Thursday 4 February 2016

သူခိုးခေတ်ကြီး ပပျောက်စေချင်သူ


ကျွန်တော် မြင်နေရတာ စိတ်မကောင်းဘူးဗျာ။
ကျွန်တော် အပင်ပန်းခံရိုက်ထားတဲ့ဓာတ်ပုံတွေကို
Faceboo ပေါ်မှာ Profile ပုံအဖြစ်ယူသုံးနေတာကို
တွေ့နေရပါတယ် ။
ထိုသူခိုးရဲ့လင့်ကို ကျွန်တော် အခုချိပ်လိုက်ရင် ထိုသူ
ခိုးအတွက် သိက္ခာကျစေမှာ မလွဲပါ။
သို့သော်လည်းပဲ ကျွန်တော် သူတစ်ဘက်သားကို
အမနပ အဆိုချင်ပါ။ အခုလို တင်ပြရတာကတော့
ဒီနေ့ခေတ်မြန်မာပြည်မှာ ခိုးယူသုံးစွဲတဲ့ ခရိုနီခေတ်
အာဏာရှင်ခေတ်မဟုတ်တော့ဘူးဆိုတာ သတိထား
မိစေချင် လို့ပါပဲ ခင်ဗျာ။
နောက်ပြီး ကျွန်တော့ဓာတ်ပုံတွေခိုးယူသုံးစွဲထားတဲ့
အကောင့်ပိုင်ရှင်များလည်း အခုစာကို ဖတ်ရ၍ အမြန်
ဆုံးပြန်လည်ဖျက်ပေးစေချင်ပါတယ်။
အချို့ဓာတ်ပုံတွေဟာ ဘယ်လောက်အထိ အသက်နဲ့ရင်းရတယ်
ဆိုတာကို သူခိုးများသိချင်ပါတယ်။ အသက်တင်မက ငွေကြေး
စိုက်ထုတ်ပြီး ပေးဆပ်ရပါသေးတယ်။
ကဗျာတွေလည်း . . . . ခိုး
ဓာတ်ပုံတွေလည်း . . . .. ခိုး
သံယ.ံဇာတတွေလည်း . . . ခိုး
ဒီလိုသာ ခိုးနေမယ်ဆိုရင် ထိုခိုးယူသုံးစွဲသူအတွက်
ကိုယ်ရည်ကိုယ်သွေးကျဆင်းစေပါတယ်။
ကျွန်တော်တို့လည်း မခိုးချင်လို့ ကိုယ်ရည်ကိုယ်သွေးကျ
ဆင်းမှာဆိုးလို့ ကိုယ်တိုင် အပင်ပန်းခံရိုက်နေရေးနေတာ
ပါ။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...