Friday 19 June 2015

ကြီးမိုက် . . . .


ကြီးမိုက် . . . .
သေရင်ကိုယ့်နောက်ကို  . .
ဒေါ်လာ, ရွှေငွေ ,ရာထူးအာဏာတွေ
ယူသွားလို့မရဘူးဆိုတာ  ..  သူတို့သိကြပါတယ်။

ဒီလိုပြည်သူတွေ  . .
မျက်ရည်ကြီးပေါက်ကျရင် ကိုယ်လည်းတစ်ဖန်
ပြန်လည်ဝဋ်ကျွေးသင့်မယ်ဆိုတာ  . ..  သူတို့သိကြပါတယ်။

ဒါပေမယ့်  . .  ကြီးလေးသောပစ္စုပ္ပန်
လောဘ တရားဆိုးကြီးက သူတို့ကို လောင်ကျွမ်းစေခဲ့တယ် . .

ဒါနဲ့ပဲ  . ..
စိန်တွေ  ..  ရွှေတွေ  .. ဒေါ်လာတွေကို တမက်တမော
ခိုးယူ  ..  တိုက်ယူ  ..  လုယူ  .. သတ်ယူ ခဲ့ကြတယ် . .။

ဒီလိုနဲ့  . .
ကြီးတော့မှ ပိုမိုမိုက်မဲလာကြတော့တယ်  . .
ကြီးလေကြီးလေ သံဝေဃရရမည့်အစား
ကြီးလေ  မိုက်မဲလေ  . ကြီးလေ မိုက်မဲလေတော့တယ်။

မကြာတော့မည့်  ..
Aသမင်းရဲ့နံက်ခင်းဟာ
သူတို့ကို လက်ဆွဲခေါ်ငင်သွားပေတော့မည်  .. ။

ထိုကြီးမိုက်ကြီးတို့သည် . .
ငရဲခရီး  . .နီးခဲ့ပေတော့သည်. .။
အဟာဝိစီခရီး  ..  လျှောက်ခဲ့ပေတော့သည်  .. ။

အို  .. .
သင်္ခါရလောကကို အတ္တလောဘဖြင့်ရှု့မြင်သုံးသပ်ခဲ့ကြသော
ကြီးမိုက်ကြီးတို့သည် . . . .။

သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုကြီး

No comments:

Related Posts Plugin for WordPress, Blogger...