Tuesday 2 June 2015

ပါရမီမြောက် (သို့) ဇွတ်စိတ်



ကျွန်တော့ရဲ့ ̏ ဇွတ်စိတ်˝ က သူများပါးစပ်မှာ လမ်းမဆုံးတက်တဲ့အကျင့်
ပါပဲ။ ပန်းချီဆွဲလည်း ကျွန်တော်ခံစားချက်နဲ့ဆွဲသလို ဓာတ်ပုံရိုက်လည်း
ခံစားချက်ကိုပဲဦးစားပေးရိုက်ပါတယ်။
ဘယ်ဆရာကြီးကဘယ်လိုရိုက်တယ် ဘယ်ဂုရုကြီးက ပန်းချီကိုဘယ်လို
ဆွဲတယ်  . . စတဲ့ မူဘောင်တွေကိုစိတ်မဝင်စားလေ့မရှိပါဘူး။ လူ့ဘဝ
ရဲ့တစ်ခဏမှာ ကိုယ့်ခံစားချက်ကိုပဲ ဦးစားပေးပါတယ်။ ချွင်းချက်အနေ
နဲ့ကိုခံစားချက်က လောကကိုပျက်စီးစေတယ်ဆိုရင်တော့ ယင်းခံစား
ချက်ကို စွန့်လွှတ်လိုက်မှာပါ။
ကမ္ဘာကျော်ပန်းချီပဏ္ဍိတ်ကြီး VAN GOGH ပန်ချီတွေကိုကြည့်ပြီးတော့
ပဏ္ဍိတ်ကြီးကတော့ဖြင့် ဘယ်လိုဆွဲတယ်၊ ဘယ်လိုအယူအဆတွေနဲ့
ကာလာကိုသုံးသွားတယ် စသည်ဖြင့် ကောက်ကြောင်းအတွေးတွေကို
တွေးဆယူငင်တာထက် ကိုယ့်ရဲ့ပင်ကိုယ်ကိုယ်ရေကိုယ်သွေးကို လွတ်
လပ်စွာအသုံးချချင်တဲ့ ငြင်ကြီးကို ကျွန်တော် သဘောကြတယ်ဗျ။
 ̏ ဇွတ်စိတ်˝ လို့ပဲထင်ပါတယ်။  ဒီနေရာမှာ မာနမပါဘူးနော် ၊ ထိုသူဟာ
ကိုယ့်ထက် ဂုဏ်မြင့်လို့ဆိုတဲ့ သိမ်ငယ်စိတ်လည်းမမွေးမြူပါဘူး။
သူလည်းလူကိုယ်လည်းလူ ၊သူလည်းသေသွားပြီး ကိုယ်လည်းသေရဦး
မယ်။ အဲလို လူဖြစ်ခိုက်မှာ၊ လွတ်လပ်သောအတွေးစများလွတ်လပ်
သော အယူအဆများ ၊ လွပ်လပ်သော ယုံကြည်ချက်များလွတ်လပ်
သောလွတ်မြောက်ခြင်းများဖြစ်သော ̏  ဝိမုတ္တိရသ˝ ကို ခံစားခြင်တာပါ။
အဲလို FREEDOM စိတ်ကြောင့် ငယ်စဉ်ကတည်းက ဘယ်အရာကိုမဆို
 ̏ တရားသေ တစ်ဝါဒ တစ်ငြင်ဆိုး˝ မျိုးကို ကျွန်တော် ကောင်းစွာလျှော်
ဖွတ်နိုင်ခဲ့ပါတယ်။
ကျွန်တော်ဆွဲခဲ့တဲ့ ပန်းချီတွေ  . ..
ကျွန်တော်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ  .  အားလုံးမှာ အခုပြောခဲ့တဲ့ freedom
စိတ်တွေနဲ့ပဲ ဆွဲခဲ့ ရိုက်ခဲ့ပါတယ်။ ဒါဒီလွတ်လပ်စိတ်ထဲမှာ မျက်မှောက်
ခေတ်နိုင်ငံရေးအခင်းအကျင်းနဲ့ ပြည်သူတွေရဲ့အတိဒုက္ခကို တက်နိုင်သ
လောက်ပါအောင် ဂရုစိုက်ခဲ့ပါတယ်။
အဲဒီစိတ်ကလေးကိုကပဲ  .. .  ပါရမီမြောက်နေပြီမဟုတ်ပါလော  . .
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

1 comment:

Unknown said...

အနုဆိုတာ ဘောင်ခတ် သတ်မှတ်ထားတဲ့ တရားသေ၀ါဒတွေ စံနှုန်းတွေနဲ့ အကဲဖြတ် တိုင်းတာလို့ မရစကောင်းပါ။
ခံစားချက်ကို လွတ်လပ်စွာ တင်ပြ ပုံဖော်နိုင်စွမ်းကိုသာ အနုပညာလို့ ယူဆထားပါတယ်။
ခင်မင်စွာဖြင့်...

Related Posts Plugin for WordPress, Blogger...