Wednesday 24 February 2016

ဖုန်းလိုင်းဖြင့် အင်တာနက်သုံးစွဲသူများ သတိပြုမိစေရန်


ဥပမာ . .
တယ်လီနော့ မှာ facebook ရက်ပေါင်း သုံးဆယ် အသုံးပြုနိုင်
ရန်မြန်မာငွေ 2000 ကျပ် ဖြင့်အသုံးပြုနိုင်ပါတယ်။ *4009# ကို
ဖုန်းခေါ်ဆိုပါ။
အဲဒီအစီအစဉ်ကိုကျွန်တော် တယ်လီနော့ကိုယုံကြည်မှုနဲ့
ငွေ 2000 ကျပ်ကို ရဲရဲကြီးပေးလိုက်ပါတယ်။
သို့သော် . .. .
တယ်လီနော့ က ကျွန်တော်ပေးဆပ်မှုကို Facebook
သုံးတဲ့အခါမှာ သုံးလို့ရတစ်ချက် မရတစ်ချက်နဲ့။
လိုင်းက အရမ်းနှေးလွန်းတဲ့အတွက် နောက်ဆုံးတော့
အော်ရီဒူးနဲ့ ပိုစ့်တွေတင်ရတဲ့အဖြစ်မျိုးကိုကြုံရပါတယ်။
မြန်မာပြည်မှာနေတဲ့သူတစ်ယောက်အတွက် အင်တာနက်
လိုင်းနှေးတယ်လို့ ငြည်းညူနေစရာအထူးမလိုပါဘူး။ ဒီလိုနဲ့ပဲ့
သုံးလာခဲ့တာ အရိုးဆွေးနေပါပြီ။
အဲလို အရိုးဆွေးနေတဲ့သူတောင် တယ်လီနော့ရဲ့ 2000ကျပ်
တစ်လသုံးအစီအစဉ်ကို သုံးလို့မရစိတ်မရှည်ဖြစ်ခဲ့ရပါတယ်
ဆိုတာ အခုလိုရေးသားသူတစ်ယောက်ရဲ့ အတိဒုက္ခကို
သိနေလောက်ပါပြီ။
ဒါကိုပဲ ကျွန်တော်ပိုစ့်အောက်ကနေ ကောင်းပါတယ်ဆိုပြီး
Comment ရေးသူကို စိတ္တဇငကြောင်တစ်ယောက်ပါတကား
ဟု သဘောထားရုံမှအပ အခြားအကြောင်းမရှိတော့ပြီ.။
ကဲ . . တယ်လီနော့ရဲ့အစီအစဉ်ကို အခုလိုအကြမ်းအားဖြင့်
တွက်ကြည့်ပါ။
လူ 1 ယောက် = 2000 ကျပ်
လူ 1000000 သန်း ×2000= 2,000,000,000 သန်းရသွားပါပြီ
လိုင်းကောင်းကောင်းမကောင်းကောင်း
မြန်မာအင်တာနက်သုံးစွဲသူ လူတစ်သန်းထံကနေ မြန်မာကျပ်ငွေ
2,000,000,000 ကျပ်တိတိရသွားပါပြီ။
ဒါ့ကြောင့် အင်တာနက်သုံးစွဲသူများဖြစ်သော မိမိတို့အနေဖြင့်
မပြောပလောက်သော ငွေနှစ်ထောင်ကျပ်ကိုလည်း လွယ်လင့်
တကူ သူတို့ MESSAGE တွေ့ပို့လာတိုင်း မစစ်ဆေးမမေးမြန်း
ဘဲ ငွေမသုံးစွဲသင့်ပါဘူး။
ခရိုနီတွေနဲ့ပေါင်းသင်းပြီး ကြွယ်ဝသူများဆိုရင်တော့ ငွေ2000
ကျပ်က မပြောပလောက်ပါဘူး။ ကျွန်တော်အခု ဒိပိုစ့်ကိုရေး
တင်တာက ကိုယ်တွေ့နဲ့ကျွန်တော်လို လက်လုပ်လက်စား
ပြည်သူများအတွက်ရည်ရွယ်ပြီး အသိတရားဝေငှမိတာပါ။
1  - link
2 - link
https://www.facebook.com/692306014199968/photos/a.694172884013281.1073741828.692306014199968/867988979965003/?type=3
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး(ဝိဘဇ္ဇဝါဒီ)

No comments:

Related Posts Plugin for WordPress, Blogger...