Saturday 13 June 2015

ဗမာအချုင်းချင်းလည်း ဈေးတင်ရောင်းနေပြီ



ဗိန္ဓောဆေးဆရာကို  ပရဆေးဆိုင်က သတ်တယ်။
ပန်းချီဆရာကို Paint Accessories ဆိုင်တွေက သတ်တယ် ။
ရဟန်းကို ကိုယ်နှုတ်မစောင့်စည်းမှုက သတ်တယ်။
စသည်ဖြင့် စသည်ဖြင့် သတိပေးလိုက်ပါတယ်။
Golden Tiger ဆိုင်တွင် 7000 ကျပ်သာပေးရသော
ဆေးကို ( ---------- ) ထိုဆိုင်တွင် 9000 ကျပ်ဖြင့်ရောင်း
ပါသည်။
ဖြစ်ပုံမှာ  . . . .
ကျွန်တောက ဗမာအချင်းချင်းဆိုပြီး 9000 ကျပ်ဖြင့်
(------------)ဆိုင်တွင် ဝယ်လိုက်ပါသည်။
အမှတ်မထင် ပန်ချီကားတင်ဆွဲဖို့ Tripod တစ်ချောင်းလိုက်
ဝယ်ရာမှ ရွှေကျား Golden Tiger ဆိုင်သို့ရောက်ခဲ့သည်။
ထိုအခါ ကျွန်တော်ဝယ်ခဲ့သော  (--------------) ဆိုင်က
ဆေးတစ်ဗူးလျှင် 2000ကျပ် ဈေးတင်ရောင်းမှန်းသိရပါ
တော့သည်။
ကျွန်တော်ဝယ်လာသော color များမှာစုစုပေါင်း ငါးမျိုးမို့
ငွေတစ်သောင်းကျပ် ဈေးပိုပေးခဲ့ရပါသည်။
ယင်းဆိုင်နာမည်ကို ထုတ်ဖေါ်ပြောပါက အမုန်းပွားအညိုး
ထားမည်ဖြစ်ပါ၍ ဆိုင်နာမည်ကိုမပြောဘဲ  .. ပန်းချိဆရာများ
ဆေးဈေူးနှုန်းအမှန်ကိုသိရန် အခုလိုတင်ပြလိုက်ခြင်းဖြစ်ပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...