Wednesday 10 February 2016

Ke Th Moke Ti of Top Secret (ကေသမုတ္တိ ရဲ့ လှို့ဝှက်ချက်)

Doe Gyi
Just now

ကမ္ဘာ့ကျော်ကြားသူတို့ဟာ သူတို့ရဲ့ဘဝကို လွတ်လွတ်လပ်လပ် လှုပ်ရှား
ကြတယ်။ တစ်စုံတစ်ယောက်ရဲ့ အကန့်အသတ်ထဲမှာ မနေလိုကြဘူး။
ဒါ့ကြောင့်ပဲ သူတို့ဟာ နည်းမျိုးစုံနဲ့ အောင်မြင်မှုကို ဆုတ်ကိုင်နိုင်ခဲ့ကြပါ
တယ်။
များသောအားဖြင့် လောကကို တစ်စုံတစ်ယောက်ကဖန်တီးတယ်လို့ကို
သူတို့လက်မခံကြဘူး။ မကြာသေးမီကပဲ ကမ္ဘာကျော်နံပတ်တစ် သိပ္ပံ
ပညာရှင်ကြီး စတီဗင်ဟော့ကင်း ကိုယ်တိုင်ကပဲ
“ ကမ္ဘာကြီးဟာ ဘယ်သူကမှဖန်ဆင်းတာမဟုတ်ဘူး”
“ ပေါက်ကွဲမှု သီအိုရီအရ သူ့အလိုလိုဖြစ်လာတာ” ပါလို့
အတိအလင်း ထုတ်ပြန်ကြော်ငြာခဲ့ပါတယ်။
Refence ..
ဒ့ါကြောင့် ကေသမုတ္တိသုတ္တာန်ဟာ ဗုဒ္ဓဝါဒအတွက် မှတ်ကျောက်ကျမ်း
မြတ်တစ်ဆူပါ။ ဒီကနေ့ကမ္ဘ်ာကျော်အတွေးအခေါ်ပညာရှင်တွေ စတဲ့
သူတွေဟာ ဒီကေသမုတ္တိသုတ္တာန်ရဲ့ ဗုဒ္ဓစကားတော်ကို ဖတ်ရှု့လိုက်ရ
သောအခါ တအံ့တသြ မှင်သက်သွားကြပြီး ဗုဒ္ဓကို တကယ့်ကြီးမြတ်
သော ဉာဏရှင်ကြီးတစ်ဆူအဖြစ် လက်ခံသွားကြပါတယ်။
ကေသမုတ္တိနယ်သားတွေဟာ ဒီနေ့ခေတ်လိုပြောရရင် အမေရိကန်လို
နိုင်ငံကြီးသားတွေပေါ့။ အထွေထွေဗဟုသုတနဲ့ပြည့်စုံကြတယ်။ ပြည့်စုံ
ရတဲ့အကြောင်းအရင်းတစ်ရပ်က လမ်းပန်းဆက်သွယ်မှုပါပဲ။
ကေသမုတ္တိဒေသဟာ ထိုခေတ်ထိုအခါက ကုန်းလမ်းရေလမ်းတို့၏အဓိ
ကအချက်အခြာနေရာမို့ စည်းပွားရေး၏အချက်အချာဖြစ်သလိုဘာသာ
ပေါင်းများစွာရဲ့ဘာသာရေးခေါင်းဆောင်ဆိုတဲ့ ဂုရုကြီးတွေဟာလည်း မ
ရောက်မဖြစ် ရောက်ကြတဲ့ဒေသပေါ့။
လူလိမ်လည်းရောက် လူကောင်းလည်းရောက် စသည့်ဖြင့် လူမျိုးပေါင်း
စုံဘာသာစကားပေါင်းစုံဖြင့် ကေသမုတ္တိနယ်သားတွေဟာ အတွေးအခေါ်
အယူအစအားဖြင့်သိပ့်ခေတ်မီတဲ့သူတွေလို့ သုံးသပ်နိုင်ပါတယ်။
ဒါ့ကြောင့် ဘုရားဝါဒကို သူတို့ သိပ့်လက်မခံကြဘူး။ ဘာသာရေးခေါင်း
ဆောင်ခေါ် ဘုရားပေါင်းများစွာနဲ့သူတို့ဟာ မကြာခဏတွေ့ဆုံနားကြား
ခွင့်ရခြင်းဟာလည်းပဲ သူတို့ရဲ့စိတ်ကို open mind ဖြစ်ဖို့တွန်းအားတစ်ခု
ဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့် ကေသမုတ္တိနယ်သားတွေက သူတို့ဒေသကို ရောက်လာကြ
တဲ့ ဘုရား ဆိုသူတွေကို အမြဲတမ်း Question ထုတ်လေ့ရှိပါသော်လည်း
ဘုရားဆိုသူတွေဟာ ကေသမုတ္တိနယ်သားတွေ ကြေနပ်လောက်အောင်
မဖြေနိုင်ကြပါဘူး။
ပြောမယ်ဆိုရင် အထွေထွေဗဟုသုတပြည့်စုံနေတဲ့ ကေသမုတ္တိနယ်သား
တွေရဲ့ ရင်ဘတ်ထဲကို ဘုရားဆိုသူတွေရဲ့ စကားလုံးများက မလွှမ်းမိုးနိုင်
ခဲ့ဘူးလို့ပြောရမှာပေါ့။
ဒါ့ကြောင့် ထိုခေတ်က ကေသမုတ္တိနယ်သားတွေဟာ ဘုရားဆိုသူတွေရဲ့
ပရိယာယ်အောက်ကနေ ရုန်းထွက်နိုင်ခဲ့ကြပါတယ်။
ဒီလိုနဲ့ တစ်နေ့တော့ ..
ဗုဒ္ဓမြတ်စွာဟာ ထို ဉာဏ်ကြီးရှင်တို့ရဲ့ နယ်ကိုရောက်ခဲ့ပါတော့တယ်။
ရောက်တယ်ဆိုရင်ပဲ အသက်ကလည်းငယ်ငယ် ရုပ်ကလည်းချော
ချောဖြစ်တဲ့ ဗုဒ္ဓဟာ ဒီနေ့ခေတ်စကားနဲ့ပြောရင် သိမ့်ကို Star ဖြစ်နေ
တယ်။ အဲဒီ ခေတ်က ဘုရားဆိုသူတွေဟာများသောအားဖြင့် အသက်50
စတဲ့ သက်ကြီးရွယ်အိုတွေကိုး ဒ့ါကြောင့် အသက်သုံးဆယ်ကျော်နဲ့ဘုရား
ဆိုတဲ့ဘွဲ့တံဆိပ်ကပ်ပြီးလှည့်လည်ဟောကြားနေကြတာကိုး။
အခုတော့ အသက်ငယ်ငယ်ရုပ်ချောချောဘုရားဖြစ်တဲ့ ဗုဒ္ဓမြတ်စွာကို
ကေသမုတ္တိနယ်သားတွေ ပိုမိုစိတ်ဝင်စားစရာဖြစ်နေတယ်။
ဒီနေ့ခေတ်ကိုပဲ ကြည့်လေ။
ဘယ်ဘုန်းကြီးကတော့ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲမှာဘာသာစုံဂုဏ်ထူး
နဲ့ အောင်ပြီး ဘုန်းကြီးဝတ်လိုက်တာ .. ဟေ့ ။
ဟာ . .ဘယ်ဘုန်းကြီးကတော့ဖြင့် အင်္ဂျင်နီယာဖြစ်ပြီးမှမလုပ်ချင်လို့
ဘုန်းကြီးဝတ်လိုက်တာ .. ဟေ့။
စတဲ့ ဂုဏ်များနဲ့လူအများကြည်ညိုသံကိုကြားမိသလိုပါပဲ။
အခုလည်းပဲ ဗုဒ္ဓမြတ်စွာဟာ အိန္ဒိယနိုင်ငံ၏ဘုရင်တစ်ပါးရဲ့ တစ်ဦးတည်း
သောသားဖြစ်ပြီး ကြင်ယာတော် ယသော်ဓရာဆိုသူကလည်းထိုခေတ်ထို
အခါက တကယ့်အလှဘုရင်မ Queen ကြီးတစ်ဆူဖြစ်နေတယ်။
ထိုမျှလောက် လောကစည်းစိမ်တွေကို အမှိုက်တစ်ခုလို စွန့်ပစ်ထားပြီး
အသက်နှစ်ဆယ်ကျော်တောထွက်ကာ ဘုရားဖြစ်ခဲ့သူဆိုတော့ ကေသ-
မုတ္တိနယ်သားတွေက ဗုဒ္ဓကို အခြားဘုရားများနည်းတူ လျှော့တွက်ဖို့ “ဝံ့”
နေကြတယ်။
နောက်အချက်က .. .
“ ကေသမုတ္တိနယ်သားတွေဟာ ဘဝရဲ့သိမ်းပိုက်မှုနဲ့ဘဝ၏စွန့်လွှတ်မှု”
ဆိုတဲ့ definition ကိုအရမ်းသိချင်နေကြတာကိုး။
ဒီအဓိပ္ပါယ်ကို ဟိုးယခင်က ဘုရားအဖြစ်လက်မထောင်ခဲ့ကြတဲ့ဗုဒ္ဓဆိုသူ
အယောင်ဆောင် တွေဟာ မဖြေရှင်းပေးနိုင်ကြဘူး။
ထိုအယောင်ဆောင် ဗုဒ္ဓအမည်ခံများက .. .
“ ငါ . .. .ဟာ ဘုရားဖြစ်တယ်”
“ ငါ . . .. ပြောတာကို လိုက်နာ”
“ငါ့ . . . ဓမ္မသည်သာလျှင် ပဓာန”
“ ငါ့ . တရားသည်သာလျှင် တကယ့်တရားစစ်”
“ ငါ .. . . ” “ ငါ .. . . ”
စသည်ဖြင့် တစ်ငါတည်းငါက အမိန့်သံဘုရားအဖြစ်နေကြတယ်။အာဏာ
ရှင် ဘုရားတစ်ဆူဖြစ်နေတယ်။
ဒါကို ကေသမုတ္တိနယ်သားတွေက ရွံရှာစက်ဆုပ်တော်မူကြတယ်။
ပြောမယ်ဆိုရင် ဒီနေ့ခေတ် အာဏာရှင်အာဏာရူးတွေလို အမိန့်သမား
တွေလိုပေါ့ ဒါ့ကြောင့် thinking ကောင်းတဲ့ general knowledge. ရှိတဲ့
ကေသ မုတ္တိနယ်သားတွေက ထိုဘုရားများကို အရူးဘုရားအဖြစ်ဟူ၍
သာသဘောထားလေ့ရှိကြတယ်။
ကဲ .. အခုတော့ သဗ္ဗညုအရှင် ဗုဒ္ဓမြတ်စွာနဲ့ဆုံကြလေပြီ .. ။
ဗုဒ္ဓရဲ့ ထူးခြားချက်ထဲမှာ ဘယ်တော့မှ ဆုတ်ကိုင်ထားတဲ့စကားလုံးကို
မသုံးဘူး။ အသားအရောင်လူမျိုးကို လွှတ်ပစ်ထားတယ်။ ဇာတ်နိမ့်ဇာတ်
မြင့်အယူဝါဒကို လုံးဝ လက်မခံဘူး စတဲ့ ဒီအချက်တွေဟာ ဗုဒ္ဓရဲ့ ဓမ္မကို
လုံးဝမသိသေးတဲ့ ကေသမုတ္တိနယ်သားတွေအတွက် စိတ်ဝင်စားစရာ
Interest ဖြစ်နေတယ်။ human society ဆိုတဲ့ လူ့အဖွဲ့အစည်းထဲမှာ
လွတ်လပ်စွာတွေးတောလက်ခံကြဖို့ဆိုတဲ့ ဗုဒ္ဓရဲ့အယူဝါဒဟာ ကေသ-
မုတ္တိနယ်သားတွေရဲ့ နှလုံးသားကို ယူကြုံးသိမ်းပိုက်မိရက်သားဖြစ်သွား
ပါတော့တယ်။
အထူးခြားဆုံးကတော့having divided or analysed ဆိုတဲ့“ဝိဘဇ္ဇ”စကား
တစ်လုံးပါပဲ။ ဗုဒ္ဓဝါဒမှာ ဒီစကားတစ်လုံးကလည်း Top ဖြစ်တယ်။
ဘယ်သူပြောပြော အရမ်းခေါင်းညိတ်နဲ့၊ မယုံကြည်နဲ့၊ လက်မခံနဲ့၊ ဝိဘဇ္ဇ
လုပ်ရမယ်။ ဒီစကားတစ်လုံးဟာလည်းပဲ အညံ့မခံလိုတဲ့ ကေသမုတ္တိ
နယ်သားတွေအတွက် felling ပေါ့။
ကမ္ဘာမှာက အများစုက ခေါင်းသျှို ဒူးထောက် ခံနေကြချိန်မှာ ကေသမုတ္တိ
နယ်သားတွေက ခေါင်းမော့ ရင်ကော့ နေလိုကြတယ်။ လူဖြစ်ခွင့်မှာ ဒူး
ထောက်အညံ့ခံရမည်ဟူသော ကျွန်ဝါဒကို ကေသမုတ္တိနယ်သားတို့ကရွံ
တယ်။ မုန်းတယ်။ သူတစ်ထူးဖန်ဆင်းပြုလုပ်ခံရသူဆိုတဲ့စကားကို ကေ-
သမုတ္တိနယ်သားတို့က စက်ဆုပ်တော်မူတယ်။
လူ့ဘဝဟူသည် တစ်ဦးတစ်ယောက်ခြင်းစီ၏ အခွင့်ရေးပင်ဖြစ်သည်။
တစ်စုံတစ်ယောက်အား ဒူးထောက်အရှုံးပေးအညံ့ခံကိုးကွယ်ရမည်ဟူ
သော ဖန်ဆင်းရှင်ဝါဒကို ကေသမုတ္တိနယ်သားတို့ အော့နှလုံးနာကြတယ်
ဒီလိုအယူအဆဟာ ဗုဒ္ဓဝါဒမှစိုးစဉ်းမျှမရှိဘူး။ ဗုဒ္ဓဝါဒဟာ လွတ်လပ်တယ်
ယင်းလွတ်လပ်ခြင်း၏နောက်ကွယ်မှ ကိုယ်ချင်းစာနာစိတ်ဟူသော ဗြဟ္မ-
စိုရ်တရားများ the life of holiness led by the sanctified ကိန်းဝပ်နေ
တယ်။ ပညတ်ချက်တွေနဲ့ယှဉ်လာရင် ဗုဒ္ဓဟာ ကမ္ဘာလောကို ပေးကမ်း
ခြင်း၊ ပေးဆပ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း ဆိုတဲ့ အယူအဆကို ပဓာန
ပြုတယ်။သူကိုယ်တိုင်ဘုရားဖြစ်ဖို့အတွက် ပါရမီမြောက်ကျင့်ရာမှာ “ဒါန”
alms-giving ပါရမီကို စဦးဖြည့်ကျင့်ခဲ့တာကိုတွေ့ရပါတယ်။ ယင်းသည်
ပင် ဗုဒ္ဓဝါဒ၏ လေးမြတ်တုယူစရာပင်ဖြစ်သည်။
လောကသည် အတ္တခေါ် အယူသမားကို မုန်းတီးသည်။ယင်း အယူသမား
သည် လောကကို ဖျက်ဆီးသူဖြစ်သည်ကို လောက’ ကသိတော်မူသည်။
အယူသမားသည် သယံဇာတခေါ် ကမ္ဘာလောကအားဖျက်ဆီးသူဖြစ်ပြီး
အပေးသမား ဒါန သမားသည် ကမ္ဘာလောကကို ပံ့ပိုးထောက်ပံ့သူဖြစ်
သည်။ ဗုဒ္ဓဝါဒက ကုတ်ခြစ်သူမဟုတ် ပြုပြင်ခြင်းသည်သာတည်း။
ဤသို့ စသောအပေါ်ယံအချက်များနှင့်ပင် ကေသမုတ္တိနယ်သားတွေ
ဟာ ဗုဒ္ဓ၏ ဗုဒ္ဓဝါဒကို သေချာတိပမသိရသေးသော်လည်း လေးစားနေကြ
သည်။
အခုဆိုရင် ဗုဒ္ဓဟာ သူတို့ဒေသကိုရောက်လာပြီ ဟု သတင်းစကားကြား
သည်နှင့်ပန်းမံတင်လဲ ပျားရည်စတဲ့လှူဒါန်းဖွယ်ရာတွေကို တစ်ပါတည်း
ယူဆောင်ပြီး ဗုဒ္ဓရှိရာဇရပ်ကြီးသို့ ချည်းကပ်ပါတော့သည်။ ယင်း ဗုဒ္ဓမြတ်
စွာနဲ့ ပဋိသန္ထာရ kindness ဆိုတဲ့ ကြင်နာဖွယ်ရာ လေးစားဖွယ်ရာအမှတ်
ရဖွယ်ရာ စကားများကို ပြောဆိုကြပါတယ်
သတ္တလောကကြီးတစ်ခုလုံးကို ဖြန့်ကြက်ကြည့်ရှု့လိုက်တဲ့အခါ ..
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ . စသော ဓမ္မများကို ထိုးထွင်းသိမြင်ထားသော
ဗုဒ္ဓမြတ်စွာအတွက် လောကသားတွေဟာ သနားစရာသတ္တဝါလေးတွေ
ပေါ့။
အခုလည်း သူ့ထံမှောက် လာရောက်ဖူးမျှော်ကြသော ကေသမုတ္တိနယ်
သားတွေကို မဟာကရုဏာတော်မြတ်ဖြင့်ဖြန့်ကြက်ပြီးသကာလ သူတို့
သိလိုရေးနဲ့ မေးသမျှသမျှကို ဘဝင်ကျအောင် ဖြေကြားခဲ့ပါတယ်။
“ အရှင်ဘုရား ”
“ တပည့်တော်တို့ ကေသမုတ္တိနယ်ကို ဘုရားဆိုသူတွေလာကြတယ်”
“ အရှင်ဘုရားကရော ထိုဘုရားတွေလိုပဲလား ”
ကေသမုတ္တိနယ်သားတွေရဲ့ စကားသံသည် သဗ္ဗညုတရွှေဉာဏ်ရှင်ဗုဒ္ဓ
၏ကွန်ယက်ဝယ် ကရုဏာဓာတ်တို့ဖြင့် စိမ့်သက်၍ နေသည်မှာတော့
မငြင်းသာ။
“ အရှင်ဘုရား ”
“ တပည့်တော်တို့ ဒေသကို အရှင်ဘုရားထက်စောပြီး ရောက်လာကြ
ကုန်သော ဘုရားတွေက ”
“ သူ့ . . . ဝါဒသည်သာ အမှန် ”
“ သူ . . . တစ်ပါးဝါဒသည်ကား အမှား ”
“ သူ . .. သည်သာလျှင် ဗုဒ္ဓအစစ် ”
“ သူ . . . တစ်ပါးသည်ကား ဗုဒ္ဓအတု ”
“ အဲလိုပဲ ပြောကြပါသည်ဘုရား ”
“အရှင်ဘုရားကရော အဲလိုစကားတွေပဲ ပြောဦးမှာပဲလား ”
ကေသမုတ္တိနယ်သားတို့ဟာ သူတို့၏ ရင်တွင်းခံစားချက်ကို မကွယ်မ
ထောင့် အခုလိုပဲ ရိုးဖြောင့်သွားမေးလျှောက်ကြပါတယ်။
သူတို့ရင်ထဲမှာ အလင်းကိုလိုချင်သည်။ သူတို့တတွေမှာ အမှောင်စကား
တွေနဲ့သာရင်းနှီးခဲ့ရသည်။ သူတို့အား အခြားဘုရားတို့က မာနတရား
တွေ ဟောခဲ့သောကြောင့် ယင်းမာနတရားတို့၏ ပွတ်သပ်မှုကို ခံစားနေ
ရသည်။ ယင်းမာနတရားကြောင့် ကေသမုတ္တိနယ်သားတို့ မွန်းကျပ်နေပြီ။
လွတ်မြောက်မှုကိုရလိုသော ကေသမုတ္တိနယ်သားတို့အတွက် ဘုရားအ
မည်ခံတို့၏ မာနမလွတ်သော တရားစကားတို့သည် ငြီးငွေ့နေသည်။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာကိုလည်း သူတို့ခံစားနေရသော ရင်တွင်းခံစားချက်
အား ရိုးရိုးသားသား မေးမြန်းလျှောက်ထားမိခြင်းပင်ဖြစ်ပါသည်။
အခြားသူများအတွက်တော့ ယင်းစကားသည် အရိုင်းဆန်ခြင်ဆန်နေပေ
လိမ်မည်။
ယင်းကို အတုမရှိဗုဒ္ဓမြတ်စွာသည် သိနှင့်နေပြီးသားပါတည်း။
ဘုရားတုတွေ . .. တရားအတုတွေ .. သံဃာအတုတွေ ..
အတုတွေပေါတဲ့ ကေသမုတ္တိနယ်မှာ အခုတော့ဖြင့် . ..
ဘုရားအစစ် . . တရားအစစ် .. . သံဃာအစစ်တို့ စတင်၍ကိန်းဝပ်ပေ
တော့မည်။
ဗုဒ္ဓတည်းဟူသော နေမင်းကြီးမှ ဓမ္မတည်းဟူသောလမင်းကြီးတို့ပွင့်
လေတော့မည်။ ယင်းနှင့်တစ်ပါတည်း ကြယ်တရာနက္ခတ်သဘင်တည်း
ဟူသော သံဃာရတနာတို့သည်ကား .. အဘယ်မှ ဆိုဖွယ်ရာရှိတော့
မည်နည်း။
မာနတရားကိုယ်တို့ဖြင့် ညစ်နွမ်းနေသော ကေသမုတ္တိနယ်သားတို့အား
“တံ ကိံ မညထ ကာလာမာ ”
ဗုဒ္ဓ၏ မဟာကရုဏာတော်မြတ် အတွင်းဓာတ်မှ ဆင်းကြွလာသော အသံ
တော်သည် ငြိမ်းချမ်းလှ၏ ။ ငါ .. ဟူသော မာနတရားကိုယ်မပါ။ ငါ မှ ငါ
ဟူသော အတ္တတို့ မရောယှက်။
ပေးသူနှင့်ယူသူ ကြည်ဖြူသော မေတ္တာတရားကို ပဓာနထားသည်။ ငါက
ပေးသူ မင်းက ယူသူ ။ ပေးသူသာ ပဓာန ယူသူက သာမည ဟူသော မာ
န- အတ္တတို့ စိုးစင်းမျှမပါ။
ပေးသူနှင့်ယူသူတို့ ကြည်ဖြူစွာမေးကြမြန်းကြသော ဗုဒ္ဓ၏စကားရပ်သည်
ယူသူ ကေသမုတ္တိနယ်သား ကာလာမတို့အတွက် ငြိမ်းအေးသက်သာနာ
ပျှော်ဖွယ်ရာပါတကား . .။
“တံ ကိံ မညထ ကာလာမာ ”
ကာလာမာ၊ ကာလာမမင်းမျိုးတို့။ တံ ၊ ထိုငါဆိုအပ်မည့်စကားတို့ကို။
တုမှေ ၊ သင်တို့သည်။ ကိံ မညထ၊ အဘယ်သို့ ထင်မြင်သုံးသပ်ကြ
မည်နည်း။
+မညထ+ပါဠိပုဒ်ကို အဘိဓာန်မှာ . .
[မန+ယ+ထ]
• (၁) သိကုန်၏။
• (၂) မှတ်ထင်ကုန်၏။
ဖွင့်ဆိုထားသလို . .
မညထ (ကြိ)
[မန+ယ+အာ။ အာ-ကို ထ-ပြု။]
• မှတ်ထင်ပြီ။
ဟူ၍လည်း ဖွင့်ဆိုထားပြန်ပါတယ်။
ဗုဒ္ဓမြတ်စွာသည် ဒေသနာတော်ကို မိန့်မြွတ်ရာ၌ မြစ်ရေလျဉ်လို့ဟော
သည်မဟုတ်။ ပရိတ်သတ်ကို မေးမြန်းခြင်းဖြင့် လိုရာသို့ရောက်အောင်
ဟောတော်မူလေ့ရှိသည်။
သုံးသပ်ကြမည်နည်း၊ ထင်မြင်ကြသနည်း၊ ယူဆကြသနည်း စသော
အမေးဝါကျတို့သည် “ငါ့စကားနွားရ”ဆိုသည်မဟုတ်။ပြောသူ နှင့်
နာယူသူတို့ အပြန်အလှန်နားလည်သဘောပေါက်ခြင်းမှ ရရှိလာသော
အသိတရားကိုဆိုသည်။ ယင်းသည်သဘာဝမှပေးသော ဓမ္မစစ်တစ်လုံး
ပင်ဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် အလင်းငတ်နေသော ကေသမုတ္တိနယ်သားတို့အား အ
လင်းကိုပေးရာတွင် ဟိုး ယခင်ဘုရားတုများကဲ့သို့ အမိန့်သံမပါဝင်ပေ။
အာဏာရှင်တို့၏ မာနအတ္တကိုမသုံး။ ဓမ္မကို အပြန်အလှန် “ မညထ” 
လုပ်ကြခြင်း
ပင်ဖြစ်သည်။
ဓမ္မဟူသည် ဖန်ဆင်းထားသော ရုပ်ဝတ္ထုပစ္စည်းတစ်ခုမဟုတ်ချေ။ ဓမ္မဟူ
သည်ကား ကမ္ဘာလောက၏ ရှိနှင့်နေပြီးသောသဘာဝတရားပင်ဖြစ်သည်
ယင်းကို ဗုဒ္ဓမြတ်စွာက ဝေနေယျတို့အား . .
(၁) သိရှိရန် (come to know)
(၂) ကျင့်သုံးရန်(practies)
(၃) လွတ်မြောက်ရန် (escape)
ဟူသော ပဓာနသုံးချက်ဖြင့် လမ်းညွှန်ပြသော အတုမရှိဆရာတစ်ဆူသာ
ဖြစ်သည်။
ယင်းရည်ရွယ်ချက် ယင်းသို့သော ပုဂ္ဂိုလ်ရှင်အားသာလျှင် ကမ္ဘာလောက
ကြီးက အတုမရှိသော ဗုဒ္ဓဟူသည့်ဘွဲ့တံဆိပ်တော်ကို ခပ်နှိပ်လိုက်ခြင်း
ပင်ဖြစ်သည်။
စကားကြွင်း . .
(မြန်မာနိုင်ငံတွင် အာဏာရှင်များကြီးဆိုသော ခေတ်ကာလဆီက “ အဂ္ဂ-
မဟာပဏ္ဍိတ” “ မဟာရဋ္ဌဂုရု” စသော ဘွဲ့မျိုးမဟုတ်ချေ)
ဗုဒ္ဓဟူသောဘွဲ့တံဆိပ်တော်မြတ်သည် တစ်စုံတစ်ဦးကပေးသောပစ္စည်း
ဂုဏ်ဒြပ်မျိုးမဟုတ်။ တစ်စုံတစ်ဦးကလည်း ဆက်သအပ်သော ဂုဏ်ပုဒ်
မျိုးလည်းမဟုတ်။ ကိုယ်တော်တိုင် အသင်္ချေပေါင်းများစွာ ပေးဆပ်ခဲ့ခြင်း
ကြောင့်သာလျှင် ရအပ်သော ဂုဏ်ထူးဝိသေသပင်ဖြစ်သည်။
ထိုသည်ကိုမသိသော ငပိန်းတို့က ဘာဘွဲ့ ညာဘွဲ့ဟူသော တံဆိပ်များ
ခပ်နှိပ်၍ ပေးသည်လော ဆပ်ကပ်သည်လော မသိ လုပ်ချင်ရာလုပ်၍နေ
ကြပြီး ယူခြင်သလိုယူ၍နေကြသည်။
စကားစပ်မိလို့ပြောရပါရင် .. အမရပူရ တောင်မြို့ မဟာဂန္ဓာရုံဆရာ
တော်ကြီးက “ အဂ္ဂမဟာပဏ္ဍိတ” ဟူသောဘွဲ့ကို သွားရောက်လက်ခံ
ယူဆောင်ခြင်းမရှိသည် ဟု ကြားဖူးသည်။
ယနေ့ခေတ်တော့ဖြင့် ထိုဘွဲ့ကိုရမှသာလျှင် မြတ်သောရဟန်းတော်အ
ဖြစ်အသိမှတ်ပြုခြင်းကိုခံရသည်။ သာသနာတော်အတွက် ရင်လေးစရာ
ပင်တည်း။
မူလတရားကိုယ်ပြန်ကောက်သော် .. .
ကာလမမင်းမျိုးဖြစ်သော ကေသမုတ္တိနယ်သားတို့သည် Listen
carefully နာယူသူဖြစ်ပြီး။ ဗုဒ္ဓသည် give a discourse ဟော
ဟောကြားသူဖြစ်သည်။ ယင်းတွင် မေတ္တာစေတနာအရင်းမခံပါက
နှစ်ဦးနှစ်ဘက်တွင် အကျိုးမဲ့သည်သာဖြစ်သည်။
Discourse ဟာ မည်မျှစေတနာထားရေးသားဟောပြောစေကာမူ List-
en ဘက်မှ နာခံလိုသော စေတနာမရှိက အချီးအနှီးပင်ဖြစသည်။
ယခုတွင်မူ . ..
Listen ဖြစ်သောကေသမုတ္တိနယ်သားတို့သည် မိမိတို့အရင်သိနှင့်ထား
သော အရင်တရားတရားတို့ကို မှား၏ မှန်၏ ကောင်း၏ဆိုး၏ ဆိုသော
အဖြူအမည်းကွဲပြားစွာသိလိုကြသည်။ ဖြူလျှင် ဆောင်၍ မည်းလျှင်
ရှောင်ကျဉ်မည်ဟူသော သဒိဋ္ဌာန်ရှိသည်။ ထိုတစ်ချက်နှင့်ပင်လျှင် အ
တော်လုံလောက်သော နာယူသူ၏ တာဝန်ကျေပွန်နေပေသည်။
Discourse ဖြစ်သူ ဗုဒ္ဓဘက်ကတော့ အထူးပြောဖွယ်ရာမရှိပေ။ ဗုဒ္ဓသည်
သတ္တလောကတစ်ခုလုံးအတွက် ပေးဆပ်ရန်တစ်ခုတည်းသောရည်ရွယ်
ချက်ဖြင့် ဗောဓိပင်အောက်တွင် ဗုဒ္ဓအမည်ခပ်နှိပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကေသမုတ္တိနိဂုံးဇရပ်၏ ဓမ္မသဘင်သည် တကယ့်စစ်မှန်သော
ငြိမ်းအေးသော ဓမ္မသဘင်ဖြစ်သလို အဖြူကိုအဖြူ အမည်းကိုအမည်းသဲ
ကွဲစွာသိလိုသော ကေသမုတ္တိနဂုံးသား ကာလမမင်းမျိုးတို့အတွက် အမှန်
မြင် အမှန်သိနိုင်သော နေ့ပင်ဖြစ်သည်။
ဗုဒ္ဓသည် အောက်ပါ အချက်ဆယ်ချက်ဖြင့် လောက၏ အလိမ်အညာဝါ-
စာကမာကောင်တို့၏ မုသားများအား ခြေပနိုင်ခဲ့သည်။
(၁) အနုဿဝေန၊ သူတပါးတို့ အထံမှ အဘန်တလဲလဲ ကြားသောစကား
ဖြင့်လည်း။ မာဂဏှိတ္ထ၊ အမှန်ဟု မယူကုန်လင့်။
(၂) ပရမ္ပရာယ၊ဘိုးဘွား အဆက်ဆက်မှလာသောစကားဖြင့်လည်း။မာဂ-
ဏှိတ္ထ၊ အမှန်ဟု မယူကုန်လင့်။
(၃) ဣတိကိရာယ၊ ဤသို့ဖြစ်သတက်ဟူသောအခြင်းအရာဖြင့်။
မာဂဏှိတ္ထ၊ အမှန်ဟု မယူကုန်လင့်။
(၄) ပိဋကသမ္ပဒါနေန၊ သင်အပ်သောကျမ်းဂန်ပါဠိကိုပြည့်စုံစေသဖြင့်။
မာဂဏှိတ္ထ၊ အမှန်ဟု မယူကုန်လင့်။
(၅) တက္ကဂါဟေန၊ ကြံဆ၍ ယူခြင်းဖြင့်။ မာဂဏှိတ္ထ၊ အမှန်ဟုမယူ
ကုန်လင့်။
(၆) နယဂ္ဂါဟေန၊ နည်းကိုယူသဖြင့်။ မာဂဏှိတ္ထ၊ အမှန်ဟုမယူကုန်လင့်။
(၇) အာကာရပရိဝိတက္ကေန၊ အခြင်းအရာကိုကြံသောအားဖြင့်။မာဂဏှိ-
တ္ထ၊ အမှန်ဟု မယူကုန်လင့်။
(၈) ဒိဋ္ဌိနဇ္ဈာနက္ခ န္တိယာ၊ ကြံစည်၍နှစ်သက်၍ ယူအပ်သောအယူဖြင့်။
မာဂဏှိတ္ထ၊ အမှန်ဟု မယူကုန်လင့်။
(၉) ဘဗ္ဗရူပတာယ၊ ကြည်ညိုထိုက်သောရဟန်း၏စကားဖြင့်။ မာဂဏှိတ္ထ၊
အမှန်ဟု မယူကုန်လင့်။
(၁၀) သမဏော၊ ဤရဟန်းသည်။ နော၊ငါတို့၏။ ဂုရု၊ ဆရာတည်း။ဣတိ၊
ဤသို့နှလုံးပိုက်သဖြင့်လည်း။ မာဂဏှိတ္ထ၊ မယူကုန်လင့်။
ဣမေဓမ္မ၊ ဤတရားတို့သည်။ အကုသလာ၊ အကုသိုလ်ဖြစ်ကုန်၏။
ဣမေဓမ္မာ၊ . . သည်။ သာဝဇ္ဇာ၊ အပြစ်ရှိကုန်၏။ ဣမေဓမ္မ၊ ဤတရား
တို့သည်။ ဝိညုဂရဟိတာ ၊ ပညာရှိတို့သည် ကဲ့ရဲ့အပ်ကုန်၏။ ဣမေဓမ္မ၊
ဤတရားတို့သည်။ သမတ္တာ၊ ပြည့်စုံစေအပ်သည်ရှိသော်။ သမာဒိဏ္ဏာ၊
ကောင်းစွာယူအပ်ကုန်သည်ရှိသော်။ အဟိတာယ၊အကျိုးစီးပွားကင်းမဲ့
ခြင်းငှါ။ ဒုက္ခာယ၊ ဆင်းရဲဒုက္ခရောက်ခြင်းငှါ။ သံဝတ္တ န္တိ၊ ဖြစ်ကုန်၏။
ဗုဒ္ဓ၏ တရားအသံတော်တို့တွင် . .. .
လောကလူသားတို့အတွက် လွယ်ကူစွာခေါင်းညိတ်မှုကို ငြင်းပယ်ထား
သည်။ လွယ်ကူစွာခေါင်းခါမှုကိုလည်း ပစ်ပယ်ထားသည်။ ယင်းအစွန်း၏
အလယ် မဇ္ဈိမ၌ ဝိဘဇ္ဇကိုတည်စေသည်။
ဘယ်သူပြောပြော ယင်းပြောသမျှကို ပရိယာယ်ဆယ်ပါးဖြင့် မှတ်
ကျောက်တင်ရမည်ဟု ဆိုသည်။
ယနေ့မျက်မှောက်ခေတ်တွင် ကမ္ဘာကျော်သိပ္ပံပညာရှင်အတွေးအခေါ်ပ
ညာရှင်တို့သည် ယင်းဓမ္မဆယ်ပါးကို သဘောတူကြသည်။ ထို့ကြောင့်
လည်း ကမ္ဘာ့သိပ္ပံလောကဓာတ်ဆရာကြီးတို့က ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒကို ကြည်
ညိုနှစ်သက်ကြသည်။
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့သည်ကား ထိုသို့မဟုတ်ချေ ..
ဝါဝါမြင်လျှင် ဦးကုန်းချသည်။ ဖွတ်ထွက်မှ တောင်ပို့မှန်းသိကြသည်။
ဤသည်ကား လောကကို ဝိဘဇ္ဇမလုပ်နိုင်သော ဉာဏ်၏ အမှားပင်
ဖြစ်သည်။ နောင်တတရားဟူသည် ခေါင်းညိတ်လွယ်ခြင်းနှင့် ခေါင်း
ခါလွယ်ခြင်းတို့၏ အကျိုးရလဒ်ပင်ဖြစ်သည်။
ဗုဒ္ဓအစစ်နှင့်ဗုဒ္ဓဝါဒအစစ်ကို ကိုးကွယ်နာကြားမှတ်သားခွင့်ရသောသူ
တို့သည် အဖြစ်အပျက်တိုင်းကို ဝိဘဇ္ဇလုပ်ကြသည်။ အဖန်ဖန်အထပ်
ထပ် သုံးသပ်ဆင်ခြင်ကြသည်။ အလွယ်တကူ ဝမ်းသာခြင်း ဝမ်းနည်း
ခြင်းမဖြစ်ကြ။ ဝိဘဇ္ဇ၏နောက်ကွယ်၌ ယောနိသောမနသိကာရကို အ
မိရ နှလုံးသွင်းပိုက်နိုင်ကြပေသည်။
မြန်မာပြည်တွင် သံဃဂိုဏ်းတရားဝင် 9 ဂိုဏ်းလောက်ရှိသည်ဟုထင်
သည်။ အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်မှစ၍ ယခုတိုင်အောင်
(မဟန) (မဘသ) (969) တို့လည်းရှိနေသေးသည်။ ဤသည်ကို ဗုဒ္ဓဘာ
သာဝင်တို့ မည်မျှ ဝိဘဇ္ဇလုပ်နိုင်ပါသနည်း?
ကာမာမာတို့အား ဗုဒ္ဓပေးခဲ့သော ဆယ်ပါးသောဓမ္မဖြင့် တိုင်းတာခဲ့ဖူး
ပါသလော?
ဗုဒ္ဓမြတ်စွာသည် ဘုရားတုတရားတုတို့ဖြင့်အယောင်ယောင်အမှားမှားဖြစ်
နေသော ကာလာမတို့အား ချေချွတ်တော်မူရာတွင် အသိဉာဏ်တံခါး
ပိတ် ဇွတ်ခေါင်းညိတ်ခိုင်းသည်မဟုတ်။
“တံ ကိံ မညထ ကာလာမာ ”
“မင်းတို့ဘယ်လို ထင်မြင်သလည်း”
“ မင်းတို့ ဘယ်လို ယူဆသလည်း”
“ မင်းတို့ ဘယ်လို သုံးသပ်မိလည်း”
စသော စကားရပ်ဖြင့် အသိဉာဏ်တံခါးအား လမ်းဖွင့်ပေးတော်မူခဲ့ပါ
သည်။
လူသား၏ ဉာဏ်စွမ်းဉာဏ်စကို ဗုဒ္ဓမြတ်စွာသည် ပိတ်နှောင်တော်မမူခဲ့။
ယနေ့ကမ္ဘာ့ပညာရှိတို့ သုံးနှုန်းနေကြသော “လူသည်ပဓာန” ဟူသော
စကားရပ်သည် ဗုဒ္ဓ၏ဆိုလိုရင်းပင်ဖြစ်သည်။
ဗုဒ္ဓမြတ်စွာ၏ ဓမ္မတို့သည် အာဏာမနှော ငြိမ်းချမ်းသောသဘောကိုသာ
ဆောင်တော်မူသည်။
သူကိုယ်တိုင် အသိထူးအမြင်ထူးတရားထူးကို ကျိုးစားတော်မူသကဲ့သို့
လောကကိုလည်း သူလိုကျိုးစားရန် လူစွမ်းလူစကို လမ်းပြတော်မူသော
သဗ္ဗညုတဉာဏ်ရှင် ဆရာမြတ်ပင်ဖြစ်သည်။
“ငါ လုပ်ပေးခြင်းထက်မင်းတို့ကိုယ်တိုင်ကြိုးစားခြင်းကသာ၍မြတ်သည်”
ဟူသော လုံ့လဝီရိယအားကိုလည်း မြှင့်တင်လမ်းပြတော်မူခဲ့ပါသည်။
အခုလည်း ကေသမုတ္တိနိဂုံးသား ကာလာမတို့အား ဉာဏ်စဉ်အလင်းကို
ဗုဒ္ဓရှင်တော်သည် စတင်ဖွင့်လှစ်တော်မူနေပါပြီ။
“တံ ကိံ မညထ ကာလာမာ ”
ကာလမတို့သည် ဗုဒ္ဓ၏ ဓမ္မကို နာယူမှတ်သားရာတွင် မိမိတို့ဉာဏကိုယ်
မှ စိုက်ထုတ်အပ်သော ဉာဏ်အလင်းကို တစ်စတစ်စ ဆွဲထုတ်နိုင်ခဲ့ပါ
သည်။
အတွင်း၌ ရစ်နှောင်ခြင်းကိုခံရသော ကြိုးစသည် ဆွဲထုတ်သူမရှိက အ
တွင်းပသာဒရုပ်တွင် ခိုင်မြဲစွာစွဲ၍နေရသည်။ အဲ .. ထိုအစအား ကရိယာ
အကူအညီဖြင့် ဆွဲထုတ်လိုက်သောအခါ အတွင်း၌ ကြာရှည်မြဲမြံစွာနှောင်
ဖွဲ့ထားခြင်းခံရသော ယင်းကြိုးစားသည် ဆွဲထုတ်သူနောက်သို့ လိုက်ပါရ
သကဲ့သို့တည်း။
ယခုလည်း ကာလာမတို့၏ အသိဉာဏ်အား ဘုရားတု တရားတု သံဃာ
အတုတို့ဖြင့် နှစ်ထမ်းကြာရှည်စွာ တုတ်နှောင်ခံထားရသည်။ ယင်းကို
ဗုဒ္ဓမြတ်စွာက ဓမ္မတည်းဟူသော ကရိယာတံဆာပလာဖြင့် ဆွဲထုတ်
လိုက်သောအခါ . . .။
“ ငါ့ . . တရားသာ . . မှန်၏ ”
“ သူများ .. . တရား . . မှား၏”
စသော ငါသာအမှန် ၊ ငါသာ ဘုရား၊ စသည့်စကားတို့ကို မသုံးနှုန်းဘဲ
“ အို .. . ကာလာမ တို့ . ..”
“ ဤအမှုဟာ ကုသိုလ်ဟုသိရင် ယင်းကုသိုလ်ကို ပြုလုပ်အားထုတ်သင့်
ပါတယ်။ ”
“ ဒီအမှုဟာ အကုသိုလ်ဟုသိရင် ထိုအကုသိုလ်ကို စက်ဆုပ်ရွံရှာရမယ်”
“ ကုသိုလ်ကို သူတော်ကောင်းတို့ မြတ်နိုးတော်မူပါတယ်”
“ အကုသိုလ်ကို သူတော်ကောင်းတို့ ရွံရှာတော်မူပါတယ်”
“ ဒါ့ကြောင့် ငါဘုရားပြောအပ်သောစကားရပ်တွင် ကုသိုလ်အကုသိုလ်
ကို မင်းတို့ ပိုင်းခြားဝေဖန်ရမယ် ”
“ မင်းတို့မှာ ကိုယ်ပိုင် အသိဉာဏ်ရှိပါတယ်”
“ သူများပြောတိုင်း ခေါင်းညိတ်ခေါင်းခါ လုပ်စရာမလိုပါဘူး”
“ အကုသိုလ်ကိုမလုပ်တဲ့သူအတွက်၊ တမလွန်လောကရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ စိုးရိမ်စရာမလိုဘူး”
“ အကုသိုလ်ကို လုပ်ထားသောသူသာ တမလွန်လောကရှိသည်ကို
စိုးရိမ်နေရတယ်”
“လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတရားဆိုးတွေဟာ ကိန်းသူ
ထံပူလောင်စေတာကို မင်းတို့ကိုယ်တိုင်သိနေတာပဲ”
“ ငါက အထူးဝေဖန်ဟောကြားစရာတောင်မလိုဘူး”
“ ဒါ့ကြောင့် ”
“ အကုသိုလ်တရားများကို ပယ်နှုတ်ပါ”
“ ကုသိုလ်တရားများကို ကြိုးစား၍ ပွားများပါ”
ဗုဒ္ဓမြတ်စွာရဲ့ စကားအဆုံးမှာ ကာလမမင်းမျိုးတို့ရဲ့ အသိဉာဏ်အ
လင်းဉာဏ်ဟာ လောကဓာတ်သို့ပျံ့နှံ့လေတော့သည်။
ဗုဒ္ဓမြတ်စွာသည် ကာလာမတို့အား . ..
ငါ သည်သာပဓာန ဟု တစ်လုံးတပါဒမှမပါ။
ငါ့ အားသာ ကိုးကွယ်ပါဟု လေသံမှမဟပါ။
သို့သော်လည်းပဲ .. တရားအဆုံးမှာတော့ဖြင့် အတုမဲ့ဗုဒ္ဓမြတ်စွာအား
ကာလမမင်းမျိုးတို့သည် ဆယ်ဖြာသောလက်တို့ကို ဦးထိပ်မှာယှက်မိုး
လျှက် . . . . .
“ အို .. ” “ အသျှင်ဘုရား . .. ”
“အသျှင်ဘုရား၏ တရားတော်တို့သည် အလွန်နှစ်သက်ဖွယ်ရှိပါ၏။ အ
ကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါကုန်၏။
တရားတော်ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါကုန်၏။ သံဃာ
တော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏။ မြတ်စွာဘုရား
သည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးအား
ကိုးကွယ် ဆည်းကပ်သော ဥပသကာတို့ဟု မှတ်တော်မူပါ ”
စသော ကြည်ညိုဖွယ် နှစ်သက်ဖွယ်စကားတို့ဖြင့် လျှောက်ထားတော်
မူခဲ့ကြပါတယ်။
ဟုတ်ပါရဲ့ .. .
လောကကို ပေးဆပ်ကြသော ဘုရားအစရှိသော အရိယာသူတော်
ကောင်းတို့၏ အနီးအရပ်သည် အေးငြိမ်းလှသလို အသံစကားတို့
သည်ကား ချိုမြိန်လှသည်မဟုတ်ပါလော .. ။
အရိယာတို့သည် ငါ .. မာန်မပါ ၊ ငါ .. နှင့်အာဏာကိုမသုံး သူတို့
နှလုံးက ယူကြုံးမဝနိုင်သကဲ့သို့ လောကနေ သတ္တဝါအားလုံးတို့အား
သက်ညှာတော်မူခဲ့ပါသည်။
ငါ့ကို ကိုးကွယ်မှ ၊ ငါ့ စကားကိုနားထောင်မှ စသော ငါ့အလိုလိုက်သူကို
သာလျှင် သက်ညှာ၍ ငါ့အလို ဆန့်ကျင့်သူတို့အား ထောင်ထားခြားနား
သော အာဏာရူးများမဟုတ်ကြ။
ထို့ကြောင့် အရိယာတို့ရေးသားဟောကြားအပ်သော စကားတော်တို့ကို
တစ်ခဏဖတ်ကြားနေရသူပင် ငြိမ်းအေးချမ်းသာလှပေသည်။ အခုလို
ရေးသားအပ်သော အကျွန်ုပ်ကိုယ်တိုင်ပင်လည်း ထိုငြိမ်းအေးသော
သမဏသုခကို ဝလင်စွာခံစားရပါ၏။
သို့ဆိုလျှင် .. .
လိုလိုချင်ချင်ဖတ်ရှု့နာယူမှတ်သားကြသော သင်သူတော်ကောင်းတို့အ
တွက်လည်း အဘယ်မှ ပူလောင်ဖွယ်ရာရှိတော့မည်နည်း .. ။
ဘုရားကိုအတုလိုက် တရားကိုနှစ်ခြိုက်သောသင်သူတော်ကောင်းတို့
အား မည်မျှပင် လောကဓံကြမ်းရမ်းစေကာမူ မြူမှုန်ဝါဂွမ်း လေနှင့်ဖြန်း
လိုက်သလို .. ပ။
ထို့သို့ဖြင့် အကျွန်ုပ်တို့သည် ..
ဗုဒ္ဓမြတ်စွာအား လည်းကောင်း ၊ ဓမ္မမြတ်စွာအားလည်းကောင်း ၊ သံဃာ
မြတ်စွာအားလည်းကောင်း ပူဇော်ခြင်း နာယူမှတ်သားခြင်းဖြင့် . .
ဆက်ရေးရမည်ဆိုရင် ကျယ်ဝန်းပေဦးမည်။ ဆုံးမည်မဟုတ်။ ကေသမုတ္တိ
သုတ်သည် အကျွန်ုပ်၏ ဉာဏ်တစ်ထွာတစ်မိုက်နှင့်ပင် ပြော၍ဟော၍မ
ဆုံးနိုင်ဖွယ်ရာပါ။ ယခုရေးသောစာမျက်နှာသည်လည်း 14 ရွက်မျှရှိနေ
လောက်ပြီ။ ထို့ကြောင့် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
ပြောသကဲ့သို့ .. .
ကဲ . . အချိန်လည်းစေ့ပြီ တရားသိမ်းကြစို့ .. ။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)

No comments:

Related Posts Plugin for WordPress, Blogger...