Wednesday 24 February 2016

မြန်မာပြည်မှာ လိုအပ်နေသောကွပ်လပ်တစ်ခု


ကားကြီးတွေမောင်းတဲ့သူတွေကို အသိပညာစာရိတ္တမဏ္ဍိုင်ကို
ပြုပြင်ပေးသင့်နေပါပြီ။ ဒါကို အသင်းအဖွဲ့အစည်းတစ်ခုခုက
လုပ်ပေးသင့်ပါတယ်။
အပြစ်မဲ့ပြည်သူတွေ သေနေတာ ကို စာနာစိတ်နဲ့ကျွန်တော်
တင်ပြတာပါ။
မြန်မာပြည်မှာ ဦစားပေးလုပ်စရာထဲတွင် ပြည်သူတွေကိုစာရိတ္တ
မဏ္ဍိုင် ကြံ့ခိုင်စေဖို့ စာဖတ်ခြင်း ၊ ပရဟိတနဲ့ ပါတီများမှ
သင်တန်းပေးဟောကြားပို့ခြခြင်းများပြုလုပ်သင့်ါတယ်။
အထူးသဖြင့်
ကားကြီးမောင်းတဲ့သူတွေကို (ကညန) မှာ လေးလတစ်ကြိမ်
စာရိတ္တမဏ္ဍိုင်နဲ့ပတ်သက်သော သင်တန်းများပို့ချခြင်းနှင့်
စာစစ်ဖြေဆိုခြင်းများပြုလုပ်သင့်တယ်ဟုကျွန်တော်ထင်မြင်
သုံးသပ်အကြံပေးလိုပါတယ်။
အခုနာမည်ကြီးနေတဲ့ ဦးကျော်သူတို့လို ပရဟိတသမားများက
သေမှကူညီနေမည့်အစား မသေခင် လူတွေရဲ့စာရိတ္တိမဏ္ဍိုင်
ပြုပြင်ကူညီရေးအသင်းအဖွဲ့များ ရှိသင့်နေပါတယ်။
နောက်ပြီး သိန်းရာနဲ့ပြီးရနေတဲ့ တရားဟောဓမ္မကထိကများ
လည်း ဒီကိစ္စကို အထူးပြုပြင်ရေးသင်တန်းအဖြစ်ပြုလုပ်သင့်
ပါတယ်။
ကျွန်တော်တို့ကတော့ လေပဲတက်နိုင်တဲ့ကောင်တွေဆိုတော့
အခုလိုပဲ လေးပဲပေးနိုင်ပါတယ်။
blog link

သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး(ဝိဘဇ္ဇဝါဒီ)

No comments:

Related Posts Plugin for WordPress, Blogger...