Friday 13 November 2015

သေရဲသည့်သတ္တိရှိမှသာပညာရှိပီသပါပေ၏



ဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောပွဲစကားကိုဟိုကျော်
ဒီကျော်ဖတ်ပြီး အခုလို စိတ်ပေါက်ပြီးချရေးလိုက်တာပါ။
ဒိုးကြီး . . . .
စကားတွေဝေ့လည်ကြောင်ပတ်ပြောနေတယ်။
စစ်အာဏာရှင်စစ်ဆိုးကြောင့် တိုင်းပြည်ပျက်ဆီးရတယ်၊
စစ်အာဏာရှင်စနစ်ဆိုးကြောင့် လူငယ်တွေမူးယစ်ဆေးတွေဆွဲ
နေရတယ်၊
စစ်အာဏာရှင်စနစ်ဆိုးကြောင့်လူငယ်တွေ စာမတက်တော့ဘူး။
ဒီလိုဒဲ့ပြောလိုက်ရင် ပြီးနေတာပဲ ဒါကို သူ့ကိုစစ်အာဏာရှင်ခရိုနီတို့
စပါးလုံးမျက်မွှေးမစူးရန် ရှောင်ပြောနေတယ်။
တိုထိလိုမိ ဒဲ့ ပြောရဲတဲ့သတ္တိမျိုးမွှေးစေချင်ပါတယ်။
ပညာရှိဆိုတာ သေရဲတဲ့သတ္တိမွေးမြူသင့်ကြောင်းဗုဒ္ဓမြတ်စွာရဲ့
စရိယာပိဋတ်တွင်ဟောကြားထားပါတယ်။
အမှန်တရားအတွက်သေရဲသောသတ္တိကိုမွေးမြူသင့်တယ်ဟု
ဗုဒ္ဓမြတ်စွာကဆိုပါသည်။
ထိုထုံးနည်းကို အီတလီနိုင်ငံသား နက္ခတ္တဗေဒပညာရှင် ရိုမန်
ကက်သလစ်ဘုန်းတော်ကြီးေ၈ျာ်ဒန်နိုဘရူနိုက လက်တွေ့အသေ
ခံပြခဲ့ပါသည်။
ဂျော်ဒန်နိုဘရူနိုသည် မိမိသိထားသောအသိတရားအားအသက်
ဖြင့်လည်း၍ အကာအကွယ်ပြုခဲ့သည်။
ဒီကနေ့ခေတ်မြန်မာနိုင်ငံမှာရှီတယ် ပညာရှိဟုဆိုသောသူများ
သည် ဘရူနိုကဲ့သို့ အရဲစွန့်မှုမရှိကြဘဲ အာဏာရှင်ကွပ်မျက်
မှာကိုပဲ စိုးထိပ့်ကာ စကားလွဲ ဟိုဝှေ့ပတ် ဒီဝှေ့ပတ်ပြောဟော
နေကြသည်မှာ ကျွန်အတော့အတွက် အလွန်နှလုံးမသာယာ
ဖွယ်ရာရှိသကဲ့သို့ အနာဂါတ်ကိုသစ္စာဖေါက်သောပညာရှိများ
ဟု ခံစားမိပါသည်။
ဒီနေ့ခေတ်မြန်မာပြည်မှာရှိတဲ့သူအချို့က လူသားယဉ်ဥပမာကို
နားမလည်ကြဘူးဖြစ်နေတယ်။
မင်းကဘယ်လောက်တက်လို့လည်း ၊ မင်းကဘာသိလို့လည်း
စတဲ့ နှိုင်းယှဉ်ခြင်းသီအိုရီကိုနားလည်နိုင်သောပညာရေးစနစ်
မရှိတာကြောင့်ပါပဲ။
လောကမှာ နှိုင်းယှဉ်ခြင်းသီအိုရီကိုသိနားလည်စေရန် ဗုဒ္ဓမြတ်
စွာသည် သုတ္တာန်ပိဋတ်ကိုဟောကြားတော်မူခဲ့ခြင်းဖြစ်သလို
ဒြပ်စင်တို့၏နိယာမကိုသိရှိစေရန် အဘိဓမ္မာပိဋတ်ကိုဟောကြား
ခဲ့ပါသည်။ထိုအပြင် သတ္တလောကကြီးတစ်ခုလုံးအတွက်မရှိ
မဖြစ် စောင့်ထိမ်းသင့်သည်ဟုဆိုသော ဝိနယပိဋကတ်ကိုဟော
ကြားခဲ့ခြင်းဖြစ်ပါတယ်။ ဦးနုလက်ထက်က ကျောင်းပညာရေး
စနစ်မှာ အခုလို ဗုဒ္ဓစာပေတွေကိုသင်ကြားပြဋ္ဌာန်းထားပါသေး
တယ်။ အာဏာရှင်နေဝင်းလက်ထက်မှ ဖျက်သိမ်းလိုက်တာပါ။
ဒါ့ကြောင့် ဒီကနေ့လူငယ်တွေ ပညာငတ်နေကြတာပါ။
ဒါ့ကြောင့် ဒီကနေ့လူငယ်တွေ အလင်းငတ်နေကြတာပါ။
ရှိပါတယ်တက်ပါတယ်ဆိုတဲ့သူတွေကလည်း ဒေါ်လာနဲ့
ဝယ်ထားတဲ့ ဒေါက်တာဘွဲ့အတုတွေမဟုတ်ပါလား။
ပြောမယ်ဆိုရင်  ..  ပညာရှိနဲ့ ပညာသိကို ခွဲခြားစီစစ်နိုင်သော
ပညာရေးမရှိလို့ပါပဲ။
ပညာဟာ လောကကိုထွန်းပြောင်စေတယ်ဆိုတဲ့
ပညာ သဘာ အာဘာ နတ္ထိ ဆိုတဲ့အတိုင်း ပညာမဲ့အောင်စစ်
အာဏာရှင်စနစ်ကြီးက ဖျက်ဆီးခဲ့တာပါပဲ။ဒါ့ကြောင့်ဒီကနေ့
တိုင်းပြည်မှာ လူငယ်တွေရဲ့အနာဂတ်တွေပျောက်နေတာပါ။
စိတ်ပါရင် ဆက်ပြောပါဦးမယ်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...