Friday 5 February 2016

ဒိုးကြီး ၏ မှတ်စု (0001)


လူသေပြီး . . လူပြန်ဖြစ်တာ . .အရင်း
လူသေပြီး .. . မဂ်ဆိုက်တာက .. အမြတ်
လူသေပြီး .. လူလောက်မှပြန်မဖြစ်တာက .. အရှုံး

အသက် (100) မနေရတဲ့ဘဝမှာ
သူတစ်ပါးအသက်အိုးအိမ်စည်းစိမ်ကို . .
ခိုးစားလိုက် ၊ လုစားလိုက်၊ သတ်စားလိုက်
Bulldozer နဲ့ထိုးလိုက် ၊ မီးနဲ့ရှို့လိုက်

ကဲ . .. ကိုယ့်လူတို့ရေ ..
ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်လုပ်တာ ကိုယ်သာခံရသည်မှတ်။

အဓမ္မဝါဒနဲ့ရလာတဲ့ ဒေါ်လာသန်းဘီလျှံများစွာသိပ့်
အထင်မကြီးနဲ့ .. မမက်မောနဲ့ .. မတောင့်တမိစေနဲ့
အဲဒါကြီးက ..
သေမင်းကို မကယ်နိုင်ဘူး ..
မဟာအဝီစိငရဲကို မကယ်နိုင်ဘူး . .

သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)

No comments:

Related Posts Plugin for WordPress, Blogger...