Tuesday 10 November 2015

အမေရီကန်တွင်အံ့သြဖွယ်ရာကောင်းသောလက်နက်ဆန်းများရှိနေပြီ


အမေရိကန် ပြည်ထောင်စု Las Vegas မြို့နဲ့ (၈၃) မိုင် အကွာ နီဗား
ဒါးပြည်နယ် တောင်ဖက် Groom Lakeရေအိုင်ရဲ့ကမ်းစပ်မှာ မေးတင်
ထားသော Area 51 ဆိုသည့် အဆောက်အဦကြီးရှိပါတယ်။ အဲဒီမှာ
ဘယ်သူမှမထင်မှတ်ထားတဲ့ နတ်သိကြားတို့သာအသုံးပြုနိုင်သည့်ဟု
တင်စားလောက်သော ကမ္ဘာကြီးတစ်ခုလုံးကိုပါ ဖျက်ဆီးနိုင်စွမ်းရှိသော
ဝရဇိန်လက်နက်ဆန်းတွေ စမ်းသပ်ထုတ်လုပ်လျှက်ရှိပါတယ်။
ဒါကို အမေရိကန်ရဲ့ သမ္မတနှင့်အခြားအနည်းငယ်တို့သာသိရှိထားပါ
တယ်။
အခုတော့ဖြင့် အမေရီကန်၏ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်ကကမ္ဘာ
ကို တရားဝန်ထုတ်ဖေါ်ပြောကြားလိုက်လေပြီ။
ယင်းမှာ အင်းအားကြီးနေသည်ဟု ဖင်ခေါင်းကျယ်နေသောတရုတ်
နှင့်ရုရှားတို့အား အိမ်မက်ဆိုးတစ်ခု ထည့်ပေးလိုက်ခြင်းပင်ဖြစ်ပါသည်။
အကျယ်ကိုသိလိုမူ အောက်ပါလင့်တွင တွင်ဖတ်ပါ။
ဒါ့ကြောင့် ကျွန်တော်အမေရိကန်ကို ဘယ်တုန်းကမှလျှော့မတွက်ခဲ့
ပါဘူး။ အမေရီကန်မှာ နတ်တို့နီးနီးတန်ခိုးရှိတဲ့ လက်နက်ဆန်းတွေ
ရှိတယ်ဆိုတာ သူတို့ထုတ်မပြောခင်ကတည်းက ဒိုးကြီးသိပါတယ်။
ဒရုန်းလေယဉ်ကိုပဲကြည့်လေ။ လူမပါဘဲနဲ့မောင်းနှင်သွားတာ။ဒါတွေ
ကို ကြည့်ခြင်းအားဖြင့် အမေရီကန်မှာ သောက်တရုတ်ကြီးတို့သောက်
ရုရှတို့ လိုက်မမီနိုင်တဲ့ နတ်တို့ဖန်တီးသော ဝရဇိန်လက်နတ်များရှိ
နေသည်ဆိုသော ကျွန်တော့အတွေးဟာ မှန်ကန်ကြောင်း အမေရိ
ကန်ကာကွယ်ရေးဝန်ကြီးက ထုတ်ဖေါ်ပြောကြားသွားခဲ့လေပြီ။
မူရင်းသတင်းလင့် . .
ဒိုးကြီး  . .
ရုရှ၏ ကျူးကျော်မှုကို တန်ပြန်ရန်အတွက် အမေရိကန်က ၄င်း၏ နျူကလီးယားလက်နက်များကို
အဆင့်မြင့်တင်လျက်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက
နိုဝင်ဘာ ၇တွင်ပြောကြားသည်။

အမေရိကန်သည် ရုရှ၏ ကျူးကျော်မှုကို တားဆီးရန်၊ မဟာမိတ်များနှင့် မိတ်ဖက်များ၏
အားနည်းချက်များကို လျှော့ချရန်အတွက် မိမိတို့ကိုယ်တိုင်သာမက မဟာမိတ်များနှင့်ပါ
ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်စဉ် စစ်ဆင်ရေးဆိုင်ရာရပ်တည်ချက်နှင့် အရေးပေါ်အစီအစဉ်များကို
လိုက်လျောညီထွေဖြစ်ရန် ဆောင်ရွက်နေသည်ဟု ကယ်လီဖိုးနီးယားရှိ  ရော်နယ်ရေဂင်
စာကြည့်တိုက်တွင်   ပြုလုပ်သော ကာကွယ်ရေးဖိုရမ်တစ်ခုတွင် ပြောကြားသည်။

အမေရိကန်သည် ဒရုန်းများနှင့် တာဝေးပျံသန်းဗုံးကြဲလေယာဉ်များအပြင် လေဆာလက်နက်
များနှင့် အီလက်ထရောနစ်စစ်ဆင်ရေးအတွက်စနစ်သစ်များ ကဲ့သို့ နည်းပညာသစ်များတွင်
ရင်းနှီးမြုပ်နှံကာ ၄င်း၏နျူကလီးယားလက်နက်များကို ခေတ်မီအောင်ပြုလုပ်လျက်ရှိသည်ဟု
ကာတာက ပြောသည်။

ထိုနေရာတွင် မပြောပြနိုင်သည့် အံ့သြဘွယ်ကောင်းသည့် လက်နက်သစ်များအကြောင်း
လည်း ကာတာက အရိပ်အမြွက်ပြောကြားခဲ့သည်။ ရုရှ၏ ပြောင်းလဲသွားသည့် အပြုအ
မူကြောင့် တားဆီးကာကွယ်ရေးအတွက် စစ်ဆင်ရေးအစီအစဉ်များ အဆင့်မြင့်တင်လျက်
ရှိကြောင်းလည်း ကာတာကပြောသည်။
http://mizzimaburmese.com/article/7257
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...