Tuesday 9 February 2016

BRT Lite - စနစ်ဖြင့်ပြေးဆွဲနေမှုအား အကြံပေးခြင်း


2 မှတ်တိုင်လောက်စီးရမယ့်လူအတွက် 300 ကများပါတယ်။
အခြေခံလူတန်းစားက ဒီဈေးနှုန်းကိုမစီးနိုင်ပါဘူး။ 
ခရိုနီနဲ့ပုလင်းတူဘူးစို့တွေကတော့ကိုယ်ပိုင်ကားနဲ့ပဲသွားမှာပါ။ 
ဘက်စ်ကားစီးတဲ့သူအများစုဟာ အာဏာရူးနဲ့ခရိုနီသူခိုးကိုရွံမုန်း
တဲ့ အခြေခံလူတန်းစားတစ်ရပ်သာများပါတယ်။
ဂိတ်စဂိတ်ဆုံးစီးရတဲ့သူအတွက်တော့ များတယ်လို့မဆိုလိုပါဘူး။
ကြားမှတ်တိုင်များအတွက် ငွေလျှော့ယူဖို့ အမြန်ဆုံးပြင်ဆင်သင့်ပါတယ်။
သို့မှသာ အများပြည်သူများ တန်းတူညီတူစီးနင်းနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင် 2 မှတ်တိုင် 3 မှတ်တိုင်လောက်ဆို 100 ကားပဲစီးပါ
တယ်။ ငွေ 100 ဟာ အခြေခံလူတန်းစားအတွက် အလွန်မတန်အဖိုးတန်
ပါတယ်။
စကားမစပ် .တရုတ်ပြည်နယ်စပ်မှာတော့ ကလေးတစ်ယောက်ကို 
ငွေငါးထောင်ကျပ်မုန့်ဖိုးပေးရပါတယ်။ အဲလိုနေရာမျိုးမှာတော့ ငွေ300 ကျပ်က
သူတောင်းစားပေးရင်တောင်မယူပါဘူး။
ဒါက ချွင်းချက်ပါ။
မြန်မာပြည်မှာက လူအများစုက ဆင်းရဲနေတော့ 300 ဈေးနှုန်းကို 
ဂိတ်အလိုက်ပြောင်းလည်းကောက်ခံသင့်ပါတယ်။
အကယ်၍ အစိုးရက အခြေခံလူတန်းစားနေ့တွက်ခ 10000 ကျပ်အောက်
ဆုံးသတ်မှတ်ပေးထားတယ်ဆိုရင်တော့ 300 ကျပ်ကို များတယ်လို့ဈေး
မဆစ်ပါဘူး။ အခု နေ့စားလုပ်အားခက 3600 ကျပ်လို့ထင်ပါတယ်။
ဒီတော့ အသွားအပြန် 600 ကျပ်ကုန်နေပါပြီ။


သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)

No comments:

Related Posts Plugin for WordPress, Blogger...