Friday 11 March 2016

အတ္ထကုသလသမ္မတကြီးမျိုးကို လိုလားပါကြောင်း


သူခိုးတွေ သမ္မတမလုပ်ကြပါတော့နဲ့ 
သူခိုးက သမ္မတလုပ်တော့ . ..  သူခိုးတွေ တက်အုပ်ချုပ်တော့
တိုင်းပြည်သယံဇာတတွေ တရုတ်လက်ထဲရောက်ခဲ့ရတယ်။
ပြည်သူပြည်သားတွေရဲ့ ဟာဒယဝတ္ထုမှာလည်းပဲ အသိတရားတွေ
ချို့ငဲ့ရတယ်။
အနတ္ထကုသလသမားတွေဟာ ကိုယ့်အကျိုးတိုင်းပြည်အကျိုးစီးပွား
နှစ်ရပ်ကို မသိဘူးလို့ဆိုတယ်။
အခုတော့ . .
အတ္ထကုသလသမားဖြစ်တဲ့ ဦးထင်ကျော် သမ္မတဖြစ်ပြီဆိုတော့ . . .
တရုတ်လက်ထဲရောက်သွားတဲ့ သယံဇာတတွေ ပြန်လုရတော့မယ်။
ဒါကိုပဲ ပိဋကတ်က အနတ္ထကုသလသမားလို့ ဆိုတယ်။

“ န ဝေ အနတ္ထကုသလေန၊ အတ္ထစရိယာ သုခါ ဝဟာ။
ဟာပေတိ အတ္ထံ ဒု.မ္မေဓော၊ ကဝိ အာရမိကော ယထာ”

(အန.တ္ထကုသလေန၊ တိုင်းပြည်နဲ့လူမျိုး မိမိနဲ့သူတစ်ပါးအကျိုးစွား
နှစ်ရပ်ကိုနားမလည်သောသူသည်။ အတ္ထ.စရိယာ၊ ချမ်းသာနှစ်ပါး
အကျိုးတရားကိုကျင့်ခြင်းငှာ။ န သုခါ . ဝဟာ၊ မစွမ်းဆောင်နိုင်ဘူး။
အာရမိကော၊ ဥယျာဉ်စောင့်ဖြစ်သော။ ကပိ ၊ မျောက်သည်။ အတ္ထံ၊
အကျိုးစီပွားကို။ ကရိဿမိတိ၊ ပြုအံ့ဟု၍။ အတ္ထံ၊ အကျိုးစီးပွားကို။
ဟာပေတိယထာ၊ ယုတ်စေသကဲ့သို့။ ဒု.မ္မေဓေါ၊ ပညာနည်းပါးသော
သူသည်။ အတ္ထံ၊ အကျိုးစီးပွားကို။ ဟာပေတိ၊ ယုတ်စေ၏။)

မျောက်ကို သစ်ပင်ရေလောင်းခိုင်းသလိုပဲ။
အနတ္ထကုသလသမားဟာ မိမိသူတစ်ပါးနှစ်ဦးစလုံးရဲ့အကျိုးစီးပွား
ကို မသိဘူး။ မြန်မာပြည်ဟာအနတ္ထကသလသမားတွေခေါင်းဆောင်
လုပ်ခဲ့တဲ့အတွက် ကြယ်ခေါင်ဆိုတဲ့ မြန်မာပိုင်နယ်မြေဟာ ဒီကနေ့
တော့ဖြင့် တရုတ်ပိုင်ဖြစ်သွားတယ်။
ဒီကိစ္စကိုတာဝန်ရှီတဲ့သူက အများသိကြတဲ့ ဦးနုပါပဲ။
နောက်စစ်တကောင်းနယ်ကိုလည်း ဦးနုက အိန္ဒိယကိုပေးလိုက်သေး
တယ်လို့ ဆိုတယ်။ ဒီကနေ့ ရခိုင်ပြည်နယ်မှာ ကုလားပေါတာ ဦးနုရဲ့
လက်ချက်လည်းပါတယ်ဆိုတာ သိတဲ့သူနည်းတယ်။
ဒါ့ကြောင့်တို့လည်း သိသလောက်ကို ရေးနေတာပါ။
အများကတော့ ဦးနုကိုလေးစားကြတယ်။ စာရေးသူကိုယ်တိုင်လည်း
ဒီကိစ္စတွေမသိခင်တုန်းက ဦးနုကိုလေးစားပါတယ်။ အခုတော့ရွံသွား
တယ်။
လေးစားဘူး။ ဘယ့်နှယ်ဗျာ။ ကြယ်ခေါင်ဆိုတဲ့နယ်မြေဟာကိုယ်
ပိုင်ပစ္စည်းမဟုတ်ဘူး။ ပြည်သူပိုင်နယ်မြေ။ ဒီလိုအများပိုင်ကို ကိုယ့်
သဘောနဲ့တရုတ်ကိုပေးလိုက်တာဟာ အလွန်မိုက်မဲ့တဲ့သူတစ်
ယောက်ပဲ။
ဒါ ဦးနုရဲ့ အနတ္ထကုသလ အလုပ်ပဲ။
ပုဂ္ဂလိကပိုင်နဲ့ အများပိုင်ဆိုတာရှိတယ်။ ပုဂ္ဂလိကပိုင်ဆိုတာကိုယ်
တစ်ဦးတည်းပိုင်တာမို့ ကိုယ်စိတ်တိုင်းကြစီမံခွင့်ရှိတယ်။ အများပိုင်
ဆိုတာကတော့ ကိုယ့်တစ်ဦးသဘောတိုင်းစီမံလို့မရဘူး။ အများ
သဘောကြအတိုင်းသာစီမံရတာပါ။
ဦးနုက ပြည်သူပိုင်အများပိုင်ကြယ်ခေါင်နယ်မြေကို တရုတ်လက်
ထဲကို ဝကွက်အပ်တာကို ထောက်ခံတယ်ဆိုတဲ့သူဟာ အတော်ကို
စက်ဆုပ်ရွံရှာဖွယ်ရာကောင်းတယ်။
ဒီစာကို သူ့သားသမီးများဖတ်ရရင် ဒီစာရေးသူကို ကြေနပ်မည်မထင်
စာရေးသူကတော့ အမှန်ကိုအမှန်တိုင်း သစ္စာဆိုက်အောင်ရေးရမှာပါ
ပဲ။ ဆရာအောင်သင်းပြောသလိုပေါ့။ အနာဂါတ်ကိုသစ္စာမဖေါက်
ချင်ပါဘူး။

ကဲ  .. ဒါ့ကြောင့်
သမ္မတဆိုတာ ပြည်သူ့ခိုင်းဘက်ပါဗျာ။ ပိဋကတ်ကိုလှန်ကြည့်ပါ။ မဟာသမ္မတဆိုတာပြည်သူရဲ့ ဆယ်ဖို့တစ်ဖို့ကိုပဲရတာပါ။သူက
အလုပ်မလုပ်ရဘူး။
သမ္မတဆိုတာ ပြည်သူကို ဘော်ဒိုဇာနဲ့မထိုးရဘူး။ ဘုရားတွေ
ကျောင်းကန်တွေကို မဖျက်ရဘူး။ သံဃာတော်တွေကိုမီးလောင်
ဗုံးနဲ့မထုရဘူး။ သမ္မတဆိုတာပြည်သူတွေရဲ့ ဘဝကိုပဲစောင့်ရှောက်
ရတယ်။
အဲလိုစောင့်ရှောက်တဲ့အတွက် ပြည်သူကသမ္မတကို ဆယ်ဖို့တစ်ဖို့
ပေးရတယ်။
ဒီအကြောင်း ငယ်ငယ်တုန်းက ဖတ်ဖူးတာပါ။ မြန်မာလိုဖတ်ချင်ရင်
သေက္ချတောင်ဆရာတော် ဦးတိလောကရေးတဲ့ ပဏ္ဍိတဝေဒနိယ
ကျမ်း ၊ နှာ 190 မှာရှိတယ်။ တစ်အုပ်မှ 3000ကျပ်လောက်ပဲရှီမယ်
ဝယ်ဖတ်။
ဒါ့ကြောင့်မြန်မာပြည်မှာ ရှေးကခေါင်းဆောင်သွားတဲ့သူတွေဟာ
အမျှော်မမြင်မရှိတော့ ကိုယ့်နိုင်ငံမြေဟာ သူများနိုင်ငံပိုင်ဖြစ်သွား
တယ်။
မြန်မာနိုင်ငံခေါင်းဆောင်တွေအကြောင်းက များများသိလေ စိတ်
ပျက်စရာကောင်းလေပဲ။
ကဲ 2016 ခုနှစ်အတွက်တော့ ကျွန်တော့အနေနဲ့ ပုဂ္ဂပညတ်စွဲမသုံး
ချင်ပါဘူး။ တိုင်းပြည်နဲ့လူမျိုးအကျိုးစီးပွားကိုရှေ့ရှု့နိုင်တဲ့
အတ္ထကုသလသမ္မတကြီးမျိုးကို လိုလားပါကြောင်း  . ..
Reference
သုတ္တံပိဋကတ်။ အဂုၤတၱနိကာယ၊
-၅- အတၳကာမဝဂၢ ၊ -၄၆- အာရာမဒူသကဇာတက


No comments:

Related Posts Plugin for WordPress, Blogger...