Friday 4 March 2016

BE VERY POOR


ကင်မရာအိပ်ကြီးရယ်၊ ထရိုင်ပေါ့စ်ရယ်၊ မိမိရဲ့ခန္ဓာကိုယ်အတ္တ
ဘောကြီးရယ်  . .. ယင်းသုံးခုကိုထမ်းပြီးနွေနေကိုကြောပေးကာ
တောင်ပေါ်ဆီသို့တက်ခဲ့ပါတယ်။
တောင်တက်အမော ၊ နွေနေ အပူ ၊ သည်နှစ်မူသည် ကျွန်တော့
အား များစွာ ဆင်းရဲစေခဲ့ပါတယ်။ ဒီအပူရှိန်စိတ်နဲ့ တောင်တက်
ခရီးကိုဆက်ခဲ့ရပါတယ်။
တောင်အလည်လောက်အရောက်မှာ ကိုယ့်ရှေ့ရဲ့မြင်ကွင်းကြောင့်
ကိုယ့်အပူထက် အဆများစွာပူလောင်နေသော အဖွားအိုရဲ့ဒုက္ခကို
မြင်လိုက်ရချိန်မှာတော့  . . ..
သြော်  ..  .
မြန်မာပြည်ဟာ1962 . ခုနှစ် ဦးနေဝင်းအာဏာသိမ်းပြီးသည့်နောက်
စစ်အာဏာရူးတို့၏အောက်မှာ ပြားပြားမှောက်ခံခဲ့ရသော နှစ်ပေါင်း
ခြောက်ဆယ်ကျော်ရဲ့ခရီးသည်များဟာ အတော်ပင် ဆင်းရဲ့လှပါ
ချေတော့လား  ..  .
ကျွန်ုပ်၏ နှလုံးသားတို့ ဆတ်ဆတ်ခုံနာကျင့်သွားသည်။ စောစော
က တောင်ပေါ်ကို တက်လို့ ပင်ပင်ဆင်းရဲသည်ဆိုသော မိမိ၏စိတ်
ခံစားမှုဝေဒနာအစား နေပူထဲမှာ ထိုင်တောင်းရမ်းနေရသောအဖွား
အို၏မြင်ကွင်းဝေဒနာက အလည်းထိုးဝင်ရောက်သွားလေသည်။
ကျွန်တော်အပူထက် သန်းပေါင်းများစွာသော ပြည်သူတို့ရဲ့အပူတွေ
ကို ကျွန်တော်မြင်ယောင်မိသွားသည်။ ပြည်သူတွေကို ကျွန်တော်
ချမ်းသာကြွယ်ဝစေချင်သည်။ သောက်ပြင်းကြလို့ငတ်ပြတ်တယ်
ဆိုတာဟာလည်း အစိုးရစနစ်ရဲ့ အားနည်းမှုလည်းပါနိုင်ပါသေး
သည်။ မည်သို့ပင်ဖြစ်စေ သူတပါးပူပင်သောက အတိဒုက္ခရောက်
နေသည်ကို စာနာတက်သော စိတ်သတ္တိသည် ဘုရားအလောင်း
သူတော်ကောင်းကြီးများ၏ ကရုဏာစိတ်ပင်မဟုတ်ပါလော။
ကံဟူသည် ယင်းစေတနာကိုပင်ဆိုလိုရင်းဖြစ်ပါသည်။ လောက
အတွက် မိမိအချိန်ကို အချီးအနှီးကုန်လွန်နေကြသော ညီငယ်ညီမ
ငယ်များအတွက် ကျွန်တော်ရိုက်မိသော ဓာတ်ပုံ ကျွန်တော်ရေးမိ
သော ဆောင်းပါးကဗျာ ကျွန်တော်ဆွဲမိသောပန်းချီကားတစ်ချပ်
သည် သံသရာခရီးအတွက် အလင်းရောင်တစ်ခုဖြစ်စေချင်ပါတယ်။
ဒီဆန္ဒစေတနာသတ္တိဖြင့် အခုလို အချိန်တွေကိုပေးဆပ်လှူဒါန်းမိခြင်း
ပင်ဖြစ်ပါသည်။
ဤကောင်းမှုကို Share သူဒါန ဝေကာမျှသည် နတ်လူသာဓုခေါ်
နိုင်စေ  .. .
5.3.2016 မန်းရွှေစက်တော်ခရီး  . .
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)


No comments:

Related Posts Plugin for WordPress, Blogger...