Friday 6 November 2015

A dolla is just a paper too (ဒေါ်လာဆိုတာ စက္ကူတစ်ရွက်ပါပဲ)



အို  . .အာဏာရှင်နှင့်ခရိုနီအပေါင်းတို့ . . .
သင်တို့ အခုအသက်တည်နေတဲ့ကမ္ဘာဟာ သန်းပေါင်း နှစ်သက်
တမ်း(၄,၅၀၀)၊ လေး ဒဿမငါး ( 4.54 ± 0.05 billion years old)
ဘီလီယံသက်တမ်းရှိနေတယ်ဆိုတာ သတိထားမိပါသလား ?
အို  . .အာဏာရှင်နှင့်ခရိုနီအပေါင်းတို့ . . .
ခင်ဗျားအခုသတ်တည်နေတဲ့ကမ္ဘာဂြိုဟ် နှစ်သန်းပေါင်း(၄,၅၀၀)
အတွင်းမှာ လူသား ဖြစ်တည် သက်တမ်းဟာ နှစ် (၆) သန်းပဲရှိပါ
သေးတယ်ဆိုတာကိုရော သတိထားမိပါသလား ?
အို  . .  အာဏာရှင်နှင့်ခရိုနီအပေါင်းတို့  . .
လူသားဟူသောပုံပန်းသဏ္ဍာန်သရုပ်သည် လွန်ခဲ့တဲ့ နှစ် ၂၀၀,၀၀၀
လောက် ထင်ရှားလာခဲ့တာဖြစ်ပြီး ၊ ယဉ်ကျေးမှု (သို့)ယဉ်ကျေး
သော လူမျိုးများ အစုအဝေးအဖြစ် ဖြစ်တည် လာတာဟာ နှစ်
၆,၀၀၀ မျှသာရှိပါသေးတယ်ဆိုတာကိုရော သတိထားမိပါသလား?
အို  . ..  အာဏာရှင်နှင့်ခရိုနီအပေါင်းတို့  . . .
ထိုမျှလောက် အနတ္တဆန်သောကမ္ဘာဝယ် မြန်မာနိုင်ငံ၏ပြည်သူ
အားလုံး၏ ပိုင်ဆိုင်ရာဖြစ်သောကျောက်မြတ်ရတနာ၊ကျွန်းသစ်၊
ရေနံ၊သဘာဝဓာတ်ငွေ့တို့သည် ကမ္ဘာမြေတည်မြဲခိုင်ခံ့ရေးနှင့်
ထိုကမ္ဘာမြေကိုအမီပြုသောပြည်သူပြည်သားတို့ ရာသီဥတုညီ
ညွတ်မျှတရန်အတွက်အထူးလိုအပ်သော အသက် ဇီဝတို့ပင်ဖြစ်
သည်။ သင်တို့သည် ထို ပြည်သူတို့၏အသက်ဟူသော သယံဇာတ
တို့အား မတရားခိုးယူ၍ တရုတ်အစရှိသောတိုင်းနိုင်ငံများသို့ရောင်း
ကာ ယင်းဒေါ်လာငွေများအား ငါပိုင်အဖြစ်သိမ်းယူခြင်းသည် ပြည်သူ
ပိုင်တို့အား ခိုးယူခြင်းသာဖြစ်သည်။
သင်တို့သည် မည်သည့်ဘာသာကိုပဲကိုးကွယ်ကွယ် ဘာကိုမှလည်း
ကိုးကွယ်သည်မကိုးကွယ်သည်ဟု ဆိုခြင်းသည်ပဓာနမကျ ၊ သင်တို့
ရပ်တည်မှုအတွက် သန်းပေါင်းများစွာသောပြည်သူပြည်သားတို့၏
အသက်သွေးတို့စတေးရသည်ကားရင်အတိနာစရာပင်ဖြစ်သည်။
ကိုယ်ချင်းစာနာစိတ်တရားမွေးမြူသင့်သည်။
အို  . ..  အာဏာရှင်နှင့်ခရိုနီအပေါင်းတို့  . . .
မတည်မြဲသော အနတ္တကမ္ဘာမှာ သင်တို့ခိုးယူရောင်းစားလိုက်သော
ဒေါ်လာငွေဟူသည် စက္ကူတစ်ရွက်သာဖြစ်သည်။ သင်တို့သည်
အဖိုးမတန်သော စက္ကူဖြင့် အဖိုးတန်သော သန်းပေါင်းများစွာ
သောပြည်သူတို့၏အသက်တို့အား စတေးပစ်ခြင်းသည် အလွန်မ
တန်မိုက်မဲရာကြပေသည်။ သင်တို့၏ မိုက်မဲမှုအား ပိဋကတ်စာပေ
တွင်မူ ရှာဖွေ၍မရနိုင်တော့ပေ။။
အို  . ..  အာဏာရှင်နှင့်ခရိုနီအပေါင်းတို့  . . .
သင်တို့သည်လည်း မရဏန္တိ  . .
အခုရေးသော ငါသည်လည်း မရဏန္တိ . . .
ဤစာဖတ်သောသူသည်လည်း မရဏန္တိ  . ..
သတ္တလောကတစ်ခုလုံးသည် မရဏန္တိဟု နှလုံးသွင်း၍ ငါသည်
ဤအပ္ပမာဒစာလွှာအား ရေးသားလိုက်ပါသတည်း  . .
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး



No comments:

Related Posts Plugin for WordPress, Blogger...