Tuesday 24 November 2015

KNOWLEDGE


ဘုရင့်ထံငါးကျင်းငါးလာဆက်သတဲ့ တံငါသည်ကို တံခါးမှူးက
တံခါးဖွင့်မပေးဘူး။ ဒါကို တံငါသည်က တောင်းပန်တဲ့အခါ။
တံခါးမှူးက  . .
 “ ငါ တံခါးဖွင့်ပေးမယ် ”
  “ မင်းကိုဘုရင်က ဒီငါးကျင်းငါးကြီးလာဆက်သတဲ့အတွက်”
  “ ဆုလာဒ်ပေးတဲ့အခါ ငါ့ကို တစ်ဝက်အညီအမျှခွဲပေးရမယ်”
  “ ပေးမယ်ဆိုရင် ငါ တံခါးအခုဖွင့်ပေးမယ်”လို့ပြောတော့
တံငါသည်က  ..
 “ ကောင်းပါပြီတံခါးမှူးကြီး ”
  “ ဘုရင်ပေးတဲ့ ဆုလဒ်ကို သင်တံခါးမှူးကြီးအား ”
  “ တဝက်တိတိပေးပါ့မယ်”
အဲဒီအခါကြမှ တံခါးမှူးက တံငါသည်ကို တံခါးဖွင့်ပေးပါတယ်။
ဒီတော့ ပညာရှိတဲ့ တံငါသည်က ပညာမဲ့တဲ့ ကလိန်ကကျစ်
တံခါးမှူးကိုတံငါသည်က ဘုရင့်ထံမှာ ဆုလဒ်အဖြစ် ငွေအ
သပြာကိုမယူဘဲကြိမ်ဒါဏ်အချက်ငါးဆယ်ယူပြီး ပညာမဲ့
အောက်တန်းကြတဲ့ တခါးမှူးရဲ့ ယုတ်မာမှုကိုအန်တုနိုင်
ခဲ့တယ်။
ဒီဇာတ်ထုတ်ကိုကျွန်တော်တို့ ငယ်စဉ်မူလတန်းလောက်မှာ
သင်ခဲ့ဖူးတယ်။
ဒီလိုဆိုရင် ..
မြန်မာပြည်မှာနေပြီး ပြည်သူပိုင်သယံဇာတကို ဘာတစ်ခုမှခံ
စားခံပိုင်ခွင့်မရှိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ စတုတ္ထကမ္ဘာစစ်
ကိုပဲ မျှော်လင့်မိပါတယ်။
ဒိုးကြီး


No comments:

Related Posts Plugin for WordPress, Blogger...