Friday 5 June 2015

ကိုယ်တွေ့ ငွေလိမ်ခံရသူ၏ အတွေးများ



ငွေလိမ်ခံရသူများနှင့်ခြေငှားသူများဖတ်မှတ်စေရန်
ကျွန်တော်သည် မကြာခဏဆိုသလို ငွေလိမ်ခံရတက်ပါတယ်။
ထိုသို့ငွေလိမ်ခံရခြင်းသည်ကား ကျွန်တော် စာပေညံ့၍ မဟုတ်ပါ
ဘူး။ နှလုံးသားနူးညံ့သောကြောင့်သာဖြစ်ပါတယ်။
လောဘတရားဟာ အရှက်အကြောက်ကင်းမဲ့သူပါ။ ဖင်ပေါ်လို့ဝန်မ
လေးသလိုစကက်ကွဲကြီးဝတ်ရမှာကိုလည်း နောက်မတွန့်ပါဘူး။
သို့အတွက် ကြောက်စရာကောင်းသော ယင်းလောဘကို
ကျွန်တော်အမြဲတမ်းစောင့်ကြည့်နေတက်ပါတယ်။
ကြာလာတော့ လူတွေရဲ့နောက်ကြောကိုမြင်တက်လာတယ်။
အိုနာသေရဲ့ သရုပ်သကန်နဲ့ယဉ်ပါးလာတက်သလို ဘဝဝမ်း
စာအတွက်ရိုးသားမှုတွေကို လွှတ်ပစ်တက်သူတွေကိုလည်း
သတိထားမိပါတယ်။
ကျွန်တော်ငွေလိမ်ခံရတာများပေမယ့် ယင်းငွေလိမ်သူများ၏
လိမ်လည်မှုကို မသိ၍ ခံလိုက်ရတာမျိုးမဟုတ်ခဲ့ပါဘူး။
ကျွန်တော့ကိုမွေးဖွားပေးခဲ့သော အမေရဲ့ ပုံသေ သင်ကြားမှုအရ
ကျွန်တော်ဟာ ထိုလူလိမ်တွေကို ရိုးသားပေးခဲ့ခြင်းဖြစ်သလို လူ့
ယဉ်ကျေးမှုကို လေးစားလိုက်နာခြင်းပဲဖြစ်ပါတယ်။
လူသားချင်းစာနာတက်သော လူ့ယဉ်ကျေးမှုကို မျက်ခြေမပျက်
တက်သော ကျွန်တော့အတွက် ငွေလိမ်သူများတောင်းဆိုသောငွေ
ကြေးထက် အဆတစ်ရာလောက် လျှော့ပြီးချေးငှားလိုက်ပါတယ်။
ဥပမာဗျာ  . .
 ̏
လို့ပြောလာခဲ့ရင် . . ကျွန်တော် ငွေတစ်သောင်းကျပ်လောက်ပဲ ထို
လူလိမ်ကိုချေးငှားလိုက်ပါတယ်။
ယင်းလူလိမ်ရဲ့သရုပ်သဏ္ဍာန်ဟာ တစ်ပါတ်ဆယ်ရက်ဆိုရင်အ
ဖြေထွက်တော့တာပါပဲ။
ထိုအခါ ကျွန်တော်က ရိုးသားစွာပြုံးလိုက်ပါပြီး ဗုဒ္ဓမြတ်စွာ၏အဆုံး
အမလေးကို အခုလိုရေရွတ်လိုက်ပါတယ် . ..
 ̏ လောဘော အတ္ထံ နဇာနာတိ  ˝
  ̏ ငါ မင်းကို ယုံကြည်လို့ချေးငှားလိုက်သည်မဟုတ် ˝
 ̏ လူသားခြင်းစာနာလိုက်ခြင်းသာဖြစ်ပါတယ်˝
 ̏ သို့သော် ˝
 ̏ မင်းက ငါ့ကို လူသားခြင်းမစာနာတဲ့အတွက်˝
 ဘဝဆိုသော ခရီးသံသရာမှာ ငါ့ကျွန်˝ ̏ ငါ့ခွေး˝ ̏ ငါ့နွား˝
 ငါထံပါးမှာ ဝဋ်ကျွေးအဖြစ်ပေးဆပ်ရမည်ကို မင်းမသိ
ပေးသကိုး . . . .
ဟု အကုသလဝိပါက်စိတ်ကို နှလုံးသွင်းနေမိပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...