Saturday 20 February 2016

ရှိဖို့ ထက် သိဖို့လိုတယ်

ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုယ်သူ “ကျွန်မဟာ မြန်မာနိုင်ငံရဲ့
လူထုခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်” လို့ ဘယ်တုန်းကမှ
မပြောခဲ့ပါဘူး။
သို့သော်လည်းပဲ မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာကြီးကပါ ဒီအဖွားကြီးကို
မူ“ လူထုခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်” လို့ သမုတ်
ထားကြတယ်။
ကျွန်တော် tourism တွေ့နဲ့ဆုံရင် နိုင်ငံခြားသားတိုင်းဟာ “ဒေါ်
အောင်ဆန်းစုကြည်” နာမည်ကိုတော့ ပြောပြောသွားကြတယ်။
ဒါ့ကြောင့်ပဲဖြစ်မယ် စာပေလေ့လာလိုက်စားမိကြတဲ့ မြန်မာနိုင်ငံသူ
နိုင်ငံသားတွေဟာဒေါ်အောင်ဆန်းစုကြည်ကို အားကျကြတယ်။
အဲဒီရဲ့နောက်ကွယ်မှာ ကျွန်တော်သတိထားမိတာက ထိုသူတွေဟာ
စစ်မှန်သောအားကျမှုကိုနားရည်မဝသေးဘူး လို့ သုံးသပ်မိတယ်။
အကျယ်ဝိတ္ထာရ အနည်းငယ်ချဲ့ရရင် . .. .
“ရှိဖို့ မလိုဘူး သိဖို့ လိုတယ်” ဆိုတာပါပဲ။
ကျွန်တော်အပါအဝင် အထက်ကပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
အားကျကြတဲ့သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်မှာရှိနေတဲ့ အသိပညာ
တတက်ပညာကို အားကျတုပလိုကြတာပါ။
သို့သော် ..
ကျွန်တော်တို့မှာ မရှိပါဘူး။ လုံးဝပေါ့နော်။
ဒီတော့က မရှိတဲ့ကျွန်တော်တို့တွေရဲ့ဘဝဟာ ဆုံးပါးသွားပြီလား?
မဆုံးပါဘူး။ လူတစ်ယောက်မှာ ရှိဖို့ထက် သိဖို့ကလိုပါတယ်။ သိပြီး
ရင်ကျင့်သုံးနိုင်ဖို့ကျိုးစားရပါတယ်။
ဘဝဆိုတာ ငွေနှင့်ရာထူးဆိုတာ ရှိနေရုံနဲ့မပြီးသေးပါဘူး။ အဲဒီအရှိ
တရားကို ကောင်းစွာအသုံးချနိုင်ဖို့လိုတာပါ။
ဒေါ်အောင်ဆန်းစုကြည် ပြည်သူတွေကို ပြောလေ့ပြောထရှီတဲ့စ
ကားတစ်ခွန်းက “ စာဖတ်ပါ” တဲ့။
ဟုတ်ပါတယ်။ အခုကျွန်တော်ပြောနေတာလည်း ရှိဖို့ထက်သိဖို့ဆို
ရာမှာစာဖတ်မှသိမှာပါ။ စာမဖတ်ဘဲသိနိုင်တယ်ဆိုတာ ရှားပါး
လွန်းလှပါတယ်။
ရှိလည်းရှိသိလည်းသိတဲ့ လူတစ်ယောက်အတွက်တောင် ပြည့်စုံ
သည်ဟုမဆိုသာသေး “ ကျင့်သုံးဆောက်တည်ရန်” ဟုခေါ်သော်
အားထုတ်မှုတစ်စုံတစ်ရာ လုပ်ရပါဦးမယ်။
ကိုယ့်မှာ “ မရှိသည် ဆိုစေဦးတော့ ” စာဖတ်ခြင်းအသိကရရှိလာ
သောgeneral knowledgeသည် ကိုယ့်အတွက် တန်ဖိုးမဖြတ်နိုင်
သော ရတနာတစ်ပါးပင်ဖြစ်ပါတယ်။
ဒီဆောင်းပါးဟာ လူငယ်တွေအတွကဒီ message လေးပေးရုံ
သက်သက်ပါပဲ။ အသိတရားဟာ စာပေကိုဖတ်ရှု့လေ့လာနိုင်မှ
ရမှာဖြစ်တဲ့အတွက်ဒီကနေ့ လူငယ်တွေ Facebook ပေါ်မှာ
စာဖတ်နေကြသလား? စာတွေမဖတ်သရွေ့ လူငယ်တွေရဲ့အနာ
ဂါတ်ဟာ လမ်းစပျောက်ဦးမှာဖြစ်သလို . . .
မြန်မာနိုင်ငံဟာလည်း ဆင်းရဲမွဲတွေမှုအာဏာရူးစနစ်အောက်က
လုံးလုံးလျားလျား လွတ်မြောက်ရန် လမ်းမရှိပါဘူး။
ဒါကို သိတဲ့အာဏာရူးတွေဟာ လူငယ်တွေကို စာမဖတ်နိုင်အောင်
ဖန်တီးထားကြပါတယ်။ လူငယ်တွေ စာဖတ်ဖို့ တုန့်ဆိုင်းနှောက်
နှေးအောင် စနစ်တကျ စီမံထားတဲ့ ဗျူဟာတွေရှိပါတယ်။
ဒီအထဲကမှ ထိုးဖေါက်ပြီး ကျွန်တော်တို့ကတော့ စာဖတ်ခြင်း
အနုပညာမျိုးစေ့ကို စိုက်ပျိုးကြဲချတာပါ။
ဒါ့ကြောင့် စာဖတ်မှသာလျှင် လူတစ်ယောက်အတွက် လုံလောက်
သောအသိတရားရရှိလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒေါ်
အောင်ဆန်းစုကြည်ကဲ့သို့ general knowledge မရှိခဲ့ရင်တောင်
ယင်းမရှိခြင်းကိုသိရှိပြီး မနောကံအားဖြင့်သော်လည်းကောင်း နိုင်ငံ
နဲ့လူမျိုးအတွက် စာရေးခြင်း စာဖတ်ခြင်း စတဲ့အလုပ်တွေလုပ်နေကြ
မယ်ဆိုရင်လည်း ယင်းအသိတရားဟာ လုံလောက်တယ်လို့ မှတ်ယူ
ရပါလိမ့်မယ်။
ဥပမာ ..
ဒါနဆိုတဲ့ Donor ပေးလှူနိုင်ဖို့ဆိုတာ ပေးလှူရန်ပစ္စည်းတစ်ခုခုရှိမှ
သာဖြစ်နိုင်မည်။ မရှိလျှင် မဖြစ်နိုင်ပေ။ ထို့တူ“နိုင်ငံနှင့်လူမျိုးအကျိုး
ကိုသည်ပိုးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အသိပညာများများ
တစ်စုံတစ်ခုအနည်းငယ်ရှိဖို့လိုအပ်မည်မဟုတ်ပါလော”
မဟုတ်ပါဘူး . . ။ မမှန်ပါဘူး။
ဒါနတွင် .. ကာယံဒါန ၊ ဝစီကံဒါန၊ မနောကံဒါနဟု သုံးမျိုးသတ်မှတ်
ထားပါသည်။နိုင်ငံနှင့်လူမျိုးအကျိုးကိုသည်ပိုးဆောင်ရွက်ရာမှာ
အုတ်တစ်ချပ်သဲတစ်ပွင့်သည်ကာယကံဒါနပါ။ အခုလို ကျွန်တော်
ဆေငာ်းပါးများ ကဗျားများရေးသားနေသည်ကလည်း ဒေါ်အောင်ဆ
န်းစုကြည်ကဲ့သို့ နိုင်ငံနှင့်လူမျိုးအကျိုးကို သည်ပိုးဆောင်ရွက်နေခြင်း
သည်လည်း ကာယကံမြောက်ဒါနတစ်ပါးတွင်အကျုံးဝင်ပါသည်။
ဖတ်သူရှိရှိ မရှိရှိ Like သူ ရှိရှိမရှိရှိ ရေးသားခြင်းနေခြင်းသည်ပင်
Dama Donor ဖြစ်နေပါသည်။
ယင်းဓမ္မအလှူသည် အခြားသောအလှူတို့ထက် သာ၍မြတ်သည်ကို
စာဖတ်သူတိုင်းသိကြပါတယ်။ ဒီလိုအသိနှင့် ကျွန်တော် စာတွေ
ရေးနေခြင်းပင်ဖြစ်ပါတယ်။
စာပေဟောပြောခြင်း သည် ဝစီကံ ဒါနဖြစ်ပါသည်။ ယင်းကံနှစ်ပါး
ဖြစ်သော ကာယကံ ၊ ဝစီကံ ဒါနနှစ်မျိုး မဆောင်ရွက်နိုင်ပါကလည်း
စိတ်မနောကံက နိုင်ငံနှင့်လူမျိုးအကျိုးကို ဒေါ်အောင်ဆန်းစုကြည်ကဲ့
သို့ ပြုလုပ်ချင်ပါက မနောကံဒါနပင်ဖြစ်ပါသည်။
ဒီနေရာမှာ လုပ်အားနဲ့လုပ်ဆောင်ချက် မတူမျှရင်နေပါစေ ၊ အဓိပ္ပါယ်
သက်ရောက်မှု ရှိနေတယ်ဆိုရင် Same to Same ပါပဲ။
သက်သေသာဓကအဖြစ် ကျမ်းဂန်ကိုးကားရပါမူ . . .
“ စိတ္တုပ္ပါဒမ္ပိ ခေါ အဟံ စုန္ဒ ကုသလေသု ဓမ္မေသု ဗဟူပကာရံ ဝဒါမိ၊
ကော ပန ဝါဒေါ် ကာယေန ဝါစာယ အနုဝိဓိယနာသူ ။”
“ ဒီမယ် ”
“ အမောင်စုန္ဒ ”
“ နိုင်ငံနှင့်လူမျိုးအကျိုးခေါ် ကုသိုလ်ကောင်းမှုကိုသည်ပိုးရာတွင် ”
“ကာယာကံမြောက် မသည်ပိုးနိုင်သည်ဆိုဦးတော့ ”
“ မင်းရဲ့ စိတ်ကလေးနဲ့ ကြံစည်ရုံမျှပင် များစွာသောအကျိုးရှိပါတယ်”
ကဲ . .. စာရှု့သူမိတ်ဆွေတို့ . .
လောကမှာ အရှိတရားထက် အသိတရားသည်ပဓာနတစ်ခုပင်မ
ဟုတ်ပါလား။ ယင်းအသိတရားရှိဖို့ စာဖတ်ရမည် ။ စာဟု ဆိုရာ
တွင်လည်းအနက်အဓိပ္ပါယ်ပေါ်လွင် ကုသိုလ်ဓမ္မကိုစည်ပင်စေ
သော စာကိုဖတ်မှသာလျှင် စာဖတ်သူအတွက် အကျိုးများပေမည်။
“ မိုးကြောပေးထားသော တိရိစ္ဆာန်တွေ သတ်ကောင်းတယ်”
“ စားကောင်းတယ် ” ဟူသော ပါဏာတိပါတာအားပေးတဲ့ စာမျိး
ကျမ်းမျိုးကို ဖတ်နေမည်ဆိုပါက ခက်ချေမည်။
ဒါ့ကြောင့် ကျွန်တော်တို့မှာ .. .
ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံနှင့်လူမျိုးအကျိုးကို မလုပ်နိုင်မ
စွမ်းနိုင် မသည်ပိုးနိုင်စေကာမူ .. .
အုပ်တစ်ချပ်သဲတစ်ပွင့် ဆိုသလို ကိုယ့်လမ်းကိုယ့်ရပ်ရွာကောင်း
ကျိုးကိုသည်ပိုးနိုင်ခြင်းဟာလည်းပဲ ကာယကံမြောက် စွမ်းဆောင်
သည်မို့ ထိုသို့ပြုလုပ်ခွင့်ရသော သူတစ်ယောက်အတွက် “ ဗဟူပရံ ”
မြောက်များလှစွာသော ကုသိုလ်ကောင်းမှုဟုဆိုအပ်သည့် အကျိုး
ကျေးဇူးများတိုးပွားမည်ဖြစ်ပါကြောင်း ဓမ္မအလင်းအလှူပေးလှုလိုက်
ရပါသည်။
ဤ ဓမ္မစာလွှာကို ရေးသားနိုင်ရန် ပါဠိစာပေများစဦးသင်ကြားပေး
ခဲ့သောကွယ်လွန်သူ ဖခင်ကြီး ဦးလှစံအား အထူး အာရုံပြုမိပါ၏။
ဤဓမ္မစာလွှာအား မည်သူမဆို လွတ်လပ်စွာ ဒါနပြုနိုင်ပါသည်။
Reference
သုတ္တာန်ပိဋကတ်၊
မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသကပါဠိတော် ၊
-၁-မူလပရိယာယဝဂ်၊ -၈-သလ္လေခသုတ်။ နှာ - 52
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)



No comments:

Related Posts Plugin for WordPress, Blogger...