Saturday 14 November 2015

သေရဲသည့်သတ္တိရှိမှသာပညာရှိပီသပါပေ၏ (၂)

ဒေါ်အောင်ဆန်းစုကြည်(သို့)သေရဲသည့်သတ္တိရှိသောပညာရှိ . ..
ဒီနေရာမှာ ပစ္စုပ္ပန်တည့်တည့် ဥပမာပေးရရင်ကမ္ဘာကြီးတစ်ခုစာမက
အခြားကမ္ဘာသားဟုဆိုသော (Alien) အေလီယန် ဂြိုဟ်သားများပါ
မကျန်သိနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါပဲ။
ဖြစ်စဉ်အကျဉ်းမှာ . . . .
ဒေါ်အောင်ဆန်းစုကြည်ဟာ 88 အရေးတော်ပုံအပြီးမှာ ဧရာဝတီ
တိုင်း ဓနုဖြူမြို့နယ်ကို စည်းရုံးရေးဆင်းပါတယ်။ အဲဒီအချိန်က ဓ
နုဖြူမြို့ကိုအုပ်ချုပ်တဲ့ (မ-ဝ-တ)ခေါ်မြို့နယ်အုပ်ချုပ်ရေးမှူးဟာ
စစ်ထွက် ခြေတစ်ဘက်ပြတ် ၊ ဗိုလ်ကြီးမြင့်ဦးဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်လာတဲ့ လမ်းကိုစစ်သားများကို
လက်နက်အပြည့်အစုံဖြင့် ပိတ်ကာ ယင်း ဗိုလ်ကြီးမြင့်ဦးမှ “ ပစ်”
ဆိုသော အသံကြီးကို တစ်မြို့လုံးကြားလောက်အောင် အော်ကာ
စစ်သားများအား ပစ်မိန့်ပေးပါတယ်။
စစ်သားများဟာလည်း ကျည်ထိုးမောင်းတင်သံ “ ဖြောင်း” ဆိုတဲ့
အသံကြီးက ကြက်သီးထစရာပင်ဖြစ်သည်။
ထိုအခါ . . .
ဓနုဖြူမြို့ရှိလူထုပရိတ်သတ်ကြီးသည် ကြောက်လန့်တစ်ကြား
လူအုပ်စုကြီးဝရုန်းသုန်းကားဖြစ်သွားပါတယ်။ သို့သော်လည်းပဲ
ပရိတ်သတ်အလည်မှာ လမ်းလျှောက်လာသော ဒေါ်အောင်ဆန်း
စုကြည်ရဲ့ခြေလှမ်းများဟာ တစ်လက်မမျှ တုန့်ဆိုင်းမသွားခဲ့ပါဘူး။
ဤသည်ကား ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေရဲသောသတ္တိဖြင့်
မိုက်ခဲ့သူ အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပါတယ်။
The Lady ရုပ်ရှင်ဇာတ်လမ်းမှာ အဲဒီအခန်းတစ်ခန်းပါပါတယ်။
ဒါ့ကြောင့် ပညာရှိဆိုတာ . .
အများပြည်သူကောင်းကျိုးအတွက် အသက်ကိုပဓာနမထားစွန့်
လွှတ်ရဲတဲ့သတ္တိရှိရပါမယ်။
ဒိနေ့ခေတ်မှာ ပညာရှိဆိုသူများဟာ မိုက်ကိုင်ပြီး အာဏာရှင်
လည်း လွတ်စေ ပြည်သူလည်း ကျွတ်စေ ဆိုတဲ့ အမှီးမလွတ်
အမောက်မလွတ်စကားလေးတွေသုံးပြီး ပြည်သူကို စည်းရုံးရေး
ဆင်းနေတာကို ကျွန်တော်မြင်ကြားနေရတော့ အလွန်ပင်စိတ်
ဒေါသထွက်မိပါသည်။
အောက်ပါလင်ကိုဆက်ဖတ်ပါ

No comments:

Related Posts Plugin for WordPress, Blogger...