Monday 9 November 2015

88 ဆိုတာဘာလည်း . .နောက်ပေါက်တွေသိဖို့



88 အရေးအခင်းကို စတင်ဖန်တီးလိုက်တာဟာ အင်းစိန်မြို့အနောက်
ကြို့ကုန်း ဘူတာအနီး “ စန္ဒာဝင်း” လက်ဖက်ရည်ဆိုင်ကစလိုက်တာပါ။
ကျောင်းသားသုံးယောက်ကို အရက်မူးပြီးလက်ဖက်ရည်ဆိုင်ထိုင်နေတဲ့
ပါတီဥက္ကဌရဲ့သားက ခေါင်းရိုက်ခွဲလိုက်တယ်။
အဲဒီ တရားခံကို ကျောင်းသားတွေက ရဲလက်အပ်ပြီးပြစ်မှုဆိုင်ရာဥပဒေ
ပုဒ်မ ၃၂၅/၁၁၄ နဲ့ ဖမ်းဆီးအရေးယူလိုက်တယ်။
ဒါဖြစ်ရိုးဖြစ်စဉ်ပဲ  ..  သို့သော်  . .
ကျောင်းသားတွေကိုရိုက်တဲ့ တရားခံက ရပ်ကွက်ပြည်သူ့ကောင်စီ
ဥက္ကဌရဲ့ သားဖြစ်နေတယ်။ ဒါဟာ 88 အရေးတော်ပုံကိုဖန်တီးလိုက်
တဲ့ ဖြစ်စဉ်ပဲ  . .
ရဲတွေက ဥက္ကဌသားဖြစ်တော့ နောက်တစ်နေ့မှာပဲ တရားခံကိုပြန်
လွက်လိုက်တယ်လေ။ ဥပဒေရဲ့အထက်မှာ“အဘတို့အုပ်စုကြီး”က
ရှိနေတာကိုး  .. ။
ဒါနဲ့ပဲ ကျောင်းသားတွေရဲ့ 88 အရေးတော်ပုံအာဏာရှင်တော်လှန်ရေး
ကြီးစတင်ခဲ့တော့တာပါပဲ။
ကဲ  .. နောက်ပေါက်လေးတွေရေ  .. .
မင်းတို့တွေက စစ်အာဏာရှင်စနစ်ကို ပီပီသသမသိလိုက်ကြတော့
စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာတဲ့အကြောင်းကိုဘယ်
သိကြပါ့မလည်း . . .
ဒါကြောင့် သိဖို့ စာဖတ်ကြပါလို့ တိုက်တွန်းပါတယ် ။ Facebook ပေါ်
မှာအကျိုးမရှိတဲ့ အီစလီ ကီစလီတွေချည်းပဲ ဆွဲမနေကြပါနဲ့။ ကိုယ့်လုပ်
ပိုင်ခွင့် ကိုယ့်လွတ်လပ်ခွင့်ကို ဒိုးကြီးက တားဆီးပိတ်ပင်တာမဟုတ်ပါ
ဘူး  ..   “ ဗာဟုသိပဉ္စ ”မင်္ဂလတရားဆိုတာ အကျိုးများသောစာတွေ
ဖတ်မှရမှာမို့ စေတနာနဲ့ ဓမ္မဒါနပါးလိုက်တာပါ။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...