Saturday 19 March 2016

အလီဘာ့ကြောင့် ရှုံးသနည်း


မြန်မာစပါးကြီးမြွေအောင်လှက . . . .
တိုက်ကွက်နည်းပညာကိုအားကိုးအထားထားပြုပြီး ပွဲသိမ်းအတွက်
အခြေအနေကိုသုံးသပ်နေတယ်။
အီဂျစ်မိုဟာမက်အလီက . . ..
ကမူးရှုးတိုးဆန်ချင်တယ် ပွဲသိမ်းအတွက် စိတ်ဆန္ဒစောနေတယ်။
အဲဒီမတူညီတဲ့ စိတ်စွမ်းအင်တစ်ခုဟာ
မြန်မာစပါးကြီးမြွေအောင်လှအတွက် အနိုင်ရလဒ်ဖြစ်ပြီး
အီဂျစ်မိုဟာမက်အလီအတွက် အရှုံးကျွေးရလဒ်ဖြစ်သွားတာပါ။
အားကစားဆိုတာ ကာယအား ဉာဏအားနှစ်ရပ်ထည်းနှင့်တင်
ဖန်တီးရတာမျိုးမဟုတ်ပါဘူး။ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာသမာဓိအင်
အားကလည်းပဲ 90 ရာနှုန်းကို လွှမ်းမိုးထားပါတယ်။


ကမ္ဘာမှာ ဘယ်အောင်မြင်မှုမျိုးမဆို စိတ်ဝိဉာဉ်ရဲ့အင်အားဟာ
90 ရာနှုန်းအရေးပါတယ်လို့ ကျွန်တော်တင်ပြချက်ကို ဘယ်ပညာ
ရှင်ကမှ ငြင်းဆိုမှာမဟုတ်ပါဘူး။


အနီးစပ်ဆုံး ဥပမာပေးရရင် မြန်မာနိုင်ငံရဲ့ အာဏာရှင်တိုက်ပွဲကို
ပဲ ကြည့်ပါ။ အာဏာရှင်ဟာပြည်သူကို နှစ် 60 ကျော် ဂုတ်ခွစီးခဲ့
တာပဲ။ ခေါင်းထောင်ထလာတဲ့ ပြည်သူ့ခေါင်းဆောင်မှန်သမျှကို
သတ်၊ထောင်ချ၊ ဘဝပျက်အောင်ဖန်တီးတယ်။ ဒီမူနဲ့နှိပ်စက်လာ
ခဲ့တာ နှစ်60 လည်းကျော်ရော 2016 မှာ ပြည်သူဟာအာဏာရုး
တွေကို အနိုင်ရလိုက်တယ်မဟုတ်လား။


ပြည်သူမှာ လက်နက်မရှိဘူးနော်။ အာဏာမရှိဘူး၊ငွေဆိုတဲ့ဓန
ဥစ္စာမရှိဘူး။ ထြိုပည်မှာမရှိတဲ့ လက်နက်အာဏာငွေဟာ အာဏာ
ရူးတွေထံမှာအားလုံးရှိနေတယ်။

သို့သော် . . အာဏာရူးတွေထံမှာ သမာဓိယုံကြည်ချက်မရှိဘူး။
အဲဒီသမာဓိစိတ်ဝိဉာဉ်ယုံကြည်ချက်ဟာ ပြည်သူထံမှာရှိနေတယ်။
နောက်တစ်ချက်က ကြံ့ခိုင်ရေးအသင်းသားတိုင်းမှာ ပြည်သူကိုဗဟို
ပြုသော သမာဓိယုံကြည်ချက် မရှိဘူး။ အန်အယ်ဒီဒေါင်းအသင်း
သားတိုင်းလိုလိုမှာ အာဏာရူးကိုရွံမုန်းတဲ့စိတ်နဲ့ပြည်သူကိုဗဟို
ပြုတဲ့စိတ်ဝိဉာဉ်တွေဟာရှိနေတယ်။ နှစ်ဘက်အသင်းသားတွေ
ရဲ့ အဖြူစိတ် capacitie ပမာဏာဟာ ကွားခြားခြင်တိုင်းကွာခြား
နေသလို ခေါင်းဆောင်ပိုင်းကိုပြန်ကြည့်ရင်လည်း ဒေါ်စုကြည်အ
စရှိတဲ့ခေါင်းဆောင်တွေဟာ ပြည်သူကို အနစ်နာခံလိုတဲ့ အဖြူ
စိတ် ပါရမီစိတ် capacitie ပမာဏက မြင့်မိုရ်တောင်နဲ့ မုန့်ညင်း
စေ့လောက်ကို ကွာခြင်တိုင်းကွာခြားနေတယ်။
ဒါ့ကြောင့် 2016 မှာ သမ္မတကြီးဟာ ပြည်သူအလိုကျဖြစ်သော
ပြည်သူရင်ဘက်ထဲက သမ္မတမျိုးဖြစ်တဲ့ ဦးထင်ကျော်ဆိုသူဟာ
ပြည်သူနဲ့ထိုက်တန်သော သမ္မတမင်းမျိုးဖြစ်ခဲ့ရတယ်။
အခု အလီနဲ့အောင်လှ ပွဲစဉ်ကလည်းပဲ ဒါပါပဲ။ အဓိကကြတဲ့
သမာဓိယုံကြည်ချက်စိတ်ဝိဉာဉ်ကို အောင်လှကနှလုံးသွင်းနိုင်
ခဲ့လို့ အလီရှုံးခဲ့ရတာပါ။
စကားစပ်လို့ပြောရရင် ကျွန်တော် ရေးသမျှ စာရိုက်သမျှဓာတ်ပုံ
ဆွဲသမျှ ပန်းချီကားတွေမှာ အတ္တကိုရှေ့တန်းမတင်ပါဘူး။ ရင်ထဲ
ကအဖြူစိတ်ဝိဉာဉ်ကို ချပြနိုင်ဖို့ကိုပဲ အားစိုက်ကျိုးစားလေ့ရှီပါ
တယ်။                              
နိဂုံးချုပ်ပြောရရင်  . ..
ဘယ်နေရာမှာပဲဖြစ်ဖြစ် မည်သည့်ကိစ္စရပ်ကိုပဲဆိုဆို တည်ငြိမ်တဲ့
စိတ်ဝိဉာဉ်သမားတွေကသာ အနိုင်ရလေ့ရှိပါတယ်။ ဒါ့ကြောင့်
မိမိတို့ရဲ့စိတ်ဝိဉာဉ်ကို ကျောက်တိုင်ကျောက်ခဲလိုတည်ငြိမ်အောင်
လေ့ကျင့်ပျိုးထောင်ရပါမယ်။ ပန်းပြားပင်လို လေပြေလေးတိုက်
ရုံနဲ့ မလှုပ်ခက်မိပါစေနဲ့။
အလီနဲ့အောင်လှတို့ရဲ့ ပကတိအရှိတရားမှာ သိပ့်ြံပီးကွာခြားတာ
မရှီပါဘူး။ အောင်လှကအရပ်သာပေမယ့် အလီက ကိုယ်အင်္ဂါ
တောင့်တင်းပါတယ်။ ပွဲစဉ်တစ်ရပ်လုံးမှာ နှစ်ယောက်စလုံးရဲ့
ပကတိအရှိတရားဟာ ညီမျှပါတယ်။ အဇ္ဈတ္တသဏ္ဍာန်ရဲ့တည်
ငြိမ်မှုမတည်ငြိမ်မူသာကွာခြားပြီး ယင်းသည်ပင် အလီကိုအရှုံးပွဲဖြစ်
စေခဲ့တာပါပဲ။
Blog link

သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး (အဂ္ဂမဟာအနတ္တဂုရုသြကသအနန္တစင်္ကြာဝဠာဆိတ်ဖြူ များရှင်)


No comments:

Related Posts Plugin for WordPress, Blogger...