Saturday 26 March 2016

ဝိပါက်တော်နှင့် ဗုဒ္ဓဝါဒ၏ အတုအယောင်များ


ဤဓမ္မအလင်းကို Share ခြင်းဖြင့် ပညာပါရီဖြည့်ဆည်းနိုင်
ပါသည်။
ဗုဒ္ဓဘာသာဘုရားက ဝဋ်ကျွေးမပြေဘူးနော်။ ဝဋ်ကျွေးပြေ
တဲ့ဘုရားက အလ္လာအရှင်မြတ်နဲ့ ခရစ်တော်တို့ပဲဖြစ်ပါ
တယ်။
အခုပြောနေတဲ့စကားဟာပါဠိတော်မှာ တိုက်ရိုက်ရှိပါတယ်။
“ သဗ္ဗေ သတ္တာ ကမ္မဿကာ ကမ္မဒါယာဒါ ကမ္မယောနိ
ကမ္မဗန္ဓု ကမ္မပ္ပဋိသရဏာ ၊ ယံ ကမ္မကရိဿန္တိ
ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ဒါယာဒါ ဘဝိဿန္တီ ”တိ
ကမ္မဿကာ၊ကံသာလျှင်မိမိဉ္စာရှိသည်။ ကမ္မဒါယာဒေါ၊ကံ
၏အမွေခံသည်။ ကမ္မယောနိ၊ကံသလျှင်အကြောင်းရှိသည်။
ကမ္မဗန္ဓု၊ကံသာလျှင်အဆွေအမျိုးရှိသည်။ ကမ္မပဋိသရ-
ဏော၊ကံသာလျှင်ကိုးကွယ်ရာရှိသည်။
ကလျာဏံဝါ၊ကောင်းသည်လည်းဖြစ်သော။ ပါပကံဝါ၊မ
ကောင်းသည်လည်းဖြစ်သော။ ယံကမ္မံ၊အကြင်ကံကို။ ကရိ-
ဿာမိပြုအံ့။ တဿ၊ထိုကောင်းသောမကောင်းသောကံ၏။
ဒါယာဒေါ၊ အမွေခံသည်။ ဘဝိဿမိ၊ဖြစ်အံ့။
ဒီလောက်ပါဠိတော်ကြီးမှာတိုက်ရိုက်ရှိနေတာတောင်ဘယ်
ဘုန်းကြီးကစတန့်ထွင်လိုက်သလည်းမသိဘူး ဝဋ်ကျွေး
တော်ပြေ တဲ့။ အဘယ လာဘမုနိ တဲ့။
ကံကံ၏အကျိုးကို ယုံကြည်စွာဟောကြားတော်မူသောဗုဒ္ဓ
မြတ်စွာ၏ ဂုဏ်ကျေးဇူးတော်များကို ဖျက်ဆီးကြတဲ့သူတွေ
ပါကလား  .. ။
တကယ့်သာသနာဖျက်တွေဆိုတာ ထိုပုဂ္ဂိုလ်တွေပါ။
ဒါ့ကြောင့်ဗုဒ္ဓဘာသာဝင်အစစ်များ ကိုယ်လုပ်တဲ့အကုသိုလ်
ကံကို ပြေချင်သပဆိုရင် အလ္လာအရှင်မြတ်နဲ့ ခရစ်တော်ကို
ပြောင်းကိုးကွယ်ကြပါလေ။
ဒီအကြောင်းတွေကို မြင်ရကြားရတိုင်းသာလိုက်ရေးပြရ
မယ်ဆိုရင် ခက်ပြီ။ ဗုဒ္ဓဝါဒဆိုတာ ယတြာချေလို့ ကြေတဲ့
ဝါဒမျိုးမဟုတ်ပါဘူး။ ဝဋ်ကျွေးဆိုတာလည်း ခြေလို့ကျေရိုး
ထုံးစံမရှိပါဘူး။ အတုလံအတုမရှိတဲ့ ဗုဒ္ဓကိုယ်တော်တိုင်ပင်
ဝိပါကဝဋ်ကျွေးကိုနောက်ဆုံးဘဝမှာ ပေးဆပ်ရခဲ့ရလို့ ပိဋ
ကတ်မှာ ဝိပါတ်တော် ၁၂ ပါးဆိုပြီးဟောထားတာရှိပါ
တယ်။
ဒ့ါကြောင့် အကျယ်ဝိတ္ထာရမရေးနိုင်တော့ပါဘူး။ ဗြဟ္မဏ
ဝါဒတွေကို မိမိတို့အိမ်ကဘုရားကျောင်းဆောင်တော်ပေါ်
ကနေ စွန့်ပစ်လိုက်ကြပါတော့။     
ဘုရားစေတီတွေသွား၍ နံက်စောစောကြီး ကျောက်ဆင်း
တုတော်လေးတွေကိုရေတွေလောင်းတယ်။ လာဘ်ခေါ်
ဘုရားလာဘမုနိဘုရားဆိုပြီးတော့ ဖင်ထောင်ဦးချတယ်။
ဝဋ်ကျွေးတော်ပြေဘုရားဆိုပြီး ကိုယ်လုပ်ထားတဲ့အကု
သိုလ်ကံတွေကို ပြေအောင်ဖင်ထောင်ဦးချတယ်။ စတဲ့
စတဲ့ အပြုအမူတွေဟာ သိပ့်ရှက်စရာကောင်းပါတယ။်
ဗုဒ္ဓဝါဒကို ဖျက်ဆီးပစ်နေတယ်ဆိုတာကို ကာယကံရှင်
ရဟန်းရှင်လူတို့သိစေချင်ပါတယ်။
လုပ်ဘုန်းကြီးအာဝါဒီဘုန်းကြီးတွေ ပြောတဲ့စကားနား
ယောင်နေကြတာဟာလည်းပဲ မိမိတို့ကိုယ်တိုင်ပင်လျှင်
general knowledge မရှိလို့ပါ။
ကိုယ်လုပ်လိုက်တဲ့ အကုသိုလ်အမှု ကုသိုလ်အမှုဖြစ်တဲ့
Action တွေမှန်သမျှဟာ ကိုယ့်အတွက် Reaction အဖြစ်
ပြန်ခံစားရတာပါ။
ကိုယ်က ဘုရားဖျက် ကျောင်းဖျက်သံဃာမီးလောင်ဗုံးနဲ့ထု
စတဲ့အကုသိုလ် Action တွေလုပ်ထားပြီးကာမှ ဘုရားဆင်း
တုမှာ ဝဋ်ကျွေးတော်ပြေဆိုတဲ့နာမည်ကပ်ထားရုံနဲ့ ဝဋ်
ကျွေးတွေ ပြေစတမ်းဆိုရင်ဖြင့် အခုစာရေးသူ ဒိုးကြီးကိုယ်
တိုင် လုပ်ပြချင်စမ်းပါတယ်။
အဲဒီလောက်အသိဉာဏ်ကာရကတွေနည်းပါးလွန်းတဲ့သူ
တွေဟာ စာပေအရာမှာအလွန်မတန်စာဖတ်အားနည်းပါး
ခြင်းအကြောင်းအရင်းပါပဲ။
ဗုဒ္ဓကိုယ်တော်တိုင် သူလုပ်ခဲ့တဲ့ အကုသလဝိပါက်တွေမေ
ကျေလို့ ပစ္ဆိမဘဝမှာတောင် အဲဒီဝဋ်ကျွေးကိုကျေအောင်
ပေးဆပ်လိုက်ရလို့ ဒွါဒသမ ဝိပါကဆိုပြီး အပါဒါန်ပါဠိတော်
မှာဟောထားတာရှိပါတယ်။ သို့သော်လည်းပဲ ဒီကနေ့
ခောတ်အချို့သောဗုဒ္ဓဘာသာဝင်တို့ဟာ လုပ်ဘုန်းကြီး
များရဲ့ဝါဒမှိုင်းတွေမိပြီးသကာလ ဖင်ပူးထောင်းထောင်၍
ဝဋ်ကျွေးကိုကျေအောင်ဆပ်သော နည်းစနစ်များရရှိနေကြ
ပါသည်။ ရှက်ဖွယ်ရာပင်တည်း။
ကမ္ဘာမှာ ဝဋ်ကျွေးပြေတဲ့ဘုရားဆိုလို့ နှစ်ဆူပဲရှိပါတယ်။
အလ္လာအရှင်မြတ်နဲ့ ခရစ်တော်တို့ကိုကိုးကွယ်ခြင်းပါပဲ။
ဒါ့ကြောင့် ဗုဒ္ဓဝါဒမှာ ကိုယ်လုပ်တဲ့ Action ကို ကိုယ်တိုင်ပဲ
တာဝန်ယူရပါတယ။် အဲလိုမှတာဝန်မယူခြင်ရင်တော့
အလ္လာအရှင်မြတ်နဲ့ ခရစ်တော်တို့ကိုသာကိုးကွယ်ပါတော့
ဟု ဆိုပါရစေ။
ယခုစာရေးသူ ဒီလိုဆောင်းပါးမျိုးတွေ များစွာရေးဖူးပါတယ်
အခုလည်း ဓမ္မအလင်းအလှူအဖြစ်ရေးလိုက်ပါသည်။

ဘုရားရှင်ပြန်လည်ပေးဆပ်လိုက်ရသောဝိပါက်တော်(၁၂)
(၁) ပဌမ ၀ိပါတ်တော်။
(မေး) ဥရုဝေဠ၊ တောဝမြိုင်ခွင်၊
ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်၊
အားကုန်ခန်းလို့။ ညှိုးနွမ်းရုပ်အင်၊
ပင်ပန်းရေး၊ ၀ဋ်ကြွေး ဘယ်ကြောင့်တင်။
(ဖြေ) ကဿဘုရား၊ ထင်ရှားပွင့်သော်၊
ဇောတိပါလ၊ နာမအကျော်၊
ပုဏ္ဏားမာန်တက်၊ နှုတ်မြွက်အာဘော်၊
ဝစီပြင်း ရှေးရင်း ၀ိပါတ်တော်။
(၂) ဒုတိယ၀ိပါတ်တော်။
(မေး) စိဉ္စမာဏ၊ မိန်းမစေကျွန်၊
ကိုယ်ဝန်ရှိသော ဆိုပြောအလွန်၊
လက်သယ်ထားလို့ ဘုရားကိုညွှန်၊
စွပ်စွဲခဲ့ အဘယ့် ၀ိပါက်ဝန်။
(ဖြေ) သောက်စားလွန်ကျူး၊ ယစ်မူးပျော်ရွှင်၊
သေသောက်သမား၊ ဖြစ်ငြားယခင်၊
ရဟန္တာမြတ်၊ ဆွမ်းရပ်သည်မြင်၊
အကျင့်ယုတ် ဖွင့်ထုတ် စွပ်စွဲအင်။
(၃) တတိယ ၀ိပါက်တော်။
(မေး) တိတ္ထိ စေခိုင်း၊ မိုက်ရိုင်း ဒုဿီ၊
ထင်ရောင် ထင်မှား၊ ပြုငြား သုန္ဒရီ၊
လူရှင်အပေါင်း၊ ယုံကြောင်းပွေလီ၊
ရှင်တော်ထွတ်၊ ဘယ်ဝဋ် ရှေးကမှီ။
(ဖြေ) မုနာဠိဟု၊ မည်ရှိလောင်းတော်၊
မောက်ကြွား မှောက်မှား၊ သောက်စားအပျော်၊
ရှင်ပစ္စေက ဗုဒ္စမြင်သော်၊
ဒုဿီဘဲ စွပ်စွဲ ၀ဋ်ကြွေးပေါ်။
(၄) စတုတ္ထ ၀ိပါက်တော်။
(မေး) သုန္ဒရီမိုက်၊ သတ်လိုက် သေရာ၊
တိတ္ထိအသင်း သတင်းလွှင့်ကာ၊
တပည့်များနှင့် ဘုရားကိုသာ၊
လူအများ ယုံမှား ဘယ်တွက်တာ။
(ဖြေ) လောင်းတော်ရသေ့၊ ပျော်မွေ့စံရာ၊
ရသေ့တဦး ဈာန်မြူးကွန့်လာ
ငြူစူစိတ်ဇော၊ မနောဣသာ၊
ကျင့်ယုတ်ကြီး၊ နှုတ်သီး ချွန်သည့်တာ။
(၅) ပဉ္စမ ၀ိပါက်တော်။
(မေး) ဝေဘာတောင်စောင်း ကျောက်မောင်းဆင်ကာ၊
ဒေ၀ဒတ်ယုတ် ခလုပ်အသာ၊
သူဖြုတ်ချလို့ ဗုဒ္ဓခြေမှာ၊
ကျောက်လွှာငြိ ဒဏ်ထိ ဘယ်ဝဋ်ပါ။
(ဖြေ) သူကြွယ်မျိုးဇာတ် ဖြစ်လတ်တုံချေ၊
ညီကို လှည့်စား ခေါ်သွားသလေ၊
ကျောက်နှင့်ဖိညှပ်၊ ထုသတ်ကြိတ်ချေ၊
ကျောက်ဝိပါတ်၊ အဆက်ပါခဲ့ပေ။
(၆) ဆဋ္ဌမ ၀ိပါက်တော်။
(မေး) ကျောက်လွှာထိပါး မြတ်ဖျားထွတ်တင်၊
တည်နေ၀ပ်ကိန်း သွေးစိမ်းအရှင်၊
ခြေမတော်ထဲ ကိုက်ခဲနာကျင်၊
ဝိပါက်ရင်း အလင်း ပြစေချင်။
(ဖြေ) သူငယ်ဖြစ်ခိုက် လမ်း၌ပျော်ရွှင်၊
ရှင်ပစ္စေက ဝေးမှအမြင်၊
ခဲနှင့်ပစ်လိုက် ထိခိုက်ခြေတွင်၊
သွေးယိုဆင်း၊ ရှေးရင်း ၀ိပါက်ပင်။
(၇) သတ္တမ ၀ိပါက်တော်။
(မေး) ဆွမ်းခံကြွမြန်း ထိပ်ပန်းဘုန်းကြွယ်၊
မုန်ကျဆင်ကြီး ခရီးအလယ်၊
ဒေ၀ဒတ်မိုက်၊ လွှတ်လိုက်ပြန်တယ်၊
ရင်ဆိုင်တွေ့၊ ဆင်ဝှေ့ ဘယ်ဝဋ်နွယ်။
(ဖြေ)ဆင်ထိန်းဆင်ကျောင်း အလောင်းဖြစ်တုံ၊
ရှင်ပစ္စေက လမ်းမအဆုံ၊
ဒေါသထားလို့၊ ပြစ်မှားသုန်မှုန်၊
ဆင်နှင့်တိုက်၊ ၀ဋ်လိုက် စေဘို့ကြုံ။
(၈) အဋ္ဌမ ၀ိပါက်တော်။
(မေး) ကျောက်လွှာခတ်လို့၊ သွေးဓာတ်ဆူပူ၊
ခြေမတော်ဦး ထွတ်ဖူးတဆူ၊
သွေးညိုကိန်းလို့ ကျိန်းဝပ်တော်မူ၊
ဇီဝက၊ ခွဲရ ဘယ်ဝဋ်ဟူ။
(ဖြေ) ပဒေသရာဇ်၊ မင်းဖြစ်စဉ်ဝယ်၊
မူးယစ်သောက်စား၊ ဖောက်ပြားမဖွယ်၊
လူရှင်လတ်လတ် ထိုးသတ် ပြန်တယ်၊
ဓားဝိပါက်၊ အဆက် သူကနွယ်။
(၉) န၀မ ၀ိပါက်တော်။
(မေး) သုံးလူထွတ်ဖူး၊ မြိုက်မှူးသျှောင်ကေ
ရံဖန်ခါလဲ ခေါင်းခဲပလေ၊
ဝေဒနာဝဋ် မလွတ်တုံချေ၊
ဘယ်ဝိပါက်၊ အဆက် ပါခဲ့ပေ။
(ဖြေ) ရှေးခါကပ်ဟောင်း မကောင်းကံဆော်၊
တံငါမျိုးဇာတ်၊ ဖြစ်လတ်လေသော်၊
ငါးတို့ဦးခေါင်း ထုထောင်းမြင်သော်၊
ဝမ်းမြောက်မိ၊ လိုက်ဘိ ၀ိပါက်တော်။
(၁၀) ဒသမ ၀ိပါက်တော်။
(မေး) ၀ါတော်ကပ်တော့ မာရ်နတ်နှိုးဆော်၊
ဝေရဉ္ဇာတိုင်း သမိုင်းအကျော်၊
မုယောဆွမ်းမို့ ကြမ်းကြမ်း ထော်ထော်၊
ဘုဉ်းပေးရ၊ ရှေးက ဘယ်ဝဋ်နော်။
(ဖြေ) မထင်မရှား၊ မျိုးသားဖြစ်တုံ၊
ရဟန်းတော်များ ဆွမ်းစားခိုက်ကြုံ၊
ဆွမ်းကြမ်းစားဟု၊ ပြစ်မှားဆိုပုံ၊
ဝစီထွက်၊ ၀ိပါက် တော်တဲ့ ယုံ။
(၁၁) ဧကာဒသမ ၀ိပါက်တော်။
(မေး)အထွတ်ဆုံးဟု သုံးလူ့မျက်မှန်၊
ခါးတော်ကိုက်ခဲ အသဲအသန်၊
ဝေဒနာများ၊ ခံစားရံဖန်၊
ဘယ်အကြောင်း၊ ကံဟောင်းထုတ်လို့ပြန်။
(ဖြေ) လက်ဝှေ့သတ်ကောင်း အလောင်း ဖြစ်သော်၊
ပြိုင်ပွဲဆိုင်ပွဲ နိုင်မြဲ အကျော်၊
နိုင်လျှင် ခါးရိုး ရိုက်ချိုးမြေပေါ်၊
အသတ်ကောင်း၊ ဇာတ်ဟောင်းဝိပါက်တော်။
(၁၂) ဒွါဒသမ ၀ိပါက်တော်။
(မေး)ဆဒ္ဒန်ဆယ်စီး အားကြီးလျင်မြန်
ဝမ်းတော်သွန်ငြား ရွှေအားမသန်၊
ခွေယိုင်နွဲ့လို့ မြန်းခဲ့နိဗ္ဗာန်၊                       
ဖြေစေကြောင်း၊ ကံဟောင်း သိဘို့ရန်။
(ဖြေ) ရောဂါကုစား၊သမားဥာဏ်ကျယ်၊
ရှင်သူဌေးသား ဆေးဝါးကုတယ်၊
ဆေးဖိုး မပေးလို့ ဟိုရှေးဘုန်းကြွယ်၊
ဝမ်းလားဆေး တိုက်ကျွေး ၀ဋ်ဟောင်းလယ်။
သတိပေး ဥယျောဇဉ်
ဝိပါကအရေး ကြောက်တွေးအစဉ်
ဘုရာသော်မှ မလွတ်ဘူး ဖြစ်အင်
ဒါကိုအများ သိထားစေချင်
ဗုဒ္ဓဝါဒ ယတြာမရှိပင်။
ကျမ်းကိုး . ..
သုတ္တံပိဋကတ်၊ အဂုင်္ုတ္တရိကာယ၊ ပဉ္စကနိပါတပါဠိ၊
-၁-နီဝရဏဝဂ္ဂ၊ -၇-ဌာနသုတ္တ
အပါဒါန်ပါဠိတော် ၊
ပါ။ ပ၊အုပ်၊ နှာ ၃၄၆
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး(အဂ္ဂမဟာအနတ္တဂုရုသြကသအနန္တစင်္ကြာဝဠာဆိတ်ဖြူ များရှင်)

No comments:

Related Posts Plugin for WordPress, Blogger...