လျက်ရှိသည် ဟု သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်
ကျော်ဝင်း လွှတ်တော်အစည်း အဝေးတွင်ပြောဆိုထားသည်။
“သူတို့က ဒီနေရာတွေကို ရွှေလုပ်ကွက်ပေးထားတာ မြစ်ကမ်းနံဘေးနဲ့ ပေသုံးရာ
အကွာ မှာပဲ လုပ်ခွင့်ပေးထားတာပါတဲ့ ၊ပါဝါပွိုင့်နဲ့ပြတဲ့အ ချိန်မှာ မြစ်ကမ်းနံဘေးမှာ
တင်ပဲေ၇ွှမျှောတွေ တိုက်ချတာပြထားတယ် ။နောက်တစ်ခုက သူ တို့ဒီနေရာ
ဂေဟ စနစ်တွေ ပျက်သွားတယ်ဆိုတာတိုင်တော တဲ့သူ မရှိပါဘူးတဲ့ အဲဒီအတွက်
သူတို့အရေးမယူ ဘူးပေါ့နော်ကျွန်မတို့အနေနဲ့ လွှတ်တော်ထဲကနေ တရားဝင်ဒီ
လိုကိစ္စမျိုး ကို ပြောတယ်ဆိုတာ လွှတ်တော်ထဲကနေ အသိပေး အကြောင်းကြား
လိုက်တာ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ ကိုလွှတ်တော်က တိုင်လိုက်တဲ့
ဟာမျိုး၊ ဒါကို ဒီလိုမျိုးကို ဂေဟစနစ်အကြီးအကျယ် ပျက်စီးသွားတဲ့ ဟာကို တိုင်
တဲ့လူရှိမှ ပဲ ကုမ္မဏီတွေကို အရေးယူမှာလား စည်းကမ်းပျက်နေတဲ့ ကုမ္မဏီတွေကို
အရေးယူ ဖို့အစီအစဉ် မရှိဘူးလား အခုလွှတ်တော်က တရားဝင်တိုင်လိုက်ပြီ တ
ရားဝင်ပြောလိုက်ပြီ ဒါကို လွှတ်တော်ကနေ အသိပေးတာ ဖြစ်တဲ့အတွက် အရေး
ယူဆောင်ရွက်မှု မလုပ်ဘူးလား ဆိုတာကိုမေး ချင်တယ်” ဟု ဒေါ်စန္ဒာမင်း
ကပြောသည်။
ထို့အတူ ခန္တီးမြို့နယ်ရှိ ပေါင်ဆိုင်ကျေးရွာ ဧရိယာတွင် ကျောက်မျက် ရတနာ
ရောင်းဝယ်ရေး လုပ်ငန်းမှ သတ်မှတ်ထားသော ခန္တီး ကျောက်မျက် ရတနာ
နယ်မြေ ဧရိယာအတွင်း အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ အသေးစား/အကြီး
စား ရွှေတူးဖော်မှု လုပ်ကွက်များ တရားဝင် ခွင့်ပြုချ ထားပေးခဲ့ခြင်းမရှိကြောင်း၊
 ထို့အပြင် တရားမဝင်ရွှေတူးဖော်မှုနှင့် ပတ်သက်ပြီး တင်ပြတိုင်ကြားလာမှု မ
ရှိခြင်းနှင့် ခန္တီးကျောက်မျက် ရတနာနယ်မြေအဖြစ် သတ်မှတ် ထားသော ဧရိ
ယာ ဖြစ်နေခြင်းတို့ကြောင့် ဝင်ရောက်စစ်ဆေးနိုင်ခြင်းမရှိဘဲ တင်ပြ တိုင်ကြား
လာမှုများ ရှိလာပါကလည်း သတ္တုတွင်းဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ တိုင်းဒေ
သကြီး အစိုးရအဖွဲ့၏ စီမံကွပ်ကွဲမှုဖြင့် ကွင်းဆင်းစစ်ဆေး ဖမ်းဆီးမှုများ ဆော
င်ရွက် သွားမည်ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးေ
ကျာ်ကျော်ဝင်း လွှတ်တော်အစည်းအဝေးတွင်ပြောဆိုခဲ့သည်။
“သူတို့ကဒီနေရာက ကျောက်မျက်ရတနာနယ်မြေသတ်မှတ်ထားတဲ့ဧရိယာထဲ
ကျရောက် တယ်၊ ဒါပေမယ့်မည်သည့်ကုမ္မဏီကိုမှ တရားဝင်လုပ်ခွင့် မပေး
ထားပါဘူး အဲလိုပြော တယ်၊ဒီလောက်ကုမ္မဏီပေါင်း တရားဝင်၁၀ခု တရား
မ၀င်အခု၂၀ လောက် လာပြီး တူးနေတဲ့ဟာကို သက်ဆိုင် ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်မသိဘူးဆိုရင်တောင် မြို့နယ် အုပ်ချုပ်ရေး မှုးလောက်က မသိဘူး
လား ဒါကိုအကြောင်းမကြားဘူး လားဆိုတာ ကိုမေးချင် တယ်”ဟု ဒေါ်စန္ဒာမင်းကဆက်လက်ပြောဆိုခဲ့သည်။
သတင်း -ဇော်မင်းထွန်း
The Ladies News Journal

No comments:

Related Posts Plugin for WordPress, Blogger...