Sunday 6 March 2016

မကွေးမြို့ တာဝန်ရှိသူများသိရှိစေရန်


ဒီညောင်ပင်ကြီးမှာ ဆိုင်ကယ်ရပ်နားရာကန်ထရိုက် မပေးသင့်ပါ
ဘူးလို့ ထင်မြင်ယူဆပါတယ်။ ဆိုင်ကယ်များစနစ်တကျရပ်နား
နိုင်ရန်အခြားအရိပ်ရနေရာများလည်း ထိုအနီးအနားတွင်ရှိပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် ဒီညောင်ပင်ရဲ့အနားမှာ အိမ်တစ်လုံးရှိနေတာကို
ကညောင်ပင်ရဲ့ ပကတိအလှတရားကို အနှောက်အယှက်ပေးနေ
တာပါပဲ။
ညောင်ပင်မှာ သူနဲ့ဆိုင်တဲ့ နတ်ကွန်းမှအပ အခြားမလိုလားအပ်
သော ဗီနိုင်းစာများကိုလည်းမချိပ်ဆွဲသင့်ပါဘူး။
သစ်တစ်ပင်ရဲ့သယံဇာတအလှကို ဖျက်ဆီးပစ်တာနဲ့တူပါတယ်။
အများသိရှိစေရန် Share ပေးကြပါလို့တော့ တိုက်ရိုက်မတောင်း
ဆိုပါဘူး။ လူသားပိုင်သယံဇာတတို့၏အလှတရားများကိုထိမ်း
သိမ်းရန် လူသားဆန်သော သင့်မှာ တာဝန်ရှိသည်ဆိုတာကိုတော့
နားလည်စေချင်ပါတယ်။
Location . . . 6.3.2016 - မကွေးမြို့ ၊ မြသလွန်ဘုရားစောင်းတန်း
တောင်ခြေ
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)


No comments:

Related Posts Plugin for WordPress, Blogger...