Thursday 4 June 2015

အနုပညာထဲမှာ အိပ့်မောကျနေ . .သောသူ



ပန်းချီတွေဆွဲကြတယ်၊ ဓာတ်ပုံတွေရိုက်ကြတယ်ဆိုတာ စုပ်တံကိုင်တာခြင်း
ကင်မရာကိုင်တာခြင်းတော့ တူပါတယ်။ သို့သော်  . . ခံစားချက်ယူဆပုံတွေ
ကတော့ဖြင့် လွန်လွန်ကျူးကျူးပေါက်ထွက်ကွဲလွဲကြတယ်ဆိုတာကို သတိ
ထားတက်ဖို့လိုပါတယ်။ ဒါကို အချို့က  ̏ ပမာဒ˝ တွေဖြစ်နေကြတယ်  . ဗျ။
ဒါ့ကြောင့်ဘဲ မရှိအပ်သော မာန်မာနတွေဝင်ပြီး . . .
  ̏ ငါဆွဲတဲ့ လက်ရာက အကောင်းဆုံး˝
  ̏ ငါ့ဆိုတဲ့ကောင်က ပန်းချီ တစ်ကားကို ဒေါ်လာ သုံးထောင်နဲ့ ရောင်းစားနေ
တဲ့ကောင်ကွ˝
ဟုတ်ပါလိမ့်မယ် အဲဒီကောင်ဟာ အနုပညာကောင်တော့မဟုတ်ဘူး  . .ဗျ။
 သူပြောတဲ့စကားလို ̏ ဒေါ်လာကောင်ကြီးပါ˝ . .ခင်ဗျား။
 ̏ ငါရိုက်လိုက်တဲ့ ဓာတ်ပုံမှ Picture ဖြစ်တာ ˝
 ̏  ငါက ကမ္ဘာကျော် ဆုကြီးတွေ တသီတစ်သန်းကြီးရထားတာ ˝
 ဟုတ်ပါလိမ့်မယ်  ..  အဲဒီကောင်ဟာ ̏ ဆုပန်ထွာ˝ အဆင့်ပါ။
 စသော  . .  စသော  . .  ထွေရာလေးပါးဖြင့် ဂုဏ်မောက်နေတက်ကြပါ
တယ်  . .. ။
ကျွန်တော် ဒိုးကြီးကတော့ဖြင့်  . . . .
 အကောင်းဆုံးတွေကို မဖန်တီးနိုင်ပါဘူး  . . သို့သော် ကိုယ့်ရင်ဘတ်ကို
တော့ အနုပညာထဲမှာမှာ အိပ့်ငွေ့ချထားပါတယ်  . .
သက်သေအနေပြောရရင်  . ..  အသက်လေးဆယ်ကျော်ပါပြီ  . .
ဒိုးကြီးရင်ဘက်ထဲမှာ အနုပညာပဲရှိတယ်  ..  အနုပညာနဲ့ပဲပျှော်မွေ့ခဲ့ပါ
တယ်  . .ကုန်ကုန်ပြောရရင် အမေနဲ့ မဆုံဖြစ်ခဲ့တာ (10) နှစ်ရှိခဲ့ပါပြီ။
ကဲ  .. .  ယုံကြမှာလား  . .?
အနုပညာဟာ ကျွန်တော်အသက်မဟုတ်ပေမယ့် ကျွန်တော့ရဲ့ဘဝတစ်
ခုဆိုတာတော့ တကယ်ပါပဲ  .. .  ။
ကျွန်တော့်အနုပညာမှာ  . .. .
အရောင်ခပ်ပြစ်ပြစ်တွေမပါဘူး  . . ။
အချိုးအစားမပြေပြစ်တဲ့ ခွတီးခွတစကားလုံးတွေမရောယှက်ဘူး . . ။
ခင်ဗျားတို့ ကြုံရင် ကျွန်တော့ Blog ကိုဝင်လည်ကြည့်ပါ။ ငါအကျိုးစီးပွား
အတွက် ဘယ်သံယံဇာတကိုမှမရောင်းစားခဲ့ဘူးဆိုတာကိုတွေ့ရပါလိမ့်မယ်။
ကျွန်တော်က သေမိန့်ကိုစောင့်နေတာပါ  . .. ။
မသေခင် ကျွန်တော်ရင်ဘတ်ကို အနုပညာထဲမှာ လည်ပတ်စေချင်တာပါ။
ဒါ့ကြောင့် ကျွန်တော်ရိုက်တဲ့ ဓာတ်ပုံတွေ  . .
ကျွန်တော်ဆွဲတဲ့ ပန်ချီတွေ  . . .
Picture ဖြစ်ခြင်း မဖြစ်ခြင်းထက် . . . .
  ̏ ဒိုးကြီးဆိုတဲ့ကောင်ဟာ ˝
  ̏ အနုပညာထဲမှာ အိပ်မောကျ နေတဲ့သူလို့ ˝ ပဲမြင်ကြပါလိမ့်မည်။
နိဂုံးချုံ့စကားလေး ကြုံတုန်းပြောလိုက်မယ်  . . . .
အနုပညာဆိုတာ  .. .  အသက်အရွယ်အပိုင်းအခြား တွေနဲ့မဆိုင်ပါဘူး။
အနုဆိုတဲ့ သဒ္ဒါဝေါဟာရမှာ  . .
အနု (ဥ)
အစဉ်လိုက်ခြင်း၊ မပြတ်ခြင်း၊ နောက်မှ ဖြစ်ခြင်း၊ ပြင်းထန်ခြင်း၊
တူခြင်း၊ ယုတ်ခြင်း၊ တတိယ အနက်၊ မှတ်ကြောင်း၊ ဤသို့ဖြစ်ခြင်း၊
ကြားခြင်း၊ အဖို့၊ နှံ့ခြင်းစသော အနက်တို့၌ဖြစ်သော ဥပသာရပုဒ်။
အနုဣတိ အနုဂတာနုပစ္ဆိန္နပစ္ဆတ္တ သုဘတ္တ သာဒိဿ ဟီန တတိယတ္ထလက္ခ
ဏိတ္ထမ္ဘူတက္ခာနဘာဂဝိစ္ဆာဒီသု အတ္ထေသု ဝတ္တတိ။ ရူပသိဒ္ဓိ။
After under, less than, for, according to, along, again,
in consequence of
အဘိဓာန်ကဖွင့်ဆိုထားသလို . . . . .
ပညာကို . . .
ပညာ (ဣ)(ပ√ဉာ)
အပြားအားဖြင့် သိခြင်း။
ဝိပဿနာပညာ။
မဂ်ပညာ။
(f.) wisdom; knowledge; insight.Wisdom, intellect, reason
လည်း ဖွင့်ဆိုထားပါတယ်  ..  .
ဒါ့ကြောင့် ပန်ချီဆွဲတယ်  . .. ဓာတ်ပုံရိုက်တယ်  .. ကဗျာရေးတယ်
စတဲ့ ဘာညာဆိုတာတွေဟာ အခုပြောသလို နှလုံးသားကိုအရင်းပြု
တာမို့ နှလုံးသားလှဖို့လိုပါတယ်  . .။အခုရေးတဲ့ဆောင်းပါးခေါင်းစဉ်
နဲ့ပြောရမယ်ဆိုရင် အနုပညာထဲမှာ အိပ့်မောကျနေဖို့လိုပါတယ်။
အောက်ပါလင့်မှာ မူရင်းလက်ရာတစ်ပုဒ်တင်ထားပါသေးတယ်
(၁)
https://www.facebook.com/692306014199968/photos/a.694172884013281.1073741828.692306014199968/750788091685093/?type=1
Reference
အင်္ဂလိပ်၊မြန်မာ၊ပါဠိအဘိဓာန်၊ (ဦးဟုတ်စိန်)
တိပိဋက ၊ ပါဠိ၊မြန်မာအဘိဓာန်၊
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...