Saturday 28 November 2015

ဖိုးလပြည့်က ဒေါ်စုကိုအခုလိုပြောတယ်

“ကျွန်တော် ထပ်ပြီးဝေ့လည်ကြောင်ပတ် မလုပ်ချင်တော့ပါဘူး။
အန်တီ ကျွန်တော့်ကို တွေ့တုန်းက နွေးထွေးရင်းနှီးစွာ ဆက်ဆံခဲ့တဲ့
အပေါ်လည်း အများကြီး ဝမ်းသာမိပါတယ်။ တိုင်းပြည်အကျိုး အတွက်
ကျရာကဏ္ဍကလည်း ကူညီဆောင်ရွက်ပါ့မယ်။ ပြည်သူများလည်း
ဒီသတင်းကြောင့် ဝမ်းသာ လိမ့်မယ်လို့မျှော်လင့်ပါတယ်”
( ဖိုးလပြည့်)
ကျွန်တော် ဒီစာလေးဖတ်ပြီး ငါးခူပြုံးလေးပြုံးမိတယ်။ သန်းပေါင်းများ
စွာပြည်သူတွေပိုင်တွေကို အားလုံးရောင်းစားပြီးမှ တိုင်းပြည်အကျိုးအ
တွက် ကျရာကဏ္ဍကပါဝင်မယ်ဆိုတာ ချီးမစားတဲ့သူတိုင်းသိပါတယ်။
ချွင်းချက်အနေနဲ့ပြောရရင် ထမင်းစားတဲ့သူတိုင်းလည်းမသိပါဘူး။
Facebook ပေါ်ကိုယ့်ပုံကိုယ်တင် တဏှာမင်နေသူတွေကတော့ပို၍
ပင်ဆိုးပါလိမ့်မည်။
ဒါဆိုရင် မင်းက ဒီစာတွေဘာလို့ရေးနေလည်းဆိုရင် “အမှန်တရားကို
သစ္စာမဖေါက်ချင်လို့ပါ” ဗုဒ္ဓရှင်တော်ဟာ နုစဉ်အခါကပင်လျှင်အမှန်
တရားနဲ့ပတ်သက်လာရင် အသက်စွန့်ခဲ့ဖူးပါတယ်။ ဒီလိုထုံးကိုနှလုံး
မူလို့ နိုင်ငံနဲ့လူမျိုး၊ အမျိုးနဲ့ဘာသာအတွက် အခုလိုစာတွေရေးတာပါ။
စာရေးတင်ရတဲ့အတွက် အချိန်ကုန်တယ် အင်တာနက်သုံးခငွေကုန်
တယ်။ သို့သော်လည်းပဲ သေရင်ကိုယ့်နောက်ကိုယ်လိုက်ပါနိုင်တဲ့
အမှန်တရား သစ္စာစကားဟာ ဘုရားအလောင်းသူတော်ကောင်းကြီး
များရဲ့ လမ်းစဉ်မို့ facebook ပေါ်မှာ လူဖတ်ဖတ်မဖတ်ဖတ် ကိုယ့်ယုံ
ကြည်ရာအမှန်တရားကိုဝေငှတာပါ။
ကဲ .. စကားပလ္လင်တွေများနေတယ် မူလ စကားပြန်ကောက်ရအောင်
ကျွန်တော်တို့ပြည်သူမှာ မစားရမသောက်ရနဲ့ တစ်ယောက်ကိုကျွေး
ငါးသိန်းတင်နေတယ်။ ရှိသမျှသယံဇာတတွေ အကုန်တရုတ်ကိုရောင်း
ပြီးသွားပြီ။ ကျောက်မီးသွေးစက်ရုံတွေကို ဂျပန်နဲ့စာအချုပ်ချုပ်ထား
တယ်။ အခု ဒေသခံပြည်သူတွေက ဂျပန်သံရုံးကို ကန့်ကွက်စာတင်
လိုက်ပြီလို့18.11.2015 ရက်နေ့ DVB သတင်းမှကြည့်လိုက်ရတယ်။
တိုင်းပြည်တစ်ခုလုံး ခရိုနီတွေ တရုတ်ပိုင်တွေဖြစ်ကုန်ပြီးမှ “တိုင်းပြည်
အကျိုး အတွက် ကျရာကဏ္ဍကလည်း ကူညီဆောင်ရွက်ပါ့မယ်”
လို့ ပြောတဲ့စကာဟာ ပြည်သူကို အဆိပ်ရည်တွေ ချတိုက်လိုက်သလို
ပါပဲ။
တစ်ချိန်က သူရဲကောင်းစိတ်ဓာတ်အဖြစ်နာမည်ကျော်ကြားခဲ့သောဗမာ
တွေဟာ အခုတော့ ကမ္ဘာမှ သူတောင်းစားသူခိုးများအဖြစ် အထင်သေး
ခံခဲ့ရတယ်။
ကျွန်တော်တို့ပြည်သူတွေ ဒီထက်ပိုပြီးခံရစရာအကြောင်းမရှိတော့ပါဘူး။
လူငယ်တွေအားလုံး . .
(၁) စိတ္တဗလတွေ ငတ်ကုန်ပြီ
(၂) ကာယဗလတွေ ငတ်ကုန်ပြီ
သေချာတာက အခု facebook ပေါ်ကျွန်တော်ရေးတင်တဲ့စာ ဘယ်လူ
ငယ်မှ ဖတ်ဖြစ်ကြမှာမဟုတ်ဘူး။ ကျွန်တော်တို့ငယ်စဉ်က စာအုပ်ဆို
တာကို ရွှေလိုသဘောထားပြီးလိုက်ရှာတယ် ဖတ်တယ်။ ဒီနေ့ခေတ်က
လူငယ်တွေအချို့ဟာ စာဖတ်ဖို့လုံးဝစိတ်မဝင်စားဖူး။ ကျွန်တော့်ရေးတဲ့
ပိုစ့်တွေကို စာရှည်လို့ ဆိုပြီး comment တွေရေးတာကိုကျွန်တော်မျက်
ဝါးထင်ထင်မြင်ရပါတယ်။
ဒါတွေကို သုံးသပ်ခြင်းဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနာဂါတ်ဟာ
ဟဟုသုတအဟာရတွေ ငတ်နေကြပြီဆိုတာပါပဲ။
ပြည်သူမှာ သေပြီဆရာ . . . သေပြီအဘရေ . . လို့တရုံမှအပအခြား
မရှီတော့ပါဘူး။
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...