Sunday 7 June 2015

စိတ်၏စေရာ



စိတ်၏စေရာ ၊ ပုံရုပ်လွှာကား
မပီမသ ၊ တိတိလှ၏ ။

ဘဝခန္ဓာ ၊ အိုရုပ်လွှာကား
စက္ကန့်တိုင်းပျက် ယိုနှိပ်စက်၏ ။

နံက်မိုးသောက် ၊ နေဝင်ပျောက်ထိ
ဉာည့်စက် ခါလီ ၊ ချိန်ကုန်ပြီ ။

ထိပြုံန်းဖြစ်ပျက် ၊ သင်္ခါရစက်ကို
မြင်အောင်လည်းကြည့် ၊ ခါခါသိလော့ ။

ဇာတိ ဇရာ ၊ မရဏကား
သင်ကြည့်နိုင်မှ သတိရ၏ ။

သင်ကားမေ့လျှော့ ၊ ပမာကျော့က
အိုပြီးရင်းအို သေပြီးရင်းသေ ခန္ဓာတွေ ။

အပ္ပမာဒ၊ သတိချမှ ၊
အိုနာသေလွတ် ၊ နိဗ္ဗာန်ထွဋ် ။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...