Thursday 24 March 2016

INTELLECT ဉာဏစွမ်းအင်

မြန်မာနိုင်ငံမှာတော့ ခေါင်းမြီးခြုံမွတ်ဆလင် အမျိုးသမီးတိုင်း ကား
မောင်းတက်ပါက ကားမောင်းနေကြသည်ကို တွေ့မြင်နေတက်ပါ
သော်လည်း ဆော်ဒီခေါ်မွတ်ဆလင်နိုင်ငံတွေမှာ မွတ်ဆလင်အမျိုး
သမီးတစ်ယေက်ဟာ  “သေလောက်သော အကြောင်းပြချက်” ပင်ရှိ
နေစေကာမူ ကားမောင်းနှင်ခွင့်မရှိပါဘူး။
ယောက်ျားကသေလောက်အောင်မေ့မြောသွားလို့ မိန်းမဖြစ်သူက
ဆေးရုံကို အမြန်ကားမောင်းသွားတာကို သိတဲ့အတွက် ဥပဒေအရ
အဲဒီ ခေါင်းမြီးခြုံအမျိုးသမီးကို အရေးယူခံရတဲ့ဆိုတဲ့သတင်းလေးကို
လည်း ဖတ်ဖူးပါသေးတယ်။
ဒါ့ကြောင့် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သော မြန်မာနိုင်ငံမှာ မွတ်ဆလင်
ဘာသာကိုကိုးကွယ်သော အမျိုးသမီးဖြစ်ခွင့်ရတာဟာအလွန်ကို
ကံကောင်းပါတယ။် ဒါကို မြန်မာနိုင်ငံရှိ မွတ်ဆလင်အမျိုးသမီးထု
ကြီးက စဉ်းစားမိရဲ့လားဟု တွေးမိသည်။
ဒါကို သတိထားမိခြင်းအားဖြင့် ဗုဒ္ဓဝါဒရဲ့ မဇ္ဈိမလမ်းစဉ်ဟာ ကမ္ဘာ့
ဘာသာတွေထဲမှ နှစ်ထမ်းအကြာရှည်ဆုံးသော ဘာသာကြီးအ
ဖြစ်ရပ်တည်နေရခြင်းပင်ဖြစ်ပါတယ်။
ဗုဒ္ဓသည် သူ၏ဝါဒ၌ ပညတ်ချက်ဝိနည်းကို လိုက်နာရန်ညွှန်းကြား
မှုတွင် အထက်ကပြောခဲ့သလို ပုဂ္ဂလပညတ်စွဲအား စွန့်ပယ်တော်
မူထားသည်။ ကာလဒေ ပုဂ္ဂလအားလျှော်စွာ ဥပဒေတွေကိုထုတ်
ပြန်ထားသည်။ အစွန်းမထွက်သော ဥပဒေသများမို့ ဗုဒ္ဓဝိနယပိဋ
ကတ်ကြီးသည် ကမ္ဘာ့ဘာသာရေးသမိုင်းတွင် ကနဦးပေါ်ထွက်ခဲ့
သလို သူ့နောက်မှပေါ်လာသော မွတ်ဆလင်၊ခရစ်ယာန်စသော
ဘာသာများ၏ လွမ်းမိုးချယ်လှယ်မှုကိုမခံရခြင်းဖြစ်သည်။
ကြာသောပစ္စည်းသည် ဆွေးမြေ့ခြင်းဟောင်းနွမ်းခြင်း ပျက်ဆီး
ခြင်း စသော အနိစ္စ၏သဘောကိုခံရစမြဲပေ။ သို့တိုင်အောင် ဗုဒ္ဓ
ဘာသာသည် အထက်ဖေါ်ပြပါဘာသာများထက် နှစ်ငါးရာမက
စောပြီးတည်ရှိနေသော်လည်း အခုတိုင်အောင်တည်တံ့နေမြဲဖြစ်
သည်။
အဓိပ္ပါယ်ကား လောကကိုရှု့မြင်သုံးသပ်မှု ကျွမ်းကျင်လိမ္မာသော
ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုခေါ်ဉာဏ်အစွမ်းကြောင့်ပင်ဖြစ်သည်။
သဗ္ဗညုသည် သိမ်မွေ့နက်သောသဘောပင်ဖြစ်သကဲ့သို့ ယနေ့
ခေတ်သိပ္ပံပညာရှင်အသီးသီးက ပစ်ပယ်၍မရနိုင်သော ဉာဏ်ပင်
ဖြစ်သည်။
မျက်မှောက်ခေတ်သိပ္ပံပညာရှိကြီးများသည် လောကကိုလေ့လာ
နေကြသော်လည်း လောက၏နက်နဲမှုကြောင့် လောက၏သဘော
ကိုမသိနိုင်ခဲ့ပေ။
သဗ္ဗညုသည်ကား လောကထက်ပို၍နက်နဲသောကြောင့်ပင်ယင်း
လောကို သိနှင့်နေသည်။
လောဟိတဿနတ်သားဟာ လောကကိုကနဦးလေ့လာသူဟုဆိုရင်
မမှားပေ။ သို့သော်လည်း ယင်းလောကကိုလေ့လာခဲ့ရာတွင် ယနေ့
ခေတ်သိပ္ပံပညာရှင်ကြီးများကဲ့သို့ ပြီးပြည့်စုံအောင်မသိနိုင်ခဲ့ပါဘူး။
သဗ္ဗညုနဲ့တွေ့မှသာ လောကကိုပြီးပြည့်စုံအောင်သိရှိခွင့်ရသွားရှာ
ပါသည်။
ဆိုလိုသည်ကား လောကကိုလေ့လာရာတွင် အကူကရိယာတံဆာ
ပလာများထက် ဉာဏပစ္စည်းသည်သာပဓာနကြသည်။ ဉာဏစွမ်း
အင်ဖြင့်သာလျှင် လောကကို လေ့လာရာတွင် ပြီးပြည့်စုံသောသိနိုင်
စွမ်းကိုရမည်ဖြစ်သည်။
ဉာဏစွမ်းအင်ကိုရရှိရန်မှာလည်း လေ့ကျင့်မှုခေါ်ပေးဆပ်ခြင်းရှိမှသာ
ရမည်ဖြစ်သည်။ လွယ်လင့်တကူဖြင့် ဉာဏစွမ်းအင်ကို မည်သည့်
ပုဂ္ဂိုလ်မှမရပေ။
ဉာဏစွမ်းအင်ကြီးလျှင်ကြီးသလောက် ပေးဆပ်လေ့ကျင့်မှုပမာဏ
ဟာလည်း ကြာမြင့်ပင်ပန်းလှပေသည်။ အပြီးပြည့်စုံသောဉာဏစွမ်း
အင်တွင် သဗ္ဗညုတဉာဏစွမ်းအင်က အထွဋ်အထိပ်ပင်ဖြစ်သည်။
ထို့ကြောင့်လည်း လောကကိုခွဲခြားသိရှိရာတွင်လည်းယင်းသဗ္ဗညု
ဉာဏစွမ်းအင်မှပဲ ရသည်။ အခြားသောဉာဏစွမ်းအင်များက လော
ကကို ထဲထဲဝင်ဝင်မသိနိုင်ပေ။
သဗ္ဗညုသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ပေးဆပ်လေ့ကျင့်ရ
သော ဉာဏပစ္စည်းဖြစ်သည်။
သဗ္ဗညုဉာဏတွင် ကဏ္ဍသုံးခုရှိနေသေးသည်။
-၁- ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ဉာဏ်
-၂-ဒိဗ္ဗစက္ခု အဘိညာဉ်ဉာဏ်
-၃-အာသဝက္ခယအဘိညာဉ်ဉာဏ် တို့ပဲဖြစ်ပါတယ်။
-၁- ပုဗ္ဗေနိဝါသအဘိ၊ဟူသည်ကား။ ပုဗ္ဗေ၊ရှေး၌။ အတိတဇာတီသု၊
အတိတ်ဘဝတို့၌ ။ နိဝုတ္ထက္ခန္ဓာ၊နေအပ်ဖူးသော ခန္ဓာတို့ကို သိနေ
ခြင်းပင်ဖြစ်သည်။
ရှေးအတိတ်ဘဝပေါင်းများစွဖြစ်ခဲ့ဖူးသမျှကိုသိနေသောဉာဏပစ္စည်း
တစ်မျိုးပင်ဖြစ်သည်။ ဥပမာဆိုရပါမူ ဒီနေ့ခေတ်တွင် ကြားဖူးသော
လူဝင်စားတို့၏ဉာဏသဘောပင်ဖြစ်သည်။ သဗ္ဗညုတဉာဏပစ္စည်း
သည်ကား ထို့ထက်အဆပေါင်းများစွာ သင်္ချာကမ်းခပ်ကျယ်ဝန်းလှ
သည်။ သတ္တဝါတိုင်းရဲ့ ခန္ဓာများစွာကို အနှိုင်းမဲ့သိနေသောဉာဏ
ပစ္စည်းပင်ဖြစ်သည်။
သူသူငှာငှာတို့လည်း အတိတ်ဘဝကို အနည်းအများဆိုသလိုသိ
တက်ကြပေသည်။ သို့သော်လည်း သဗ္ဗညုတဉာဏပစ္စည်းလောက်
မည်သူမျှ မသိနိုင်ကြပေ။

-၂-ဒိဗ္ဗစက္ခုအဘိညာဉ်ဉာဏ်  ဆိုတာ . .. .
ဒိဝိ+ဘဝံ+ဒိဗ္ဗံ-နတ်ပြည်၌ဖြစ်သော ပသာဒစက္ခု၊နတ်မျက်စိကဲ့သို့
ဝေးသောအဆင်း သေးငယ်သောအဆင်းတို့ကို မြင်နိုင်သော ဉာဏ
ပစ္စည်းပင်ဖြစ်သည်။
Telescopes ၊ microscopes စတဲ့မှန်ဘီလူများထက် မရေမတွက်
နိုင်အောင်မို့  လောကနေလူများ လွယ်လင့်တကူ နားလည်သိရှိနိုင်
ရန်အတွက် ဒိဗ္ဗစက္ကုခေါ်နတ်မျက်စေ့လို့ တင်စားလိုက်တဲ့သဘောတ
ရားပါ။

-၃-အာသဝက္ခယအဘိညာဉ်ဉာဏ် ကတော့ . ..
အာသဝါနံ၊ အာသဝတရား တို့၏။ ခယဉာဏာယ၊ ကုန်ရာဖြစ်သော
အရဟတ္တဖိုလ်၌ ဖြစ်သောဉာဏ်ကို အာသဝက္ခယအဘိညာဉ်ဉာဏ်
လို့ ခေါ်တာပါ။
အဲဒီအာသဝတရားမှာလည်း လေးပါးခွဲထားသေးတယ်။
(၁) ကာမာသဝ၊ ကာမဂုံမှန်သမျှကို လိုလားတောင့်တာခြင်း
(၂)ဘဝါသဝ-ဘဝဖြစ်လေရာကို တက်မက်ခြင်း
(၃)ဒိဋ္ဌာသဝ၊ငါငါ့ကိုယ်ဆိုတဲ့ အယူမှားယွင်းတက်ခြင်း
(၄)အဝိဇ္ဇာသဝ၊သစ္စာလေးပါးကို မသိနားမလည်ခြင်း  တို့ပဲဖြစ်ပါ
တယ်။
ဒါ့ကြောင့် သဗ္ဗညုဉာတဉာဏစွမ်းအင်ဆိုတာ အလွန်ကိုနက်ရှိုင်းပါ
တယ်။ အခုပြောသွားတယ်ဆိုတာ သဘောလောက်နားလည်ရုံလေး
ရေးမိတာပါ။

ဗုဒ္ဓမြတ်စွာဟာ အဲလို အနှိုင်းမဲ့ သဗ္ဗညုတဉာဏပစ္စည်းစွမ်းအား
ကြောင့် လောကလူသားတွေကို လမ်းညွှန်မှုပြုရာမှာ သူမတူအောင်
ကျွမ်းကျင်လှပါတယ်။
ဗုဒ္ဓနောက်မှ ပေါ်ပေါက်ခဲ့တဲ့ ခရစ်ယာန်ဘာသာ ၊ မွတ်ဆလင်ဘာ
သာတို့မှာ ပါဝင်နေတဲ့ ပညတ်ချက်စကားလုံးများကိုလေ့လာကြည့်ပါ
ယင်းနောက်မှ ဗုဒ္ဓရဲ့ပညတ်တော်စကားများကိုယှဉ်တွဲကြည့်ပါ။
Open Mind စိတ်နဲ့လေ့လာကြည့်ရင် သဗ္ဗညုတဉာဏပစ္စည်းရဲ့
ဖြန့်ကျက်မှုတွေကို အခုစာရေးသူလို သိရှိပြီး ကြည်နူးသဒ္ဓါပွားမိ
မှာဖြစ်ပါတယ်။

ဤ ဉာဏစွမ်းအင်ဟူသော ဓမ္မအလှူကို စာရေးသူအား ပါဠိစာပေကို
စဦးသင်ကြားပေးခဲ့သောဖခင်ကြီး ဦးလှစံနှင့် ၃၁ ဘုံသားများအား
ဉာဏအလင်းရပါစေဟု ရည်ရွယ်ပါသည်။

ကျမ်းကိုး  .. .
ဘာသာဋီကာ (အရှင်ဇနကာဘိဝံသ)
ဒီဃနိကာယ၊သီလက္ခန္ဓဝဂ္ဂပါဠိ ၊သမညဖလသုတ်၊
ပါဠိ၊မြန်မာ၊အင်္ဂလိပ် အဘိဓာန် (တိပိဋက)
ပါဠိ၊မြန်မာ၊အင်္ဂလိပ် အဘိဓာန်(ဦးဟုတ်စိန်)
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး (အဂ္ဂမဟာအနတ္တဂုရုသြကသအနန္တစင်္ကြာဝဠာဆိတ်ဖြူ များရှင်)





No comments:

Related Posts Plugin for WordPress, Blogger...